Monday, January 30, 2012

ကျွန်တော်ဖတ်မိရာများ


  1. ဆရာအတင်မှားက အပါယ်လားနိုင်သည်

  2. သာသနာဖျက် မိုးပြာဂိုဏ်း၏ နိဂုံး

  3. တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၃ -

  4. တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၂ -

  5. တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၁ -

  6. လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်

  7. မှန်ကန်သော အသက်မွေးမှု ပြုနိုင်ပါစေ

PM:ကျွန်တော်ရှယ်ယာလုပ်သောစာများသည် ကျွန်တော့ထံတွင်လည်းတာဝန်ရှိသည်။


ဆရာအတင်မှားက အပါယ်လားနိုင်သည်

ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြ၀ါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏
သြ၀ါဒတစ်ခုကိုနာကြားရပါသည်။ "ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့
တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား
မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့
မသင့်ဘူး" ဟု နာကြားရပါသည်။ ထို့ပြင် ဆရာတော်ဘုရားသည် တပည့်များကိုလည်း
ဤသို့ဆုံးမတတ်ပါသည် "မင်းတို့တွေ တချိန်မှာ ပလ္လင်ပေါ်တက်တော့မယ်ဆိုရင် မတက်ခင်
ကတည်းက ပိဋကတ်စာပေတွေကို သေချာလေ့လာ၊ လေ့လာပြီးမှပြောသေချာလေ့လာခြင်းမရှိဘဲ
နောက်မှ မှားသွားပါတယ်ဆိုတဲ့ ဆင်ခြေကိုမပေးနဲ့" ဟု အမြဲဆုံးမလေ့ရှိပါသည်။

မှန်ပါသည်၊ မည်သူမှ အမှားနှင့်မကင်းဟူသော စကားကို စာရေးသူ လက်ခံပါသည်၊ သို့သော်လည်း
ဓမ္မကထိက ဆရာတော်၏ အမှားသည် စေတနာအမှားပင် ဖြစ်စေကာမူ လူပေါင်းမြောက်များစွာ
အယူအမြင်တွေ မှားသွားနိုင်ပါသည်။ မပြစ်မှားသင့်သူကို ပြစ်မှားနိုင်ကြသည်။ ဘုရားရှင်က
သတ္တ၀ါများအားသံသရာဝဋ်ဒုက္ခမှ ကယ်တင်ရန်အတွက် ထားရစ်ခဲ့သည့် တပည့်သားကြောင့်
သတ္တ၀ါအများ အပါယ်သို့ချည်း သွားကြရမည်ဆိုပါလျှင် ခုတ်ရာတခြား ရှရာတစ်ခြား၊
ခါးတောင်းကျိုက်တလွဲ တင်တလွဲဖြစ်ပေတော့မည်။ မိုးကုတ်ဆရာတော်ကြီး ဆုံးမတော်မူသည့်
"ဆရာမှားပါက တပည်အများမှာ တသံသရာလုံးမှောက်သွားနိုင်သည်" ကို
သတိပြုဆင်ခြင်သင့်ပါ၏။

ဤတွင် စာရေးသူ အကြိမ်ကြိမ်အခါ နာကြားနေမိသော ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်ကို ထုတ်နုတ်ဖော်ပြချင်ပါသည်၊ မိမိကိုယ်တိုင်လည်း
အထပ်ထပ်နားကြားပါသည်၊ စာရေးသူနှင့် နီးစပ်ရာ ဒကာ ဒကာမ မိတ်ဆွေအပေါင်းအသင်း
တို့ကိုလည်း လက်လှမ်းမှီသမျှ ဖြန့်ဝေ၍ နားကြားစေခဲ့ပါသည်။ ဤနေရာတွင် "တရားသိလျက်
အကျင့်ခက်" ဟူသော တရားတော်ထဲမှ စာရေးသူပေးချင်သော မက်ဆေ့ကိုသာ
ကောက်နှုတ်ဖော်ပြအံ့..

"ရဟန်းတစ်ပါးအနေနဲ့ စာသင်လိုက်လို့ ဘာစာမေးပွဲတွေအောင်တယ်၊ ဘွဲ့ထူး ဂုဏ်ထူးတွေရတယ်
စာပေတွေတတ်လာတယ်လို့ နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့
ဒကာ ဒကာမတွေများလာတယ် များလာတော့ လာဘ်လာဘတွေ များလာတယ်၊ များလာတော့
စိတ်ကြီးဝင်လာတယ်၊ ပုထုဇဉ်တို့ရဲ့ သဘာဝအတိုင်း မာန်မာနတွေ ဖြစ်လာတယ်၊ သင်ထားတဲ့
စာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေပေါလာတယ် လာဘ်လာဘတွေပေါလာတာကို
အကြောင်းပြုပြီးတော့ ငါသိတယ် ငါတော်တယ် ငါတတ်တယ် ဘေးကလည်းဝိုင်းပြီးမြှောက်
တာတွေ ပါလာတဲ့အခါကျတော့ မာန်တက်လာတယ်တဲ့ မာန်တက်လာပြီဆိုကတည်းက
သိတော့သိပြီ မကျင့်တော့ဘူး အောက်ချေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်သတတ်တုံး
ဆိုရင် ပြောချင်ရာပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိတ်သတ်က လက်ခံနေတယ်
ဆိုရင် ပြောချင်ရာပြောတယ် သူလုပ်သမျှပရိတ်သတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်
တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတယ်"

ဆရာတော်ဘုရားသည် အထက်ပါတရားတော်ကို အကြောင်းမဲ့ဟောကြားခြင်းမျိုးမဟုတ်ပါ၊
ယခုအခါသာသနာအတွင်း၌ ပေါ်ပေါက်နေသော ဟောချင်ရာဟော ပြောချင်ရာပြောနေသော
ပုဂ္ဂိုလ်အချို့ကြောင့်သာသနာအရေးကို စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် ဟောခြင်း
ဖြစ်ကြောင်း ထင်ရှားပါသည်။
ဆက်ပါဦးအံ့….

"မြတ်စွာဘုရားသာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှုရှိတယ်၊
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်းလေ့လာသိရှိဖို့ လိုတယ်၊ ထိုသိရှိထားတဲ့အတိုင်း တရားနာ
ပရိတ်သတ်တွေ မိမိရဲ့ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လို့တယ်၊ အဲဒီလို မဟုတ်ဘဲ
ဘုရားဟောတဲ့တရားကို မဟောဘူးလို့ ပြောမယ်၊ မဟောတာကိုတော့ အဟောလုပ်ပြီး ပြောမယ်
ဆိုလို့ရှိရင် မမှန်ကန်တော့ဘူး၊ မမှန်ကန်ရုံတင် မကဘူး အဂုင်္တ္တရနိကာယ်မှာ မြတ်စွာဘုရား
ဘုရားက ဟောထားတာ ရှိတယ်..

နံပါတ် - ၁ - ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ

လူအများအကျိုးစီးပွါးမဲ့အောင် ပြုလုပ်ရာရောက်တယ်၊

နံပါတ် - ၂ - အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ များစွာဖြစ်ပွါးစေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊

နံပါတ် - ၃ - မြတ်စွာဘုရားဘုရား သာသနာတော်ကြီးကို ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်၊

ဘုရားဟောတာကို မဟောဘူးလို့မပြောမိဖို့၊ ဘုရားမဟောတာကိုတော့ အဟောလုပ်ပြီး မပြောမိဖို့
ဓမ္မကို အဓမ္မလို့ မပြောမိဖို့ အရေးကြီးတယ်၊ လောကလူတွေက မာန်မာနတက်လာတဲ့အချိန်မှာ
ပြောလို့မရဘူး၊ ဒါအမှန်ဘဲ စီပွါးတွေတက်လာလို့ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဆုံးမလို့
မရဘူး၊ ရာထူးတွေ သိပ်မြင့်နေရင်လည်း ဆုံးမလို့မရဘူး လူတွေဟာ တခုခုအောင်မြင်ပြီဆိုရင်
ဘယ်သူပြောတာမှ သိပ်ပြီးနားမထောင်ချင်ဘူး"

စာရေးသူ မြင်တွေ့နေရပါသည် နာမည်လေးတလုံးရလာတဲ့ပုဂ္ဂိုလ်အချို့ ဘုရားဟောတဲ့တရားကို
မဟောဘူးလုပ်၊ ဘုရားမဟောတာကိုတော့ အဟောလုပ်၍ ဟောပြောနေသော ပုဂ္ဂိုလ်အချို့အား
အမှားကိုထောက်ပြဝေဖန်လျှင် မိမိဟောသော တရားမှန်ကြောင်း သေချာစွာ ဖြေရှင်းနိုင်စွမ်းမရှိဘဲ
စွပ်စွဲပုတ်ခတ်ကြပါသည်၊ ထိုပုဂ္ဂိုလ်ပါမကသူ၏ နောက်ပါတပည့်အပေါင်းပါတို့သည်လည်း
ထိုကဲ့သို့ပင် ငါ့ဆရာပြောတာပဲ အမှန် ငါ့ဆရာဟောတာပဲ အဟုတ် ဟုဆိုကာ မှန်ကန်သော
အထောက်အထားဖြင့် ထောက်ပြဝေဖန်သူများကို ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိဘဲ စွပ်စွဲပုတ်ခတ်ကြ
ပါသည်၊ ၀ိနစ္ဆယ ဆုံးဖြတ်တော်မူကြသော ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်အပေါင်းကိုပင်
ကဲ့ရဲ့ရှုတ်ချတာတာကိုပင်တွေ့ဘူးပေ၏။ စာရေးသူကိုယ်တိုင် အကြိမ်ရာထောင်မက ကြုံဘူး
နေပါသည်၊ ထိုကဲ့သို့ စွပ်စွဲပုတ်ခတ်မှု့များကို အနည်းငယ်မျှ ဂရုမထားနိုင်ပါ၊ ဓမ္မကို ထုတ်ဖော်
တဲ့အခါမှာ အဓမ္မကို လက်ခံကျင့်သုံးနေကြသူအဖို့ လက်မခံနိုင်ကြသည်မှာ ဓမ္မတာသဘောတရား
ပင်ဖြစ်၏။ စာရေးသူသည် ဘုရားသားတော်ဖြစ်ပါသည်၊ ဘုရားပေးတဲ့ အ၀တ်ကိုဝတ်၊
ဘုရားပေးတဲ့ နေရာမှာနေ၊ ဘုရားကျွေးသော ဆွမ်းကိုစားပြီး ဘုရားရှင်ထူထောင်ခဲ့တဲ့သာသနာ၊
ဘုရားရှင် ဟောကြားခဲ့သော ဓမ္မ များထဲ အမှိုက်များဝင်ရောက် မရောနှောအောင်
တတ်စွမ်းသမျှကာကွယ်ဖို့ရန်မှာ ဘုရားသားတော်တို့၏ တာဝန်သာဖြစ်ပါသည်၊

စာရေးသူတို့ရဟန်းတော်(ဘာသာရေးခေါင်းဆောင်)များသည် စင်စစ်အားဖြင့် သာသနာ
ပြုဖို့အတွက်သာ သာသနာဆိုင်ရာ ပညာတို့ကို သင်ယူခဲ့ခြင်းဖြစ်ပါသည်။ အမျိုးဘာသာ သာသနာ
အတွက် ကောင်းကျိုးပြုဖို့အတွက်သာ မိဘဆရာသမား၊ ဒကာ ဒကာမများက စောင့်ရှောက်
ကျွေးမွေး ပညာတွေသင်ပေးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် သာသနာအတွင်းသို့ အမှိုက်များ
ဝင်မလာအောင် သန့်ရှင်းတည်တန့်အောင် လုပ်ဖို့က ဘာသာရေးခေါင်းဆောင် ရဟန်းတော်
အားလုံး၏ တာဝန်သာဖြစ်ပါသည်။

ကဿပ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာကျန်ရစ်ခဲ့အချိန်လေးမှာ သာသနာ
ကိုကြည်ညိုသော မိသားစု တစ်စု သာသနာအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်၊ သာဓိနီ
အမည်ရသော မိခင်ကြီး၊ သာဏမည်သော အကိုကြီး၊ ကပိလ မည်သော ညီဖြစ်သူနှင့်
တာပနာ - မည်သော ညီမဖြစ်သူတို့ အကျွတ်တရားရကာ သာသနာအတွင်းသို့ ၀င်ရောက်
လာကြပါသည်။ ထိုအထဲတွင် အသက်အရွယ်လေးရလာသော အကိုကြီးဖြစ်သူသည် တောရ
ဆောက်တည်ပြီး ကမ္မဌာန်းတရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါသည်
ညီဖြစ်သော ကပိလ သည်လည်း ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်လာပါသည်၊

စာတတ်လာတဲ့ အခါမှာတပည့်ပရိတ်သတ်တွေ များလာတယ်၊ ကြည်ညိုကိုးကွယ်တဲ့ ဒကာ
ဒကာမတွေများလာတယ် ဒါတွေကိုအကြောင်းပြုပြီး တရားကိုသိပြီးကျင့်ရမယ့်အစား
မကျင့်ကြံတော့ဘဲ ပညာမာန်တွေတက်လာပါတယ်၊ မာန်တွေတက်လာပြီး ကျန်တဲ့ရဟန်း
တွေအပေါ်မှာ အထင်သေးအမြင်သေးဖြစ်လာတယ် သူ့လောက်မတတ်ဘူး၊အလကား
နလပိန်းတုံးတွေ ဆိုပြီး ဆဲရေးလာပါတော့တယ်၊ ကပိလ ဟာ သူများတွေကို အထင်သေး
အမြင်သေးဖြစ်လာပြီးတော့ မောက်မာလာတယ်၊ မောင်ဖြစ်တဲ့ ကပိလ ရဟန်းဟာ
စာတတ်တော့ နှမဖြစ်သူ တာပနာ ဟာ ဂုဏ်ယူတယ်၊ အမေဖြစ်သူ သာဓိနီ ကလည်း
သူ့သားအတွက် ဂုဏ်ယူမဆုံး ဖြစ်လာတယ်၊ နှားတောင်းရောင်ကြောင့် ပါးပြောင်ပြီး
သူတို့ကပါ မာန်မာနတွေ တက်လာတယ်။

ကပိလ ဟာ မာန်မာနတွေတက်လာပြီး တခြားရဟန်းတွေအပေါ်မှာ ရှုံ့ချဆဲရေးတိုင်းထွာ
လာတယ်၊ အဲဒီလို ဖြစ်လာတဲ့အခါမှာ ရဟန်းကောင်းတို့က "ကိုယ်တော် စာတတ်ပေတတ်
ဖြစ်ရဲ့နဲ့ အဲဒီလို ဆဲရေးခြင်း၊ အထင်သေးအမြင်သေးလုပ်တာတွေကို မလုပ်ပါနဲ့"
ဆိုပြီး ၀ိုင်းဝန်းဆုံးမကြပါတယ်၊ ဒါပေမယ့် ကပိလ ဟာ မနာခံတဲ့အပြင် အဆုံးစွန်ထိ
မိုက်ဇာတ်ခင်းလာပါတယ်။ ဘုရားမဟောတာကို အဟောလုပ်ပြောတယ်၊ ဘုရားဟောတာ
ကိုကျတော့ မဟောဘူးလို့ပြောလာတယ်၊ ဓမ္မ ကိုလည်း အဓမ္မလို့ ပြောချင်ပြောတယ်၊
အဓမ္မကိုလည်း ဓမ္မလို့ ပြောချင်ပြောတယ်၊ ရဟန်းကောင်းတွေကလည်း ဆုံးမ၍မရတဲ့
အခါမှာ အကိုကြီးဖြစ်သူ ရဟန္တာကိုယ်တော်မြတ်ကြီးကို အရှင်ဘုရားရဲ့ညီအား ဆုံးမပေးဖို့
တောင်းပန်လျှောက်ထားကြပါတယ်။ ရဟန္တာဖြစ်သော အကိုကြီးက သုံးကြိမ်တိုင်တိုင်
ဆုံးမပေမယ့်လည်း မနာခံပဲ လုပ်မြဲဆက်လုပ်တော့ အကိုကြီးဖြစ်သူကလည်း လျစ်လျူရှူ့သွား
ပါတယ်၊ ကပိလ ဘယ်လောက်ထိ ဆိုးလာသလဲဆိုရင် ဒီတရားတွေဟာ အလကားပဲ
ဝိနည်းတရားတွေဆိုတာ အပိုတွေ ကျင့်နေလည်း အလကားပဲ ဆိုပြီး
တရားရဲ့အပြစ်တွေကိုပြောပြီး ကဿပမြတ်စွာဘုရားရဲ့သာသနာကို ကွယ်အောင် လုပ်လာပါတယ်၊
ဂုဏ်သတင်းကြီးတဲ့ပုဂ္ဂိုလ်ဖြစ်သိအတွက် သူ့နောက်ကလည်း ကိုးကွယ်တဲ့ ဒကာ ဒကာမတွေ
လိုက်ကြတယ်၊ အဓိက ကတော့ သူ့အမေ နဲ့ သူ့နှမတို့ဟာ သူပြောတာ ဘာမဆိုအမှန်ပဲ
သူလုပ်သမျှ အဟုတ်ပဲ ဆိုပြီးလိုက်ကြတယ်၊ ကပိလ သေတဲ့အခါမှာ ဘယ်ရောက်သွားသလဲ
ဆိုရင် အ၀ိစိငရဲသို့ ကျသွားပါတယ်၊ သူ့ကိုအားပေးအားမြှောက်ပြုပြီး အလိုတူအလိုပါဖြစ်တဲ့
မယ်တော်ဖြစ်တဲ့ ဘိက္ခူနီ၊ နှမတော်ဖြစ်တဲ့ ဘိက္ခုနီ နဲ့တပည့်အပေါင်းအပါတို့ဟာလည်း
အ၀ိစိငရဲအထိ လိုက်လံအားပေးကြပါတယ်။

ဤတွင် စာရေးသူ တင်ပြချင်သည်မှာ ကပိလ ရဟန်းသည် သိရက်နဲ့မိုက်ခြင်းသာဖြစ်ပါတယ်၊
မယ်တော်နှင့် နှမတော်တို့မှာ သား နှင့် မောင် ဟူဟော အစွဲကြောင့် ပျက်စီးခြင်းသို့
ရောက်ပါတယ်၊ ကြည်ညိုကိုးကွယ်သော ဒကာ ဒကာတို့သည်ကား မသိနားမလည်မှု့နှင့်အတူ
ဂုဏ်သတင်းကြီးတာကို ဖက်တွယ်လျက် ဆရာမှားကို ချဉ်းကပ်မိသောကြောင့် ပျက်စီးခြင်းသို့
ရောက်ရသည်မှာ ထင်ရှားလှပါတယ်။
စာရေးသူပြောလိုသည်မှာစာဖတ်သူတို့အနေနဲ့ ဓမ္မကို ရှာဖွေတဲ့အခါမှာ ဆရာစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို့
အရေးကြီးလှပါတယ်၊ မှန်ကန်သောဓမ္မ၊ စစ်မှန်သော တရားဟုတ်မဟုတ် စမ်းစစ်တတ်ရပါတယ်၊
တရားစစ်မစစ်ကို ဘုရားဟောတော်မူသော ပိဋကတ်ဟူသော ဓမ္မပေတံဖြင့် တိုင်းတာ၍ ရနိုင်
ပါသည်၊ ဘုရားဟောနှင့်ညီညွတ်ခြင်းမရှိပါက အဓမ္မပါပဲ။
ထိုအဓမ္မကို မသိနားမလည်မှုနဲ့ ဆုပ်ကိုင်ထားမိရင် အပယ်ငရဲသို့ ကျရောက်နိုင်ပါတယ်။
ယခုခေတ်အခါ ပိဋကတ်သုံးပုံဆိုသော ဘုရားဟောတရားတွေကို အင်တာနက် မှာလည်း
အလွယ်တကူရရှိနိုင်ပါသည်၊ မစွမ်းနိုင်ပါက တတ်ကျွမ်းနားလည်သော ဆရာတော်များထံသို့
ချဉ်းကပ်၍ မေးမြန်းပြီး သေချာစွာလေ့လာသင့်ပါသည်။ မှန်ကန်စွာလေ့လာပြီး မှန်မှန်ကန်ကန်
ကျင့်မှသာလျှင် ဗုဒ္ဓဘာသာဝင်တို့ ရည်မှန်းသောထွက်မြောက်ရာလမ်းသို့
ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက် နှင့် လွဲပါစေ ဟု ဆန္ဒပြုရင်း…….

အရှင်ဝရသာမိ
http://www.sbay-student.org/
www.dhammaanalysis.multiply.com/


သာသနာဖျက် မိုးပြာဂိုဏ်း၏ နိဂုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ
ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ၀ိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) မှ
ဦးဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ်
အဓမ္မ၀ါဒများအဖြစ် ဆုံးဖြတ်ကြေညာခဲ့ပါသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊
နိုင်ငံတော် ၀ိနိစ္ဆယအဖွဲ့ရုံးတွင် မိုးပြာ ဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ-အဓမ္မ
အငြင်းပွားခြင်းကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

ထေရ၀ါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကိုမလိုက်နာဘဲ အတိတ်ဘ၀၊
အနာဂတ်ဘ၀၊ ၃၁ ဘုံနှင့် သံသရာမရှိ ဟူသော ရုပ်ဝါဒအယူ ကိုယူကာ
ပိဋကတ်တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး
ပစ္စုပ္ပန်ကမ္မ၀ါဒကို တီထွင်ဟောကြားသော ဓမ္မ ၀ိဟာရီ အမည်ခံ ဦးဉာဏ၏
ဟောပြောချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင်
တင်ပြချက်များသည် အဓမ္မ၀ါဒများဖြစ်ကြောင်း နိုင်ငံတော် ၀ိနည်းဓိုရ်
ဆရာတော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။

ထိုသို့ဆုံးဖြတ်တော်မူရာတွင် စောဒက ဆရာတော်များက တင်ပြထားသော
စောဒကလွှာ ၅၂ ချက်နှင့်တကွ ဆုံးဖြတ်ပြီးအဓမ္မ၀ါဒ အဟောင်းများ
ဖြစ်ကြသော သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒါနု ၀ါဒ၀ိနိစ္ဆယ၊ ဓမ္မနီတိဝါဒ၀ိနိစ္ဆယ၊
မြစ်ကြီးနား ၀ိစိတ္တသာရ၀ါဒ၀ိ နိစ္ဆယ၊ မိုးညှင်း ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရ၀ါဒ ၀ိနိစ္ဆယ၊
အနုဝါဒါမိကရုဏ်း ၀ိနိစ္ဆယနှင့် ကျောက်သင်္ဘောဝါဒ၀ိနိစ္ဆယ အဓမ္မ၀ါဒ ဆုံးဖြတ် ချက်များ
စာအုပ်များပါ အဓမ္မ၀ါဒများနှင့် ထပ်တူဖြစ်သော အချက် ၂၅ ချက်ကိုလည်း
အဓမ္မ၀ါဒများအဖြစ် စိစစ်ကြေညာခဲ့ကြပါသည်။


ပုံပေါ် Click နှိပ်၍ ပုံကြီးချဲ့ ကြည့်နိုင်ပါသည်

အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ချက်ချနေသည့် သံဃာ့အစည်းအဝေး

ImageFra.me

ImageFra.me


ImageFra.me


အဓမ္မ၀ါဒများကို နောင် ပြန်လည်မပေါ်ပေါက်စေရန် အာဏာစက်အကူညီပေးရန်
စောဒကဆရာတော်များမှ တောင်းပန်လျှောက်ထားနေပုံ

ImageFra.me


တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၃ -



သာသနာတော်၌ အဓမ္မ၀ါဒီ အ၀ိနယ၀ါဒီများ ပေါ်ပေါက်လာခဲ့ပြီဆိုလျှင် အနုနည်းဖြင့်
ဖြေရှင်းရသည်လည်း ရှိသည်။ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။
တစ်ပါးတည်း ဖြေရှင်းရသည်လည်းရှိသည်။ အုပ်စုဖွဲ့၍ ဖြေရှင်းရသည်လည်း ရှိသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့်တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌
သီတင်းသုံးတော်မူလျှက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ - သီလမဲ့
ရဟန်းတပါး ပါဝင်နေ၍ မြတ်စွာဘုရားက ဥပုသ်ပြုတော်မမူဘဲ ထိုင်လျှက်သာ သီတင်းသုံး
နေတော်မူပါသည်။ ဤသို့နှင့် ညဉ့်သုံးယာမ်ပတ်လုံး ကုန်ဆုံး သွားသည့်အခါ
အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်တန်ခိုးဖြင့် ကြည့်တော်မူသောအခါ ဒုဿီလရဟန်း
တစ်ပါးကိုတွေ့မြင်၍ သုံးကြိမ်တိုင်တိုင် အပြင်ထွက်ဖို့ တောင်းပန်ရှာပါသည်။
သုံးကြိမ်တောင်းပန်လျှက် မရသောအခါ ဒုဿီလရဟန်းကို လက်မောင်းကိုကိုင်လျက်
အပြင်သို့ ဆွဲထုတ်ခေါ်ယူသွားခဲ့ပါသည်။

အထခေါ အာယသ္မာ မဟာမောဂ္ဂလာနော တံ ပုဂ္ဂလံ ဗာဟာယံ ဂဟေတွာ
ဗဟိဒွါရကောဌကာ နိက္ခာမေတွာ…….။
(ဥပေါသထသုတ်) (အံ၊ ၃။ ၄၄/၅)

ဤ၀တ္ထုကိုထောက်လျှင် သာသနာတော်၏ ခလုတ်ဆူးငြောင့်များ အင်အားမကောင်းပါက
တစ်ပါးတည်းဖြင့် သုတ်သင်ရှင်းလင်းသည့် အစဉ်အလာ ရှိခဲ့သည်ကို တွေ့မြင်ရပေမည်။
သို့တည်းမဟုတ် သာသနာ့ရန်ဆူးရန်ငြောင့်တို့ အုပ်စုဖွဲ့၍ မိုက်တွင်းနက်နေပါလျှင်
အင်အားသုံး၍ ချေမှုန်းရန် ဘဘုရားကိုယ်တိုင် ခွင့်ပြုတော်မူခဲ့သည်ကို တွေ့ရှိရပါသည်။

အခါတစ်ပါး၌ ကီဋာဂီရိဂိုဏ်းသားရဟန်းများသည် ကုလဒူသကအနေသနမျိုးစုံဖြင့်
သာသနာကို ဖျက်ဆီးလျှက်ရှိရာ မြတ်စွာဘုရားက အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန်
တို့ကိုခေါ်၍ " ချစ်သားတို့ ကီဋာဂီရိဇနပုဒ်ကို သွားကြ၊ သာသနာ့ ရန်ဆူးရန်ငြောင့်တို့ကို
မောင်းထုတ်ကြ " ဟု စေခိုင်းတော်မူပါသည်။

ထိုအခါ အရှင်သာရိပုတြာက " စဏ္ဍာ တေ ဘိက္ခူ ဖရုသာ - မြတ်စွာဘုရား၊ အဲဒီရဟန်းတွေဟာ
ခက်ထန်ကြမ်းကြုတ်လှပါတယ်ဘုရား။ ဘယ်လိုပုံမျိုးဖြင့် နှင်ထုတ်ရပါမလဲဘုရား " ဟု
လျှောက်တော်မူပါသည်။

ထိုအခါ မြတ်စွာဘုရားက…..
" တေနဟိ တုမှေ သာရိပုတ္တာ ဗဟုကေဟိ ဘိက္ခူဟိ သဒ္ဓိံ ကစ္ဆထ - ဒါဆိုရင်
ရဟန်းများစွာ ခေါ်သွား အင်အားသုံးပြီး နှင်ထုတ်ကြ " ဟု နည်းပေးခွင့်ပြုတော်မူခဲ့ပါသည်။
အဂ္ဂသာဝကနှစ်ပါးလည်း ရဟန်းများစွာခေါ်သွားကာ သာသနာ့ရန်ဆူး ရန်ငြောင့်တို့ကို
အပြီးတိုင် ခုတ်ထွင်ရှင်းလင်း သုတ်သင်တော်မူခဲ့ပါသည်။
(ပါရာဇိကဏ်ပါဠိတော်၊ ကုလဒူသကသိက္ခာပုဒ်နိဒါန်း)

ဤ၀တ္ထုကို သာဓကပြုလျှင် အဓမ္မ၀ါဒီတို့ အားကောင်းပါက အင်အားသုံး၍ ချေမှုန်းသည့်
အစဉ်အလာသည် မြတ်စွာဘုရားလက်ထက်ကတည်းက ရှိခဲ့သည် ဆိုတာကို
သဘောပေါက်ရပေမည်။

ဆိုအပ်ခဲ့ပြီးသော သာဓကတို့ဖြင့် မိုးပြာခေါင်းဆောင် ဦးဥာဏ ကို သံဃမဟာနာယက
နှင့် အာဏာပိုင်များမှ ထောင်ချခြင်းသည် ဘုရားရှင်၏ အဆုံးအမနှင့် လျော်ညီစွာ
ထိုက်တန်သော အပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ပါ၏။ ဤအကြောင်းကို ထင်ရှားစေဖို့
မိုးပြာဦးဥာဏ၏ သမိုင်းကြောင်းနှင့် သူ၏လုပ်ရပ်တို့ အကျဉ်းချုပ်မျှ တင်ပြရပေမည်။

လွန်ခဲ့သည့်ကာလ (၂၇) နှစ်က ဦးဥာဏသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။ ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ
တရားဟောခဲ့သူဖြစ်ပါသည်။ ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယက
အဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က
စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။

ရှင်ဥာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော
နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ တင်ကြလျက်
"သာသနာရေး လျှောက်ထားတောင်းဆိုလွာ" အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က
ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍
ထောင် သုံးနှစ်ကြခဲ့ပါသည်။

နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ
သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ၀ိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက
ပြတ်ပြတ်သားသား အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက
မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့် ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။

၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရ၀ါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့်
ထောင် (၁၀) နှစ်ကျခဲ့ပါသည်။

ထောင်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်
ဂိုဏ်းထူးထောင်ပြီး မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး
(၂၀၀၂-၂၀၀၈)တို့မှာ အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပေသည်။

ဒုတိယအကြိမ် ထောင်မှ ထွက်လာပြီးကတည်းက ထေရ၀ါဒ သာသနာကို ရစရာမရှိအောင်
ဖျက်ဆီး၊ ထေရ၀ါဒ ပိဋကတ်သုံးပုံကိုဖျက်ဆီးကာ ဘုရားဟောမဟုတ်သည်ကို ဘုရားဟော
လုပ်၊ ဘုရားရှင်ကို အမျိုးမျိုးစွပ်စွဲပုတ်ခတ်ကာ ၀ါဒသစ်ထူထောင်ခြင်းသည် ခိုင်လုံသော
အကြောင်းတရားဖြစ်ပေ၏။ ပိဋကတ်ကျမ်းစာတို့ကို ဖျက်ဆီးထားသည်များကို ပြည့်ပြည့်
စုံစုံသိလိုပါက စာရေးသူ၏ http://www.dhammaanalysis.multiply.com/ တွင် လေ့လာနိုင်
ပါသည်။ ထို့အပြင် မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်လည်း လေ့လာနိုင်သည်။

ဦးဥာဏသည် ထေရ၀ါဒဗုဒ္ဓဘာဝင်တို့ လိုက်နာရမည့် အနိမ့်ဆုံးဖြစ်သော ငါးပါးသီလကိုပင်
ရစရာမရှိအောင် ဖျက်ဆီးထားပေသည်။ ပါဏာတိပါတာ - တိရိစ ၦာန္အားလုံး၏ အသက္ကုိ
သတ်ကောင်း၏၊ အဒိန္နာဒါနာ - အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင် ပစ္စည်းခိုးကောင်း၏။
ကာမေသု - အမျိုးသမီးကျေနပ်က ကုသိုလ်တောင်ရ၊ မုသာ - လိမ်ပြောကောင်း။ သုရာ -
လူမှန်းသူမှန်းမသိ မူးကွဲနေအောင် မသောက်ရင်ပြီးရော အရက်သောက်ကောင်း၏။

ဤအချက်ငါးချက်ဖြင့်ပင် ပိဋကတ်ကိုဖျက်ဆီးသော ပြစ်မှု့ဖြင့် ထောင်ချ၍ ရနိုင်သောအကြောင်း
တရားထင်ရှားပေသည်။ ဒါကိုပင် ၀င့်ထန်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သော
ဆရာတော် ဦးဇ၀န တို့ မသိခြင်းကြောင့် သံဃနာယကကို အနိုင်ကျင့်သည်ဟု
ဆိုလေသလော၊ ဦးဥာဏကို ထောင်ချခြင်းသည် သံဃမဟာနာယက၏ အပြစ်လည်းမဟုတ်
အာဏာပိုင်များ၏ အပြစ်လည်း မဟုတ်ချေ၊ ဗာလော ဒဏ္ဍေန ဒမ္မတေ - လူမိုက်ကို
ဒုတ်ကြီးကြီးဖြင့် ဆုံးမအပ်သည် ဟူသော အဆုံးအမနှင့် အညီ တတိယအကြိမ်
ထောင်ဒဏ် အပြစ်ပေး၍ ဆုံးမခြင်းသာ ဖြစ်သည်။

ယခုအချိန်ထိ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိရှိကြသေး သောကြောင့်
ဝင့်ထန်း နှင့် ဦးဇ၀နတို့က အနိုင်ကျင့်သည်ဟု အထင်ရောက်ချေသည်။
တိတ္ထိဝါဒနှင့် ဗုဒ္ဓ၀ါဒ ကွာခြားသည်မှာလည်း ဤသို့ပင်ဖြစ်၏ တိတ္ထိတို့ဝါဒသည်
အကြောင်းတရားကို မပယ်၊ မူလအရင်းခံရေသောက်မြစ်ကို မပယ်ဘဲ အကျိုးတရားကိုသာ
ပယ်သတ်တတ်ပေ၏။ ထိုကဲ့သို့ တရားခံအစစ် အကြောင်းတရားအစစ်ကို မသိသေးသမျှ
ကာလပတ်လုံး........
သုဝါန၀ုတ္တိနော ပန တိတ္ထိယာ။
(၀ိသုဒ္ဓိ၊ ၂။ ၁၃၈။ ပဋိသံ၊ ဌ၊ ၁။ ၁၄၇)

ခဲဖြင့် ပစ်သူကို အရေးမစိုက် ခဲကိုသာ လိုက်ကိုက်တတ်သော ခွေးမိုက်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ဥပမာအားဖြင့် အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို အိမ်ရှင်က ရိုက်ရာတွင်အိမ်ရှင်၏
အပြစ်မဟုတ်။ ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်၏။
ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌ တရားစီရင်သူ၏ အပြစ်မဟုတ်၊
ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်၏။
ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌ သုတ်သင်သူ၏ အပြစ်မဟုတ်၊
စော်ကားသူ၏ အပြစ်သာ ဖြစ်၏။ ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌ ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်၏။
ထို့ကြောင့် ဒဏ်ခတ် မခံချင်လျှင် အစကတည်းက ဗုဒ္ဓကို မစွပ်စွဲသင့်ချေ၊
ဓမ္မကို မစော်ကားသင့်ချေ၊ သာသနာကို မဖျက်စီးသင့်ချေ၊


အရှင်ဝရသာမိ
www.sbay-student.org
www.dhammaanalysis.multiply.com


တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၂ -




သာသနာကို ဖျက်စီးဖို့ကြိုးစားလာလျှင်၊ သာသနာကို စော်ကားဖို့ကြိုးစားလာလျှင်
ဘုရား အစရှိသောသူတော်ကောင်းများ လက်ပိုက်ကြည့်မနေဘူး
ဆိုတာ အပိုင်း - ၁ - မှ သာဓကဖြစ်စဉ် များကိုကြည့်ပါက ထင်ထင်ရှားရှားသိမြင်နိုင်ပေသည်။ အခြားသောသာဓကများကိုလည်း ဤအပိုင်းတွင် ထပ်မံ၍ တင်ပါဦးမည်။

သာသနာတော်၌ အဓမ္မ၀ါဒီမိစ္ဆာတစ်ယောက် ပေါ်ပေါက်လာလျှင် ဘုရားရှင်၏ တပည့်သာဝက
သူတော်ကောင်းများ အဘယ်သို့ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားအောင် ထိတ်လန့်တုန်လှုပ်စွာ ခံစားကြရသည်ကို ရှေးဦးစွာ သိထားဖို့ လိုအပ်ပေသည်။

မြတ်စွာဘုရားရှင်တို့သည် ဓမ္မဥပဒေကို ချိုးဖောက်သူ၊ ဓမ္မကို စော်ကားလာသူများကိုလည်း
ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူမြဲပင်ဖြစ်၏။ မြတ်စွာဘုရားရှင်လက်ထက်က တံငါသည်သား
သာတိ မည်သော ရဟန်းတစ်ပါး ရှိခဲ့ဘူးသည်။ ထိုရဟန်းကား ဗဟုသုတနည်းပါးသည့်အလျှောက်
သဿတဒိဌိ ရှိသူဖြစ်၏။

ထိုရဟန်း ယူဆပုံက "ခန္ဓာငါးပါးအနက် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရတို့သည် ဖြစ်လေရာ
ဘ၀မှာပင် ချုပ်ပျောက်ခဲ့လေသည်၊ ၀ိညာဉ်သည်ကား ဤဘ၀မှ ထိုဘ၀သို့လည်းကောင်း၊
ထိုဘ၀မှ ဤဘ၀သို့ လည်းကောင်း ကျင်လည်ကျက်စားကူးသွား၏ " ဟူ၍ ဖြစ်၏။
ဝိညာဉ်သည် မြဲ၏ဟူသော သဿတဒိဌိအယူပင် ဖြစ်၏။ အမှားတွေကို အမှန်လုပ်ပြီး
လိုက်လံဟောပြော ပြသနေ၏။ မတရားတွေကို တရားလုပ်ပြီး လိုက်လံဟောပြောပြသနေ၏။
ဘုရားဟော မဟုတ်ပါဘဲ ဘုရားဟောဟု ဟောပြောပြသနေ၏။

ထိုသာတိရဟန်းအား ရဟန်းကောင်းတို့က ၀ိုင်းဝန်းကဲ့ရဲ့ကြပြီး မြတ်စွာဘုရားထံ အပ်နှံကြပေသည်။
ထိုအခါ မြတ်စွာဘုရားက သာတိရဟန်းအား မောဃပုရိသဘွဲ့တံဆိပ်များကို ပလူပျံအောင်
ချီးမြင့်ပြီး ခေါင်းမဖော်ဝံ့အောင် နှိပ်ကွပ်တော်မူပုံကို အောက်ပါအတိုင်း သိရှိနိုင်ပေသည်။

"မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောကျာင်္း(အလကားကောင်)- အဘယ်မည်သောသူအား
ငါ ဤသို့ဟောအပ်သည်ကို သင် သိသနည်း၊ မောဃပုရိသ - (အလကားကောင်)
ငါသည် "၀ိညာဉ်သည် အကြောင်းကိုစွဲ၍ ဖြစ်၏။ အကြောင်းကိုကြဉ်၍ ၀ိဥာဏ်ဖြစ်ခြင်းမည်သည်
မရှိ" ဟု များစွာသောအကြောင်းဖြင့် ဟောကြားသည် မဟုတ်လော။
မောဃပုရိသ - (အလကားကောင်)၊ ထိုသို့ဟောထားပါလျှက် သင်သည် မိမိအမှားကို
ယူဆခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲ၏။ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏။
များစွာသော မကောင်းမူ့ကိုလည်း ဖြစ်ပွါးစေ၏၊ မောဃပုရိသ - (အလကားကောင်)၊
ထိုအမှားကို ယူဆခြင်းသည် သင့်အားရှည်ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း၊
ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့" ဟု မိန့်တော်မူ၏။

တံငါသည်သား သာတိရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ခါ
မျက်နှာအောက်ချပြီး မှိုင်တွေလိုက် ထိုင်နေရလေ၏။ ဤကား မြတ်စွာဘုရားကိုယ်တိုင်
အဓမ္မ၀ါဒီ မိစ္ဆာရဟန်းကို ပရိသတ် အလည်၌ ပြင်းပြင်းထန်ထန် ချိုးနှိမ်နှိပ်ကွပ်ပုံဖြစ်၏။
(မဟာတဏှာသင်္ခယသုတ်) (မ၊ ၁၊ ၃၂၃။ မြန်မာပြန်-၃၃၂)

ဤကဲ့သို့ သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း
ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မိစ္ဆာကောင်သည် သာသနာတော်၌
မဟာစောရ(ဗုဒ္ဓကို ပုန်ကန်သည့် မဟာသူပုန်ကြီး) ဟု အမည်ပေးရပေသည်။

မြတ်စွာဘုရား၏ သာဝကတို့သည် မြတ်စွာဘုရားနည်းတူ ဓမ္မကိုစော်ကားလာသူများအား
ရံဖန်ရံခါ၌ ဓမ္မဘက်မှ ဒဏ်ခတ်သည့် ဖြစ်ရပ်တခုကို ဆက်၍ပြပါဦးမည်။

မြတ်စွာဘုရားလက်ထက်က သာဋိမတ္ထိယ အမည်ရသော မထေရ်တစ်ပါး ရှိခဲ့ဘူးသည်။
ထို မထေရ်သည် ဈာန်အဘိဥာဉ်ရဆဠာဘိည ရဟန္တာတစ်ပါးဖြစ်၏။ ထိုမထေရ်ကို ကြည်ညို
ကုန်သော ဒကာ ဒကာမများအနက် ရုပ်ရည်ရူပကာ ချောမောလှပ၍ ရှူ့ချင်စဖွယ်အမျိုးသမီးငယ်
တစ်ယောက်သည် မထေရ် အား အမြဲတန်းရိုသေစွာ ဆွမ်းဆက်ကပ် လောင်းလှူသူဖြစ်၏။
ထိုအကြောင်းကို သိရှိသော မာရ်နတ်ကြီးက "ဒီရဟန်း မကောင်းသတင်းထွက်အောင် ငါလုပ်မည်၊
ဒီရဟန်း ထောက်တည်ရာမရအောင် ငါလုပ်မည်" ဟုကြံစည်ကာ သာဋိမတ္ထိယမထေရ်
အယောင်ဆောင်၍ ဆွမ်းခံကြွရင်း အမျိုးသမီးလက်ကို ဆွဲကိုင်လိုက်ပါသည်။

ထိုအခြင်းအရာကို သိမြင်သော အိမ်သူအိမ်သားအပေါင်းတို့က ထိုမထေရ်ကို အကြည်ညိုပျက်ခါ
မရိုသေ မလေးစားကြတော့ပေ။ မထေရ်ကလည်း အိမ်ရှင်တို့၏ အရိုအသေမဲ့သော အမူအရာကို
မြင်၍ ဆင်ခြင်ကြည့်တော်မူသောအခါ မာရ်နတ်၏လက်ချက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ပေသည်။
ထိုသို့ သိရှိလိုက်သည်နှင့် တပြိုင်နက် မာရ်နတ်ကို ဒဏ်ခတ်သောအားဖြင့် "မာရ်နတ်၏ လည်ပင်း၌ ခွေးသေပုတ်ကြီး စွပ်စေသတည်း" ဟု အဓိဌာန်လိုက်၏။ ဤပြဿနာကို မာရ်နတ်ကိုယ်တိုင် ပြန်လည်ဖြေရှင်းပေးပြီးမှ ခွေးသေပုတ်ကို ရုပ်သိမ်း လိုက်တော့ပေသည်။
(ထေရ၊ ဌ၊ ၁၊ ၄၆၁ )

ဤသာဓက ဖြစ်စဉ်ကိုကြည့်ပါက မြတ်စွာဘုရား၏ သာဝကတို့သည် ဓမ္မ၀ိနယကို
စော်ကားလာပါက လက်ပိုက်ကြည့်မနေဘဲ မာရ်နတ်ကြီးကိုပင် ဒဏ်ခတ်ပြီး နှိမ်နှင်းသည်ကို
တွေ့ရှိရမည် ဖြစ်ပေသည်။

ထိုသာဓကများကိုကြည့်၍ တိတ္ထိဂိုဏ်းဆရာမိုးပြာဦးဥာဏ အား သံဃမဟာနာကမှ စိစစ်သုံသပ်၍
အာဏာပိုင်များမှ ထောင်ချလိုက်ခြင်းသည် မှန်ကန်သော လုပ်ရပ်တခု ဖြစ်ကြောင်း ရှေ့တွင်
တင်ပြသွားပါမည်။ တဖက်မှ ဆောင်းပါးရှင်ဝင့်ထန်းက မိုးပြာဝါဒ နဲ့ပတ်သက်၍
မြန်မာအင်ဂျင်နီယာဖိုရမ် မှ အင်ဂျင်နီယာများက မိုးပြာဝါဒအကြောင်းကို ဆွေးနွေးထားသည် ဟု
တင်ပြထားပါသည်။ ၀င့်ထန်း ၏ တင်ပြပုံမှာ မိုးပြာဦးဥာဏ၏ ၀ါဒကို စိတ်ဝင်စား၍ သဘောကျ၍
ဆွေးနွေးထားသလိုမျိုး ထင်အောင် ရေးထားပေသည်။ မှန်ပေ၏ မြန်မာအင်ဂျင်နီယာဖိုရမ် တွင်
မိုးပြာဝါဒ အကြောင်းကို အကျယ်တ၀င့်ဆွေးနွေးထားတာကို တွေ့ရပါသည်။

ထိုဆွေးနွေးချက်များသည် မိုးပြာဝါဒကိုကြိုက်၍ ဆွေးနွေးထားသော ဆွေးနွေးချက်များမဟုတ်ပေ။
သာသနာကို ဖျက်စီးနေသည့် မိုးပြာဝါဒ ဟု ပို့စ်ပိုင်ရှင် ကိုနိုဗယ်မန်း မှ စတင်၍
ဆွေးနွေးထားသော ဆွေးနွေးချက်တခုဖြစ်ကြောင်း တွေ့ရှိရပေသည်။
ဝိုင်းဝန်းဆွေးနွေးသူ ကိုယ်ဟယ်ရီလွင်၊ အအောင်၊ ကိုတာတေ၊ ကိုကျော် 81 နဲ့ ဓမ္မမိတ်ဆွေ
အများစုက မိုးပြာဝါဒကို ရှေ့တွင် ဆိုအပ်ခဲ့သော အနာထပိဏ်သူဌေးကြီးမှ မိစ္ဆာဒိဌိတွေကို
နှိပ်ကွပ်သလို နှိပ်ကွပ်ဆုံးမထားသော ဆွေးနွေးချက်များကို တွေ့ရပါသည်။
ထိုအကြောင်းကို သက်ဆိုင်ရာဖိုရမ်သို့ စာဖတ်သူကိုယ်တိုင် သွားရောက်လေ့လာပါက
သိရှိနိုင်ပေ၏။ မြန်မာအင်ဂျင်နီယာ ဖိုရမ် တွင်မကသေး မြန်မာကျူးပစ်ဖိုရမ် မှာလည်း
ရှိပါသေး သည်။ ထိုဖိုရမ်တွင်လည်း ကိုတေဇဟိန်း နှင့် သာသနပါလအဖွဲ့သား ဓမ္မမိတ်ဆွေ
များက သာသနာကို ဖျက်ဆီးနေသည့် ၀ါဒတခုအဖြစ် ရှူ့မြင်သုံးသပ်၍
ဆွေးနွေးထားသည်ကို တွေ့ရပါသေးသည်။

တိုးတက်လာသော ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ သာသနာကို မီဒီယာ ကဏ္ဍဖြင့်
ဘုရားရှင်နှင့်သူတော်ကောင်းတို့၏ အဆုံးမကို နာခံ၍ ကာကွယ်စောင့်ရှောက်နေသည်ကို
တွေ့ရမည် ဖြစ်ပေ၏။



အရှင်ဝရသာမိ
http://www.sbay-student.org/
http://www.dhammaanalysis.multiply.com/


တိတ္ထိဂိုဏ်းဆရာ မိုးပြာဦးဥာဏအား ထောင်ချတာ မှန်ကန်သောလုပ်ရပ်တခုသာဖြစ်၏ - ၁ -




မိုးပြာဦးဥာဏကို ထောင်ချတာ အနိုင်ကျင့်တာလားဆိုတဲ့ အမေးကို စာရေးသူက ပြတ်ပြတ်သားသား အဖြေပေးချင်လို့ ဒီခေါင်းစဉ်ကိုပေးပြီး ဒီပို့စ်ကို ရေးဖို့ဖြစ်လာပါတယ်။
တဖက်မှဆောင်းပါးရှင် ၀င့်ထန်း ရဲ့ အဆိုပြုချက်ကို ခိုင်လုံသော အထောက်ထားပြဆိုပြီးတော့မိုးပြာဦးဥာဏကို
ထောင်ချလိုက်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာအတွက် မှန်ကန်သော လုပ်ရပ်တခုဖြစ်ကြောင်း သက်သေပြဖို့အတွက် အပိုင်းခွဲပြီး တင်ပြသွားပါမယ်၊

ဆောင်းပါးရှင်း ၀င့်ထန်းက ဗုဒ္ဓ၀ါဒ ဟာ အစဉ်အလာထုံစံအားဖြင့် အကြမ်းဖက်မှု့ကို ဆန့်ကျင်ပြီး
ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ ဘာသာတခုဖြစ်ကြောင်း ဆိုလာပါတယ်။ မှန်ပါတယ် ဒါဟာလုံးဝ
မှန်ကန်သော စကားပါပဲ။ ဗုဒ္ဓ၀ါဒဟာ ဘာသာအယူဝါဒ မတူသူများအပေါ်ကို အနိုင်ကျင့်ပြီး
ဗုဒ္ဓအယူဝါဒ ကို လက်ခံလာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး ဒါကို ကမ္ဘာတ၀န်းလုံးက
ဘာသာတရားကို စိတ်ဝင်စားတဲ့ လူတွေ အားလုံးသိပါတယ်။

မြတ်ဗုဒ္ဓ၏ တရားဂုဏ်တော် (၆) ပါးတို့တွင် ဧဟိပဿိက ဂုဏ်တော်ပါဝင်တယ်။ ဧဟိပဿိက
ဆိုတာ အစမ်းသပ် ခံရဲခြင်းပါပဲ။ လာလှည့် ရှူ့လှည့်စမ်းသပ်လှည့် ဟု ဖိတ်ခေါ်ရဲခြင်းပဲ။
ထိုသို့ ဖိတ်ခေါ်ရဲခြင်း မှာလည်း "သွာက္ခာတော ဘဂ၀တာ ဓမ္မော" မြတ်ဗုဒ္ဓကိုယ်တော်တိုင်
ဟောကြားထား ခြင်းကြောင့်ဖြစ်၏။ ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသောကြောင့် ဖြစ်၏။
သန္ဒိဌိကော-တကယ်ရှူ့လျင်တကယ်မြင် တကယ်သိ သောကြောင့် ဖြစ်၏။
အကာလိကော- အချိန်မရွေး အကျိုးပေးခြင်း၊ ချက်ခြင်းလက်ငင်းအကျိုးပေးခြင်းကြောင့် ဖြစ်၏။
ဒီအချက်ကြည့်ပါက ထင်ထင်ရှားရှား သိနိုင်ပါတယ် တခြားသောဘာသာဝင်တွေကိုလည်း
လာလှည့် ရှူ့လှည့် ဆိုပြီး ရဲရဲတင်းတင်း ဖိတ်ခေါ်ရဲတဲ့ ဘာသာတခုပါ၊ အစမ်းသပ်ခံရဲတဲ့
ဘာသာတခု ဘာသာအယူဝါဒ မတူသူတွေလိုက်ခံတိုက်ခိုက်နေတာမျိုး မရှိသလို၊
အတင်းအကျပ် ဗုဒ္ဓဘာသာထဲဝင်ရန် ဆွဲခေါ်နေတာမျိုးလည်း မရှိခဲ့ပါဘူး၊
သို့သော်လည်း ဗုဒ္ဓအယူဝါဒကို တိုက်ခိုက်လာမယ်ဆိုရင် ဘုရားရှင်
ကိုယ်တော်တိုင် လက်ပိုက်ကြည့်မနေခဲ့တဲ့ အစဉ်အလာတော့ ထင်ရှားစွာ ရှိပါတယ်။

သာသနာတော်မှာ အန္တရာယ်ကျရောက်လာပြီဆိုရင် မြတ်စွာဘုရားတောင်မှ
ကောသလမင်းတောင်မှ သိကြားမင်းတောင်မှ အငြိမ်မနေ လက်ပိုက်ပြီးကြည့်မနေခဲ့ဘူးဆိုတာ
အစဉ်အလာရှိခဲ့ပါတယ်။ ဇိနတ္ထပကာသနီ ကိုအကျဉ်းချုပ်လောက်မျှ ဖတ်ကြည့်လျှင်
စာဖတ်သူ သိပါလိမ့်မယ်။ ပုရာဏကဿကြီး ဦးဆောင်တဲ့ ဒိဌိတွေက မြတ်စွာဘုရားနဲ့
တန်ခိုးပြိုင်မယ် လို့ပြောတဲ့အခါ မြတ်စွာဘုရားက တကယ်တန်ခိုးပြိုင်ခဲ့ပါတယ်။
အဲဒီလို တန်ခိုးပြိုင်တဲ့အခါမှာ တန်ခိုးပြပြီး မိစ္ဆာဒိဌိတွေကို နှိမ်နှင်းခဲ့ပါတယ်။
ကိုယ့်သာသနာကို စော်ကားလာတဲ့သူကို တန်ခိုးနဲ့ နှိမ်နှင်းတယ်၊

အဲဒီလို တန်ခိုးနဲ့ နှိမ်နှင်းတဲ့အခါမှာ ကောသလမင်းကလည်း အစွမ်းကုန်ကူညီပါတယ်၊
ပရိတ်သတ်တွေ လူတွေ စုပေးတယ်၊ စည်တီးလှည့်လှည်ပြီးတော့ ကြေညာတယ် လာကြဟေ့
တိတ္ထိတွေကို မြတ်စွာဘုရားက တန်ခိုး ပြပြီး နှိမ်နှင်းတော့မယ် ကြည့်ကြ တန်ခိုးပြပွဲကို
သာဝတ္ထိပြည် တပြည်လုံး မကြည့်မနေရ ပုံစံမျိုးနဲ့ စည်တီး လှည့်လှည်ပြီးတော့
ကြေညာမောင်းခပ်ပါတယ်။

နောက် သိကြားမင်းကလည်း ဘုရားသာသနာကို ဘာအရည် အချင်းမှ မရှိတဲ့ကောင်တွေက
ဘုရားကို အန်တုတယ် သေပေစေ့ဆိုပြီး အဲဒီတိတ္ထိတွေကို ရေရယ် လေရယ် နေရယ် ပေါင်းပြီးတိုက်ခိုက်ပါတယ်။ သာသနာ့အန္တရာယ်ကျရောက်လာတဲ့အခါ သိကြားမင်းလည်း
အငြိမ်မနေပါဘူး။

နောက်တစ်ခါ ကရဏီဆိုတဲ့ ဥပါသိကာမလေးကလည်း ကောင်းကင်ပေါ်တက်ပြီး မြတ်စွာဘုရားကို
လျှောက်တယ် မြတ်စွာဘုရားကိုယ်တိုင် မနှိမ်နှင်းပါနဲ့ တပည့်တော် ဒီကောင်တွေကို
နှိမ်နှင်းမယ်ဆိုပြီး လျှောက် တယ် - နောက် ခုနှစ်နှစ်သားကိုရင်လေးကလည်း ဒီလိုပဲ
အနာထပိဏ်သူဌေး နဲ့ ရှင်မဟာမောဂ္ဂလာန်၊ ဥပ္ပလ ၀ဏ်ထေရီ တို့ကလည်း မြတ်စွာဘုရားကို ကိုယ်တိုင်မနှိမ်နှင်းပါနဲ့ တပည့်တော်တို့ကိုယ်တိုင် နှိမ်နှင်းပါမယ်ဆိုပြီး ကျရောက်လာတဲ့
သာသနာ့အန္တရာယ်ကို အပြိုင်အဆိုင် နှိမ်နှင်းကြပါတယ်။

နောက်ဆုံးတော့ ပုရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီး ဘုရားကိုအန်တုလို့မရလို့ အရှက်ကွဲပြီး
ရေထဲငုံ့ပြီး သေသွားရရှာပါတယ်။ ဒါကိုကြည့်မယ် ဆိုရင် ဒီကောင်တွေကို မြတ်စွာဘုရားက တန်ခိုးပြစရာမလိုဘူး အဘိဥာဉ်ရတဲ့ ခုနှစ်နှစ်သားကိုရင်လေးကို ဆုံမခိုင်းရင်ကိုရတယ်
ဒါပေမယ့် မြတ်စွာဘုရားက ကိုယ်တိုင်ကို ဆုံးမတယ် နှိပ်ကွပ်တယ်၊ ဒါကိုကြည့်သော အားဖြင့် သူတည်ထောင်ထားတဲ့ သာသနာတော်ကြီးကို ဖျက်လို့ဖျက်ဆီးလုပ်လာရင်
ဘုရားရှင်ကိုယ်တော်တိုင် ခန္တီမနေဘူး လက်ပိုက်ကြည့်မနေဘူး ကြောင့်ကြမဲ့မနေဘူး
ဆိုတာကို သိနိုင်ပါတယ်။ မြတ်စွာဘုရားဟာ ၀ါသနာ နဲ့တကွ ကိလေသာအားလုံးကို
အကုန်ပယ်ထားပါတယ်။ သို့သော်လည်း ပုရာဏကဿပကြီးကို သူ တန်ခိုးပြဋိယာ
ပြလိုက်လို့ရှိရင် သေမယ်ဆိုတာကိုလည်း သိထားတာပါပဲ၊
ဒါပေမယ့် ထည့်မတွက်နိုင်ဘူး သေစေလိုတဲ့စိတ်တော့မရှိဘူး၊ သို့သော်လည်း နှိမ်နှင်းမယ်ဆိုတဲ့
စိတ်ကတော့ရှိနေတယ် သာသနာတော်ကို စော်ကားလာရင် ဒီပုံဒီနည်းနဲ့ နှိပ်ကွပ်ကြဆိုပြီး
မြတ်စွာဘုရားက နှုတ်တော်က ထုတ်ဖော်မပြောရုံတမယ်ပဲ ရှေ့ကနေလုပ်ပြသွားတဲ့
အစဉ်လာသာဓက ထင်ရှားရှိပါတယ်။
ဒါဟာ လူမင်းဘက်က ကောသလမင်း၊ နတ်မင်းဘက်က သိကြားမင်း၊ ရဟန်းဘက်က
ဘုရား သုံးဦးပေါင်းပြီး သာသနာမှာကျရောက်လာတဲ့ အန္တရာယ်ကို ကာကွယ်နှိမ်နှင်းခဲ့တာပါပဲ၊

မြတ်စွာဘုရားဟာ ကိုယ်တော်တိုင် ရှေ့ကနေ လုပ်ပြသွားခဲ့သလို နှုတ်တော်က
ထုတ်ဖော်ပြီး ပြောကြားသွားတဲ့ သုတ္တန်တခု ရှိပါသေးတယ်၊ အဲဒီသုတ္တန်က
ကိံဒိဌိက သုတ်(မင်းဘာအယူရှိ သလဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ) အဂုင်္တ္ထရနိကယ်၊
ဒဿကနိပါတ်၊ ဥပါလိဝဂ်မှာ ပါရှိပါတယ်။

အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ
စစ်ထိုးတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ် အနာထပိဏ်သူဌေးက
ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံး ကိုမသိဘူးတဲ့ အဲဒါဆိုရင် ရဟန်းတွေကကော
ဘာအယူရှိသလဲတဲ့ ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့
အဲဒါဆိုရင် သင်ကကော တဲ့ အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ်
ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့
သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။

အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော
တလုံးချင်းခေါင်းငုံ့ပြီး နေရအောင် အရှက်ရလောက်အောင် မျက်နှာမသာမယာဖြစ်အောင်
တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊
တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊
အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း
တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို
မြတ်စွာဘုရားအား ၀မ်းသာ အားရလျှောက်ပြပါတယ်။

အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊ နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့
အယူမှားတာ နေပါစေ ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး
"သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်"
"ဧ၀ံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ -
ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင်
သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့ ဒါပေမယ့် အသားလွတ်ကြီး

လားဆိုတော့ မဟုတ်ပါဘူး - သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ"
ဆိုပြီး ဘုရားက သေချာသင် ပေးခဲ့ပါတယ်။ တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊
ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို အခွင့်အရေးရရင် ရသလို
ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊

အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။ သူဌေးကြီး ပြန်သွားတဲ့အခါမှာ
မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်တယ်
"ယောသိတော ဘိက္ခဝေ ဘိက္ခူ ဣမသ္မိံဝဿသရူပ သပန္တော ဣမသ္မိံ ဓမ္မ၀ိနယေ -
ချစ်သား တို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ ၀ါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ်
ဖြစ်စေကာမူ၊ သောဟိ ဧ၀ မေ၀ံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ -
ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး
သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် - ဘယ်လိုလဲဆိုတော့ ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ -
သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်" လို့ မိန့်တော်မူပါတယ်။
ဒါဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သာဓက ပါ။

နောက်တခု ရှိပါသေးတယ် ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တတိယသံဃာယနာတင်တဲ့အချိန်က
ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟာ အာဏာပိုင်မင်းတစ်ပါးဖြစ်တဲ့ သိရိဓမ္မာသောက
မင်းကြီးနဲ့ပေါင်းပြီး သံဃာယနာမတင်ခင်မှာ တိတ္ထိတွေကို နှိမ်နှင်းခဲ့ပါတယ်။
အဲဒီ တတိယသံဃာယနာ ဘာကြောင့်တင်သလဲ ဆိုရင် ဘုရားရှင်၏ သာသနာမှာ
သာသနာ့အန္တရာယ်တွေ ကျရောက်နေခဲ့လို့ပါပဲ၊ အဲဒီအချိန်တုန်းက အိန္ဒိယပြည်မှာ
ရဟန်းသံဃာပေါင်း ၆ သန်း(သိန်း - ၆၀) ရှိပါတယ်၊ သိလ၀န္တရဟန်းတွေပါပဲ၊
အဲဒီ သိန်းခြောက်ဆယ်ရှိတဲ့ ရဟန်းသံဃာတွေထဲမှာ ၆ သောင်းရှိတဲ့ ဒုဿီလရဟန်းတွေ
မည်သူမှ ရဟန်းခံသင်္ကန်းဝတ်ပေးခြင်း မရှိဘဲနဲ့ ကိုယ်တိုင်သင်္ကန်းကောက်ဝတ်ပြီး
သာသနာတော်ကို ဖျက်ဆီးဖို့ကြိုးစားတော့တာပါပဲ။
အဲဒီအချိန်မှာ ရဟန်းတု ဒုဿီလရဟန်းတွေ နဲ့ ရဟန်းစစ်တွေကိုခွဲခြားဖို့အတွက်
အသောကမင်းကြီးကိုယ်တိုင် ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ထံမှာ
ခုနှစ်ရက်တိုင်တိုင် ဗုဒ္ဓအယူဝါဒတွေကိုသင်ယူပြီး မင်းကြီးကိုယ်တိုင် စစ်ဆေး မေးမြန်းပြီး
အဲဒီတိတ္ထိတွေကို လူဝတ်လဲပြီး တိုင်းပြည်ကနှင်ထုတ်ခဲ့ပါတယ်၊ နောက် တတိယသံဃာယနာ
တင်ခဲ့တယ် တတိယသံဃာယနာတင်တယ်ဆိုတာက တိတ္ထိတွေရဲ့တရားနဲ့ ဗုဒ္ဓရဲ့
တရားမရောနှောအောင် လုပ်လိုက် တာပါပဲ ကထာဝတ္ထုကျမ်းကို လေ့လာမယ်ဆိုရင်
ဒီအကြောင်းတွေကို အကုန်သိနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်......

အရှင်ဝရသာမိ
http://www.sbay-student.org/

လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်


တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ အွန်လိုင်းပေါ်မှာ ရောက်ရှိနေတာတော့ ကြာခဲ့ပါပြီ။
တချို့လည်း ကြည့်ပြီးဖြစ်ကြသလို မကြည့်ရသေး တဲ့ ပုဂ္ဂိုလ်များရှိနေအုံးမည် ထင်ပါသည်။

ဒီမှာ ဒေါင်းယူကြည့်ရှူနိုင်ပါသည်
ဒီမှာ


or

http://www.fileserve.com/file/SBysvxH/

or

http://ifile.it/zce0g31/Mad_meditation.flv/

or

http://www.mediafire.com/?lhryijf9ld0r4l5/

or

http://www.megaupload.com/?d=63IGW3WN/

တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက်
မေးမြန်းကြပါသည်။ တရားထိုင်တဲ့ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည်
စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။
မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။

ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက
သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ၀ဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ
ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။
လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ္ဆာန်
တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။

မြတ်ဗုဒ္ဓရဲ့ ထေရ၀ါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန္တလေး၊
မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မစိုးရိမ်မှ ထေရ၀ါဒ တိုက်ပွဲ
ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000
ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ၀န်ခံကတိပြု
လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။

သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်
ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့

တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ
တန့်ကြည်တောင်ရိပ်သာ (မန္တလေး၊ ပြည်ကြီးတံခွန်)
တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ၀ါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန်
မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။

အရှင်ဝရသာမိ
http://www.sbay-student.org/


မှန်ကန်သော အသက်မွေးမှု ပြုနိုင်ပါစေ


မကောင်းသော အသက်မွေးမှု မိစ္ဆာအာဇီဝ မှ ရှောင်ကြဉ်မှုကို သမ္မာအာဇီဝ ဟု ဆို၏။
ကာယဒုစရိုက် များဖြင့်လည်း အသက်မမွေး၊ ၀စီဒုစရိုက် များဖြင့်လည်း အသက်မမွေး၊
ထို ဒုစရိုက်နှစ်မျိုးမှ လွတ်သော ကောင်းသော အသက်မွေးမှု့ကို သမ္မာအာဇီဝ ဟု ဆို၏။

ဤလောက၌ အသက်မွေးမှု့သည် များစွာရှိ၏။ အသက်မွေးမှု အာဇီဝသည် မကောင်းသော
အသက်မွေးမှုဖြစ်ပါက မိစ္ဆာအာဇီဝ ဖြစ်လာရ၏။ ကောင်းသော အသက်မွေးမှုဖြစ်ပါက
သမ္မာအာဇီဝ ဖြစ်လာရ၏။ သို့ရာတွင် လူသည် မသေလိုမှုအတွက် အစာစားနိုင်ရန် ကောင်း
သောအသက်မွေးမှုပဲဖြစ်ဖြစ်၊ မကောင်းသော အသက်မွေးမှု့ပဲဖြစ်ဖြစ် အသက်မွေးမှု့ တခုခုကို
တော့ လုပ်ရမည်ဖြစ်၏။ သို့ရာတွင် အသက်မွေးမှုနှစ်မျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားက
ဓမ္မပဒ ပါဠိတော် ၂၄၄ ၌ ဤသို့ ဟောကြားတော်မူထား၏။

သုဇိဝံ အဟိရိတေန၊ ကာကသူရေန ဓံသိနာ၊
ပစ္ဆန္ဒိနာ ပကမ္ဘေန၊ သံကိလိဌေန ဇီဝိတံ။

(ဓမ္မပဒ - ၂၄၄)

လူသည် တကယ်တမ်း လွယ်ကူစွာ အသက်မွေးမြူလိုပါက အရှက်မရှိရ၊
ကျီးကန်းလိုလည်း လုရဲရ၏၊
သူတစ်ပါး၏ သိက္ခာကိုလည်း ချရဲရ၏။
သာယာဘက်သို့လည်း ပြေးကပ်ရဲရ၏။
ညစ်ပတ်သော စိတ်လည်း ရှိရ၏။
ဤသို့ပြုလျှင် လောက၌ အသက်မွေးရ လွယ်လေ၏။


ဤဒေသနာတော် အရ လောက၌ လုပ်ကြံဇာတ်ကို သတိပဌာန် ဟူ၍လည်းကောင်း၊ ၀ိပဿနာ
အတုကို ဖန်တီး၍လည်းကောင်း၊ ဘုရားဟော မဟုတ်သော အဓမ္မများကို အဟိရိက - အရှက်မရှိဘဲ
လိုက်လံဟောပြောပို့ချနေသူများလည်း များစွာရှိတတ်ပါ၏။

ဟိတ်ဟန်ကောင်းကောင်း စကားလုံးထွားထွား မာယာများဖြင့် ဟန်ဆောင်လှည့်စားကာ
ကာကသူရ - ကျီးကန်းကဲ့သို့ လုရဲသော ပုဂ္ဂိုလ်များလည်း များစွာရှိတတ်ပါ၏။
လောကအတွေ့အကြုံအရ မှားသောအသက်မွေးမှု့နှင့် မှန်သောအသက်မွေးမှု့ နှစ်မျိုးတို့တွင်
မှားသော အသက်မွေးမှု့က လူမိုက်တို့၏ စရိုက်နှင့် လိုက်လျောညီထွေရှိသဖြင့် ပို၍လွယ်ကူ၏။
အမှန်ဟူသည်မှာ အဆန်သဘောဖြစ်သဖြင့် ပို၍ ခက်ခဲ၏။

အမှန်အားဖြင့် လူတို့သည် မိမိတို့၏ ပတ်ဝန်းကျင်၌ အခြားသောလူများနှင့်သက်ရှိသတ္တ၀ါများလည်း
ရှိကြသေးရာ ယင်းတို့နှင့် မလွဲမရှောင်သာ ဆက်ဆံကြရ၏။ ထိုကဲ့သို့ ဆက်ဆံကြရာ၌ ငြိမ်းချမ်းစွာ
ဆက်ဆံဖို့ လိုပါ၏။ ငြိမ်းချမ်းစွာ မဆက်ဆံနိုင်ပါလျှင် အမြဲတမ်းပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊
စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းတို့ကို ခံစားနေရမည်ဖြစ်၏။ ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ဖို့ ဆိုသည်ကလည်း
မိမိတို့ အနေဖြင့် မိမိတို့ဘက်မှ ကိုယ်ကျင့်သိက္ခာဖြူစင်မှဖြစ်၏။ မိမိတို့ဘက်မှ ကိုယ်ကျင့်သိက္ခာ
ဖြူစင်မှလည်း အခြားသူတို့ဘက်က ကိုယ်ကျင့်သိက္ခာဖြူစင်လာမည်ဖြစ်၏။
ထိုအခါ လောက၌ ဒုစရိုက်များ ကင်းဝေးလာမည်ဖြစ်၏။ ဒုစရိုက်များ ကင်းဝေးလာသည်နှင့် အမျှ
သုစရိုက်များ ထွန်းကားလာမည်ဖြစ်၏။ သုစရိုက်များ ထွန်းကားလာလျှင် လူတို့ တောင့်တကြသော
လွတ်လပ်မှု၊ မသေမှု၊ အားကိုးနိုင်မှုတို့ကို တဖြည်းဖြည်းချင်းရလာမည်ဖြစ်၏။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် စစ်မှန်သော လွတ်လပ်မှု (မောက္ခ)၊ စစ်မှန်သော မသေမှု
(အမတ)၊ စစ်မှန်သော အားကိုးရာ (သရဏ) တို့ကို ရလိုကြပါလျှင် မခိုင်မာသေးသော ကိုယ်ကျင့်
သိက္ခာတည်ဆောက်မှု သမာဒါန၀ိရတီ မှ ခိုင်မာသော ကိုယ်ကျင့် သိက္ခာ တည်ဆောက်မှု
သမ္မတ္တ၀ိရတီ သို့ ရောက်အောင် ခိုင်မာသော အဓိဌာန်ဖြင့် မဖြစ်မနေ ကြိုးပမ်းရပေမည်။

ဦးရွှေအောင်(အမြင်များပြောင်းလဲခြင်း) ကိုးကား ရေးသားပါသည်

ိ

အရှင်ဝရသာမိ
www.sbay-student.org
www.dhammaanalysis.multply.com


---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
လွမ်းနေသူ®




Saturday, January 28, 2012

ကျွန်တော်တို့ မြန်မာနိုင်ငံက လူများ အတွက် (အလကားရတဲ့) ဘလော့စပေါ့ လုပ်နည်း


Email posting Test


PM:
အရင်က မြန်မာနိုင်ငံမှာ ဘလော့စပေါ့တွေပိတ်ထားတော့ သိပ်အဆင်မပြေပါဘူး။
အခု ဖွင့်ပေးလိုက်ပြီဖြစ်လို့ မိမိနှစ်သက်တဲ့  စာလေးတွေကို ဆိုဒ်တစ်ခုလု့ပ်ပြီး သိမ်းထားလို့ရအောင်လို့ပါ။
ဒါမှ မဟုတ် ကိုယ်ပိုင် ခံစားချက်လေးတွေကိုလည်း ဆိုဒ်ပေါ်မှာတင်လို့ရအောင်ပါ။
သူငယ်ချင်းတွေကိုလည်း ကြွားလို့ရတာပေါ့။ :P
ဒါလေးက အလကားရတဲ့ ဟာလေးဆိုတော့ ပိုအဆင်ပြေတာပေါ့။အလကားရတယ်ဆိုလို့ အထင်မသေးပါနဲ့။
ကိုယ်ပိုင် ဒိုမိန်းတွေက ဟက်ကာရန်က ကြောက်ရသေးတယ်။google လို ဒိုမိန်းကြီးကနေ sub domain ယူထားတာဆိုတော့ တော်ရုံတန်ရုံ BHG လောက်ကတော့ သနားတယ်။:D စတာနော် လာ မဟက်ကြနဲ့။ :D

Blog လုပ်နည်း အပြည့်အစုံ

မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။


Step 1) Sign in to blogger

Step 2) Display name (or) Author name

Step 3) Name your blog

Step 4) Choose your template

Step 5) Publish your first pest


မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။


Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။

Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် " sign in area " ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။



Step 2) Display Name (0r) Author Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။


Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။


မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။



Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။


စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။


URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။


မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။


လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက "available" ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။



မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။



Step 4) Choose your Template

Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။


Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။


အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။


မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။



Step 5) Publish Your First Post

Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင်
Click တစ်ချက်နှိပ်ပါ။


ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။


ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။


စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။



Post Title

ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။


Text Area

ရေးလိုသမျှ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။


ရေးလိုသမျှရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လွှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။


မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။ Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။


Sign Out

Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။


Blogger Interface အားလေ့လာခြင်း

Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။


Posting Tab

Posting tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။


Setting Tab

Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအ၀င် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။


Layout Tab

Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။


The Dashboard

မိမိရဲ့ Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (www.blogger.com) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။


Sign in ၀င်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအ၀င် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။


မှတ်ချက်။ ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။



Post အသစ်များထပ်တင်ခြင်း

ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။


Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။


ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျှင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။



တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း

မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog မှာတင်ထားသမျှသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။


ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) Page သို့ရောက်သွားပြီး Post တွင်ပါ စာသားများကို မြင်ကြရပါမယ်။


၎င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျှင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။


ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင်Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။
Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။



Add formatting

Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။



စာလုံးပုံစံ Font ပြောင်းခြင်း

ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျှင် Font family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။



စာလုံးအရွယ်အစားပြောင်းခြင်း

Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။



Bold, Italic, Text color

အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။


Bold လုပ်ချင်ရင် "B" တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။


Italic လုပ်ချင်ရင် "I" တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။


Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။





Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image)

တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျှဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။


Add to Picture

ပုံတွေကို ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။


Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညွှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။


မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။


Third-Party Page Elements (widgets)

Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါသေးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။ အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။

Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။

နာရီပုံ HTML widget ရယူရန်အတွက် www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။

မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။


မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။

Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျှင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130)

နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆိုလျှင် အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။

Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ (ဥပမာ-Desktop ပေါ်မှာလား၊ My Document ထဲမှာလား) ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော့ သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်။

1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။

2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညွှန်ပြပေးရပါမယ်။ Browse တွင် Click နှိပ်ပါက "File upload" box ပျောက်သွားပြီး မှုလ Upload window ရှိ Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။
ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညွှန်ပြပြီးရုံရှိသေးတယ်ဆိုတာကို သတိပြုပါ။

မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။ အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click နှိပ်ပြီးထပ်မံရွေးချယ်နိုင်ကြပါတယ်။


3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။ တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။ တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊ Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ " Term of Services" ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျှင် Upload တွင် Click နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။ ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင် မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။

မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့် ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။


အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link)

Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့ ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မြှားပုံကနေ၊ လက်ပုံပြောင်းတာမှန်သမျှ သည် Link များပဲဖြစ်ပါတယ်။ လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။

Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့် အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။

အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။

1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။
2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။
3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။
4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။


Comments

ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။


Writing Comment

ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ၀င်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင် ၀င်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။

ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ၀င်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။

ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List ထဲရောက်သွားပါမည်။


Stop Comments

မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျှ Post အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ ၂မျိုး ပေါ်မှုတည်ပြီး …..

1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။
2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။

Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါတယ်။

Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။ သဘောက တင်သမျှ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျှင် New Posts Do Not Have Comments ကိုရွေးရပါမယ်။

စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော "Save Settings" တွင် Click နှိပ်လိုက်ပါ။


Template Selection


Dashboard ပေါ်မှ Layout ပေါ်တွင် Click နှိပ်ပြီးသွားမယ်ဆိုရင် Template Selection အောက်ကို ရောက်ပါတယ်။ ဒီနေရာက မိမိ Blog ရဲ့ ဒီဇိုင်း အဆင်အပြင်နှင့် ပတ်သက်ပြီး လိုသလို ပြုပြင်ပြောင်းလဲ
နိုင်ကြပါတယ်။



Pick a New Template

Blogger မှာ အဆင်သင့်ယူသုံးနိုင်တဲ့ Template ပေါင်းများစွာရှိပြီးသား ဖြစ်ပါတယ်။ တစ်ခုမကြိုက်ရင် အခြားတစ်ခု အချိန်မရွေးပြောင်းသုံးလို့ရပါတယ်။ အခြား Template တစ်ခုသို့ ပြောင်းချင်ရင် Layout အောက်မှ Pick New Template တွင် Click နှိပ်ပါ။


အဆင်သင့် ယူသုံးနိုင်တဲ့ Template များကို မြင်ရပါမယ်။ ဒီနေရာကို (Layout/Pick New Template) လို့ ဆိုရပါမယ်။


အကြိုက်ဆုံး တစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် Save Template တွင် Click နှိပ်ပါ။ မိမိ Blog ရဲ့ Template ကို ပြောင်းပေးသွားပါမည်။ View Blog တွင် Click နှိပ်ကြည့်နိုင်ပါသည်။



Page Elements (Widgets)

Page Elements တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညွှတ်မျှတအောင် ပေါင်းဆပ်ဆင်ယင်နိုင်မည်ဆိုပါက Page ရဲ့ အဆင့်အတန်းအရည်အသွေးကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။ မိမိတို့ Blog ရဲ့ဒီဇိုင်း (Template) ကိုလည်း Page element တို့ ထပ်မံပေါင်း စပ်ထည့်သွင်းပြီး စိတ်ကြိုက်တန်ဆာဆင်ထားလို့ ရပါတယ်။ ပုံမှန်အားဖြင့် Blog တစ်ခုဖန်တီးပြီးတိုင်း Profile တို့ Active တို့ဆိုတဲ့ Page element တွေကတော့ အလိုအလျှောက်ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒါတွေအပြင်၊ နာရီတို့၊ ပြက္ခဒိန်တို့။ မိမိမိတ်ဆွေတို့၏ Blog လိပ်စာများ အစရှိသည်တို့ကို Page element တွေအဖြစ် လိုသလို ထည့်သွင်းထားနိုင်ပါသေးတယ်။


Layout အောက်မှ Page elements တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာ ကို (Layout/Page element) လို့ဆိုပါမယ်။ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။ Contributors နှင့် Blog Archive ဆိုပြီး Page elements နှစ်ခုကို တွေ့ရပါမယ်။ ထိုနှစ်ခုက Blog စတင် Create လုပ်စဉ်ကတည်းကိုက အလိုလျောက်ပါပြီးသား ဖြစ်ပါတယ်။ ကိုယ်စိတ်တိုင်းကျ Page Elements သစ်တွေထပ်ထည့်ချင်ရင် " Add a page element" တွင် နှိပ်ပြိး ထပ်ထည့်နိုင်ကြပါတယ်။


မှတ်ချက်။ ။ မိမိရွေးခဲ့တဲ့ Template ပေါ်မှုတည်ပြီး Page element ထည့်နိုင်မယ့်နေရာတွေ အနည်းငယ် ကွဲပြားပါလိမ့်မယ်။



Add a Description

Blog Title အောက်တွင် Description ထည့်လိုက ထည့်ထားနိုင်ပါတယ်။ Description ဆိုတာက မိမိရဲ့ Blog သည် စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး အစရှီသည်တို့ထဲက ဘယ်ကဏ္ဍပေါ်မှာ အခြေခံတည်ဆောက်ထားသလဲဆိုတာကို ဖတ်ရူ့သူများအား အလွယ်တကူသိစေနိုင်မည့် အချက်အလက် စကားလုံးများပဲ ဖြစ်ပါတယ်။


Dashboard ပေါ်မှ Manage Setting တွင်နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။


Blog title ကိုပြင်လိုက ဒီနေရာတွင် ပြင်နိုင်ပါတယ်။ Description နေရာတွင် မိမိရေးလိုတဲ့ ကဏ္ဍကို ကိုယ်စားပြုမည့် စကားလုံးများကို ရိုက်ထည့်ပါ။ ပြီးလျှင် Page ၏ အောက်ခြေတွင်ရှိသော Save Setting ကို Click နှိပ်ပါ။


"setting were saved successfully" ဆိုတာ ပေါ်လာပါမည်။ သဘောက မိမိဖြည့်စွက်ခဲ့သည့် အတိုင်း ထည့်သွင်းပြင်ဆင်ပြိးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။


ဒါဆိုရင် Description ထည့်ပြီးသွားပြီ။ မိမိ Blog ကိုသွားကြည့်မယ်ဆိုရင် Blog title အောက်မှာက Description အဖြစ်ထည့်ခဲ့သော စာသားများကို မြင်ကြရပါမယ်။



Add a team Member

Blog တစ်ခုတည်းကို လူအများစုပေါင်းရေးလို့ရတယ်။ သဘောက ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မိမိ Blog မှာဝင်ရောက်ရေးသား Post တင်နိုင်အောင် လုပ်ထားလို့၇ပါတယ်။ အားသာချက်ကတော့ တစ်ယောက်မအားတဲ့အခါ တစ်ယောက်ဝင် ရေးကြခြင်းဖြင့် မိမိ Blog သည် အမြဲတမ်း Update ဖြစ်နေမယ်ပေါ့။


အဲ့လိုဝင်ရေးနိုင်အောင် သူတို့သည် မိမိ Blog ရဲ့ Member ဖြစ်ကြရပါမယ်။ Member ဖြစ်အောင်လုပ်ဖို့၇န် အပိုင်း(၂)ပိုင်း ရှိပါတယ်။ ပထမဦးစွာ Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကနေသူတို့ထံသို့ Email ဖြင့် Invite လုပ်ရပါမယ်။ ဒါက ကိုယ့်ဘက်က လုပ်ရမယ့်အပိုင်း။ ဟိုတစ်ဖက်က ၀င်ရောက်ရေးသားဖို့ရန် ဖိတ်ကြားခံရသူတွေ အနေနှင့်တော့ Invite လုပ်သည့် Email ရောက်လာပြီဆိုရင် ဖွင့်ဖတ်ပြီး Activate လုပ်ပေးရပါမယ်။ Activate လုပ်ပြီးတာနှင့် Member ဖြစ်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါပြီရှင်။



Invite လုပ်ခြင်း

Member ဖြစ်အောင် Invite လုပ်ရန်အတွက် Setting အောက်မှ Permission တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာကို (Setting Permission) Page လို့ ဆိုရပါမယ်။


Permission အောက်ရှိBlog Author နေရာတွင် ဒီ Blog မှာ ၀င်ရေးသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Member မရှိသေးသည့် အတွက် မိမိ တဦးတည်း၏ အမည်ကိုသာ မြင်တွေ့ကြရပါဦးမယ်။


Invite လုပ်ရန်အတွက် Add Author တွင် Click တစ်ချက်နှိပ်ပါ။ ထို့နောက် Member အဖြစ် ဖိတ်ကြား လိုသော သူ၏ Email လိပ်စာကို Invite more people နေရာတွင် ရိုက်ထည့်လိုက်ပါ။


Invite တွင် Click နှိပ်လိုက်ပါက Blogger သည် ထည့်သွင်းပေးခဲ့သော Email လိပ်စာထံသို့ Activation Link တစ်ခုပါတဲ့ Email တစ်စောင်ပေးပို့ပါလိမ့်မယ်။ ထို့အတူ Permission အောက်တွင် Invite ခုပ်လိုက်သော Email လိပ်စာပေါ်လာပါမည်။


အကယ်၍ အကြောင်းတခုခုကြောင့် Invite မလုပ်လိုတော့ပါက Remove တွင် Click နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။



Invite လုပ်ခြင်းကို လက်ခံခြင်း (Join a team Blog)

ယခုဆက်လက်ပြီး Member အဖြစ်ဖိတ်ကြားခံရသူတွေဘက်က ဆက်လက်လုပ်ဆောင်ကြရမယ့် Activation အပိုင်းကို ဖော်ပြသွားပါမယ်။ Blog မှာ ၀င်ရောက်ရေးသားရန် ဖိတ်ကြားသော Email ထဲသို့ ၀င်လိုက်ပါက Invite လုပ်သော Email message ကိုတွေ့ရပါမယ်။


၎င်း Message ကို ဖွင့်လိုက်ပါက အပြာရောင်စာသားများဖြင့် Activation Link တစ်ုခကိုတွေ့ရပါမယ်။ Member ဖြစ်အောင် Activate လုပ်ဖို့ရန် Link ပေါ်တွင် Click တစ်ချက်နှိပ်ပါ။


ဒါဆိုရင် www.blogspot.com သို့ရောက်ရှိသွားပြီး Invite လုပ်ခြင်းကို လက်ခံသဘောတူကြောင်း အတည်ပြုပေးရပါမယ်။ Username နေရာတွင် Email Address နှင့် Password နေရာတွင် ၄င်း Email Address နှင့် သက်ဆိုင်သော Password တို့ကို ထည့်ပေးရပါမယ်။


Username နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept Invitation တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး ၄င်း Blog တွင် ၀င်ရောက် ရေးသော Post တင်နိုင် ကြပါပြီ။


Manage team Member

ဖိတ်ကြားချက်ကို လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့ Member များဖြစ်လာကြပါပြီ။ အဲဒီ Member ဖြစ်လာသူတွေသည် ပုံမှန Default အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။ အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။


Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျှင် Blog အမည်ပြောင်းခြင်း၊ Template ပြောင်းခြင်း၊ Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို မိမိရဲကလုပ်ပိုင်ခွင့်များအတိုင်း ပေးအပ်ထားလို့လည်းရပါတယ်။


Setting အောက်မှ Permission တွင် Click နှိပ်ပြီး (Setting / Permission) သို့သွားလိုက်ကြရအောင်။ Permission အောက်တွင် ဒီ Blog မှာ ၀င်ရောက်ရေးသားနိုင်သူ Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို တန်းစီဖော်ပြထားပါလိမ့်မယ်။


အဲ့ဒီ Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးလိုသော Member အမည်ဘေးမှ Grant Admin တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန် အတည်ပြုချက်တောင်းခံသော Box တစ်ခုမြင်ရပါမယ်။ "Grant Admin Privilege" တွင် Click နှိပ်လိုက်ပါ။


ဒါဆိုရင် ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog အားမိမိကဲ့သို့ စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။



Add Poll

Poll ဆိုတာက အကြောင်းအရာ အဖြစ်အပျက် တစ်ခုပေါ်မှာ လူအများ၏ သဘောထား အမြင်တွေကို သိရှိနိုင်အောင် ကောက်ယူသော စစ်တမ်းတစ်မျိုးပင် ဖြစ်ပါတယ်။ ဆိုရရင် စစ်တမ်း ထုတ်ချင်တဲ့ မေးခွန်း တစ်ခု ဖန်တီးမယ်။ ပြီးရင် သဘောထားအမြင်တွေကို ခြုံငုံမိနိုင်တဲ့ အဖြေလေးတွေပေးထားလိုက်မယ်။ လာရောက်ဖတ်ရူသူတွေက သူတို့ဆန္ဒရှိတဲ့ အဖြေကို ရွေးချယ်ဖြေကြားသွားခြင်းဖြင့် အများဆန္ဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ သိနိုင်မယ်ပေါ့။


Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ "Add a page element" တွင် Click နှိပ်ကြရပါမယ်။ ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့် Element များပါဝင်တဲ့ Pop-up window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ ဆန္ဒရှိရာ Element ၏ Add to blog တွင် Click နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ်။


Pop-up window ထဲက " Poll " Section နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ "Create Poll" Window ကို မြင်ကြရပါမယ်။


ပြည့်စုံစွာ ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။ Pop-up window ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element သစ်တစ်ခု တိုးလာတာကို တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Poll ကို အောက်ပါအတိုင်း တွေ့ကြရပါမယ်။



Add Link List


မိမိ Blog ကို ၀င်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့ ညွှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ "Add a page element" တွင် Click နှိပ်ကြရမယ်။


Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ "Configure Link List" Window ကိုမြင်ကြရမယ်။


ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။


ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။


Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။


View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။


ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ၀င်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။


Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။ (ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။


ဒါဆိုရင် www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။


Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။



Email ဖြင့် Post အသစ်များတင်ခြင်း

Blogger ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address ပင်ဖြစ်ပါတယ်။

၎င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ၀င်ရောက်ပြိး ဖန်တီး ယူရမယ်။ ပြီးရင် လျှို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲပို့ပို့ အဲဒီလျှို့ဝှက်လိပ်စာဆီပို့လိုက်ပြီဆိုတာနှင့် Blog ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ လျှို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျှို့ဝှက်လိပ်စာ (Secret Email Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail ဖွင့်ပြီး ၄င်းလျှို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။

1. www.blogger.com ထဲသို့ Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Page လို့ခေါ်လိုက်ကျရအောင်။

2. Blog Send Address နေရာတွင် မိမိရဲ့ Email လိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေ၇ာတွင် လျှို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။ လျှို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။ ------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့် အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျှို့ဝှက်လိပ်စာဖြစ်ရမှာ ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ လျှို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။

3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။

ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန် အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို ကြည့်လိုက်ရအောင်……..

1. To နေရာတွင် လျှို့ဝှက်လိပ်စာကို ထည့်သွင်းပါ။
2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။
3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျှ ရေးပြီးပြီဆိုရင် နောက်မှ စာနောက်ဆုံးမှာ

Thursday, January 19, 2012

"မဟောင်းနွမ်းတဲ့ အလွမ်း"

"မဟောင်းနွမ်းတဲ့ အလွမ်း"




လွမ်းလိုက်တာဟာ
ထမ်းထားရတာ မဟုတ်ပေမယ့်
ရင်ထဲပင်ပန်းလိုက်တာ
လွမ်းရင်းနဲ့ လွမ်းချင်းတွေ ဖွဲ့လို့
ည ညဆို လွမ်းရင်း အိပ်မပျော်တာ များပေါ့


လွမ်းလိုက်တာဟာ
ထမ်းထားရတာ မဟုတ်ပေမယ့်
ရင်ထဲလေးလံလာလိုက်တာ
လွမ်းရင်းနဲ့ အလွမ်းသင့်ရက်တွေများလို့
ငါ့ရင်တောင် အလွမ်းနဲ့ ကျွမ်းလောင်ခဲ့ပေါ့


လွမ်းလိုက်တာဟာ
ထမ်းထားရတာ မဟုတ်ပေမယ့်
ရင်ထဲမှတ်တမ်းတွေ များတော့
မွေးသက္ကရာဇ် ရာဇ၀င် ဇာတာခွင်ပြန်စစ်ကြည့်တော့
အလွမ်းနဲ့သာ ထာဝရ ရှင်သန်ခွင့်ရမယ့်သူတဲ့


လွမ်းလိုက်တာဟာ
ထမ်းထားရတာ မဟုတ်ပေမယ့်
ဆွေးမြည့်တဲ့ ခံစားမှုနဲ့ အုတ်မြစ်ချထားတဲ့အချစ်
ရာစုနှစ်တွေ ပြောင်းတောင်မှ
ငါ့အလွမ်းတွေ မဟောင်းတော့ဘူး

(အနမ်းခံ ပန်းထက် အလွမ်းစံ ပန်းအဖြစ် ရှင်သန်ရစ်တဲ့ နှင်းဆီ)

Wednesday, January 18, 2012

"အတွေးပါးတဲ့နေ့"

"အတွေးပါးတဲ့နေ့"

ငါ့ ဘ၀ ငါ ခဏတာခွာကြည့်ပြီး
အမြှပ်ထနေတဲ့ အ၀ါရောင်ခွက်ထဲ
စီးဝင်ကြည့်ဖူးတယ်..........
ရေးတေးတေးအတွေးနဲ့
အေးဆေးလေးနေရမယ်ထင်ပေမယ့်
ဘ၀လမ်းက ကြမ်းသကွာ
လဲသွားလိုက် ပြန်ထလိုက်နဲ့
လွဲချော်မှုလမ်းမထက်
ငါ ကနေ့ မတ်မတ်လေး ရပ်ကြည့်ချင်သေးတယ်

၂၈လောက်အတွေးနဲ့ လောက ကိုစိန်ခေါ်လို့
ဘယ်လုံလောက်မလဲကွ ???

ဝါးသမျှဝင်တာဟာ
လည်မြိုလား
ပါးစပ်လား
အစာအိမ်လား
သေချာတာတော့
စွန့်ရမှာပါ !
(ရူးသွပ်တဲ့ အတွေးနဲ့ ကဗျာတွေရေးမိနေတဲ့ kindrose)

"ခွင့်လွှတ်ရင်ခွင်"

"ခွင့်လွှတ်ရင်ခွင်"

အဆုံးအစမဲ့ ပျံသန်းဖို့ မင်း
လမ်းတွေ့ တောင်
အတောင်ညောင်းတဲ့နေ့
ငါ့ရင်ခွင်ကိုင်းထက် လာနားလှည့်ပါ

ထာဝရပျံသန်းဖို့ မင်း
အားပြည့်အောင်
ငါ့နှလုံးသားကိုဓါးနဲ့ဆစ်
ငါ့အချစ်မေတ္တာရေ ဆောင်သွားပါလေ

အသိုက်ဝေးနေ ငှက်ကလေးရေ
ပျံသန်းရင်း လမ်းမပျောက်စေနဲ့ဟာ
အသိုက်ဖွဲ့ တဲ့ ငှက်ထက်
အသိုက်ခိုမယ့် ရက်ရောက်ရင်
ငါ့ရင်ခွင် အသိုက်ဟောင်း
ပြန်ပြောင်းခဲ့ပါ

ငှက်ကလေး ! နင်ပြန်သန်းရာလမ်းဖြစ်အောင်
ငါ့အချစ်တွေ ခင်းပေးထားတယ်
(နူးညံ့ စွာခံစားပြီး စွန့်လွှတ်စိတ်နဲ့ ချစ်တဲ့ နှင်းဆီ)

အရသာ"

အရသာ"



မယုံဘူး.........ကိုယ်တိုင်ကြုံခဲ့ဖူးလို့
(တစ်ခါ တည်းပါ)


မချစ်ဘူး........ကိုယ်တိုင်မေ့ပစ်ဖူးလို့
(တစ်ယောက်တည်းပါ)

အချစ်ဆိုတာ........ဖိုခနောက်လား ?

မီးတောက်လား ?

အဖြေမရှာခင်ဘဲ

သံယောဇဉ်ဟင်တစ်အိုး ကျက်ပေးပြန်ပေါ့

ပွဲတော်တည်ဖို့ စိတ်ပျက်တယ်

(ရူးသွပ်တဲ့အတွေးနဲ့ ကဗျာတွေရေးမိနေတဲ့ kinrose )