Monday, December 2, 2013

★ Fu has sent you a message

                          

Hi there,

Fu left a message for you

Read Message
You have received this email because a myZamana member has sent you a message. Click the button above to read your message.
Have fun!
The myZamana Team
                          

myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
Don't want to receive emails like this in the future? Unsubscribe from future emails.

Monday, November 25, 2013

★ Fu has sent you a message

                          

Hi there,

Fu left a message for you

Read Message
You have received this email because a myZamana member has sent you a message. Click the button above to read your message.
Have fun!
The myZamana Team
                          

myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
Don't want to receive emails like this in the future? Unsubscribe from future emails.

Friday, November 22, 2013

★ Fu has sent you a message

                          

Hi there,

Fu left a message for you

Read Message
You have received this email because a myZamana member has sent you a message. Click the button above to read your message.
Have fun!
The myZamana Team
                          

myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
Don't want to receive emails like this in the future? Unsubscribe from future emails.

Sunday, January 13, 2013

Take a look at ရင်ခွင်တစ်စုံ

facebook

Take a look at ရင်ခွင်တစ်စုံ


You shared your email with ရင်ခွင်တစ်စုံ and they've suggested you like their page on Facebook

Sign up for a Facebook account if you want to like ရင်ခွင်တစ်စုံ and connect with other friends. Or you can simply view the Page.
ရင်ခွင်တစ်စုံ
မင်းပစ်သွားတဲ့ ရင်ခွင်တစ်စုံဟာ မင်းငိုလို့ ရင်ခွင် မရှိရင် တံခါးမရှိ ၀င်ခိုနိုင်တယ်။
4 likes · 0 talking about this

Sign Up for Facebook
View Page
This is Spam
This message was sent to lwan.nay.ya.thu.par.beloved@blogger.com. If you don't want to receive these emails from Facebook in the future, please unsubscribe.
Facebook, Inc., Attention: Department 415, PO Box 10005, Palo Alto, CA 94303

Friday, December 21, 2012

ဘာသာလွတ် တစ်ယောက် ရဲ့ ဥဒါန်း


ဘာသာလွတ် တစ်ယောက် ရဲ့ ဥဒါန်း   -- by - ကိုအောင်ကျော်မိုး
=========================
ဒီနေ့ ကမ္ဘာကြီး ရဲ့ နေရာ အနှံ့အပြားမှာ ရော အွန်လိုင်းစာမျက်နှာ တွေ မှာ ပါ ဘာသာရေး ကို အခြေခံတဲ့ မုန်းတီးမှု တွေ သတ်ဖြတ်မှုတွေ အစဉ်တစိုက် ကြား နေရတဲ့ အခါမှာ ဘာသာတရား ဆို တဲ့ အရာကို စိတ်ကုန်လာတဲ့ လူသားတွေ မနည်းမနောပါပဲ။ လူ့ ငြိမ်းချမ်းရေး ကို ဆောင်ပါ့မယ်လို့ အာမခံ ထားတဲ့ ဘာသာတရား ကို အခြေခံပြီးတော့ လူတွေ အချင်းချင်းမုန်းတီးကြရတာ တိုက်ခိုက်သတ်ဖြတ်နေရတာ တွေ ကို မြင်နေရတော့ တော်တော်လဲ တရားကျမိပါရဲ့။ ငိုအားထက်ရယ်အားသန် စေတဲ့ ဘာသာရေး တွေ ပါလား။ ဘာသာတရား တွေ က အတ္တ ကို ပယ်ခွာဖို့ ပရ ကို ချစ်ဖို့ အကျိုးဆောင်ဖို့ သွန်သင်ကြပေမဲ့ လက်တွေ့ မှာ တော့ ဘာသာရေးယုံကြည်မှု တွေ ဟာ အုပ်စုဖွဲ့ အတ္တစွဲ တွေ ကို ကြီးထွားစေပြီးတော့ ဘာသာရေးအုပ်စု အချင်းချင်း မုန်းတီးမှု တွေ ကို ပဲ ဖြစ်ပွား စေနေ တာ ကို တွေ့ နေ ရပါတယ်။ ဘာသာတရား တွေ က ဘယ်လောက်ပဲ ဖြူစင်မွန်မြတ် ပါစေ..အဆိပ်သင့် နေတဲ့ လူ့ နှလုံးသားတွေ ထဲ ထည့်လိုက်တဲ့ အခါ အချင်းချင်း ခွဲခြား မြင်ဖို့ မုန်းတီးရန်ရှာ ကြဖို့ အတွက် ပဲ ဖြစ်လာ ကြပါတယ်။ သည်းခံခြင်း ကို တွင်တွင် ဟော နေ တဲ့ ဘာသာတရားတွေ က မိမိ ကိုလာထိ ရင် မီးပွင့်သွာစေရမယ် ဆိုတာမျိုး တွေ ဖြစ်လာ ပြန် ပါသေး တယ်။


ဒီလို နဲ့ ပဲ ဘာသာရေး အဆောက်အအုံတွေ ကို စိတ်ပျက်ငြီးငွေ့ လာနေရာ က နေ ရိုးရိုးလေး ဘာသာလွတ်သူ တစ်ယောက် ဖြစ်ခဲ့ တယ်။


ဘာသာလွတ် ဆို တော့ တစ်ချို့ က ဘာသာမဲ့ လို့ ထင် ကောင်းထင်ကြလိမ့်မယ်။ တစ်ကယ်တော့ ဘာသာလွတ် ဆို တာ ဘာသာမဲ့ တော့ မဟုတ်ဘူး။ ဘာသာလွတ်သူ က ဘာသာမဲ့ သူ နဲ့ နည်းနည်းမဟုတ်ပဲ များများကြီး ကွာ ပါတယ်။ ဘာသာမဲ့ ဆို တာ Non-Religious Irreligious Anti-Religious စတဲ့ အင်္ဂလိပ်ဝေါဟာရတွေ နဲ့ ဖေါ်ပြကြတယ်။ ဘာသာမဲ့ ဆိုတဲ့ စကားလုံးမှာ ပါတဲ့ ((မဲ့)) ဆို တာ မရှိခြင်း ချွတ်ယွင်းခြင်း ဆိုတဲ့ အနက်တွေ ပါလေတော့ ဘာသာမဲ့ ဆိုတာ ဘာသာရှိသူတွေ က နှိမ်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းလို ဖြစ်နေပါရဲ့။ ပညာမဲ့ ဥစ္စာမဲ့ ဆွေမဲ့မျိုးမဲ့ အိုးမဲ့ အိမ်မဲ့ စ သဖြင့် မကောင်း တဲ့ အဓိပ္ပါယ်တွေ နဲ့ သုံးနှုန်းကြတယ်။ တကယ်တော့ ဘာသာမဲ့ တွေ ဟာ ဘာသာရေး နဲ့ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှု ကင်းမဲ့ နေသူတွေ ဖြစ်ပြီးတော့ သူတို့ လောက အမြင် က သဘာဝတ္ထ၀ါဒ (Naturalism) ဖြစ်ပြီး သူတို့ ဘ၀ အမြင် က လူသားဝါဒ (Humanism) ဖြစ်ပါတယ်။


အနောက်နိုင်ငံ မှာ တော့ ခြုံငုံမိတဲ့ ဝေါဟာရ အသစ်တွေ ထွက်လာ တယ်။ ဘာသာမဲ့ တွေ ကို Brights လို့ ခေါ်ကြပြီး ဘာသာရှိသူတွေ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှုရှိသူ တွေ ကို တော့ Supers တွေ လို့ ခေါ်ကြတယ်။ ဒီ ဝေါဟာရတွေ နဲ့ ပတ်သက်လို့ ဆက်ငြင်းကြခုန်ကြဆဲပဲ..။ ဘာသာမဲ့ တွေ က ကိုယ့်ကိုယ်ကို Bright လို့ ခေါ်တာ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော်များ ဖြစ်နေလေသလား ၀ိုင်း ဝေဖန်ကြပါတယ်။ ဘာသာမဲ့ တွေ ကပြန်ချေပ တာ က ဘာသာရှိသူတွေ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှုရှိသူ တွေ ကို Supers တွေ လို့ ခေါ် ထားတာ လဲ သူတို့တွေ ကို မနှိမ်ပဲ ဂုဏ်ပြုခေါ်ဝေါ်ထားတာ ဖြစ်တဲ့ အကြောင်း ပြန်ချေပ ပါတယ်။


ရှိစေတော့။ ဘာသာမဲ့ ပဲ ခေါ်ခေါ် Bright ပဲ ခေါ်ခေါ် သူတို့ ရဲ့ တူညီတဲ့ လောက အမြင် က သဘာဝတ္ထ၀ါဒ (Naturalism) ဖြစ်လို့ ဘာသာမဲ့ တွေ ဟာ လောက မှာ ဖြစ်ဖြစ်သမျှ အကြောင်းချင်းရာ တွေ ကို သဘာဝအခြေပြုရှင်းပြချက်တွေ (Naturalistic Explanations) တွေ ပဲ ပေးဖို့ ကြိုးစားပါတယ်။ သိပ္ပံပညာ နယ်ပယ် အသီးသီး က ဒီလို အသိတွေ ရှင်းလင်းချက်တွေ ရရှိနိုင်ဖို့ ကြိုးစားနေတာ ဖြစ်လို့ ဘာသာမဲ့တွေ ရဲ့ လောကအမြင် အခြေခံ ဟာ သိပ္ပံ တွေ့ ရှိချက် တွေ လို့ ပဲ ဆိုရ မှာ ဖြစ်တယ်။ တနည်းအားဖြင့် ဘာသာမဲ့တွေ ရဲ့ လောကအမြင်ဟာ သိပ္ပံနည်းကျ လူသားဝါဒ အမြင် Scientific Humanism ဖြစ်ပါတယ်။ အရာရာ မှာ သဘာဝလွန်တန်ခိုးတွေ နဲ့ အကြောင်းပြချက် တွေ ကို လက် မခံသူတွေ ပါပဲ။


ဘာသာလွတ် ဆို တာ က ဘာသာမဲ့ သူ မဟုတ်ပဲ ဓမ္မသစ္စာတရား ကို လွတ်လပ်စွာ ရှာဖွေ ကျင့်သုံး ဆောက် တည်သူ ဖြစ် ပါတယ်။ ဘာသာလွတ်သူ ဆို တာ ဘယ် ဘာသာရေး ဂိုဏ်းဂဏ အဖွဲ့အစည်း ကို မှ ကိုယ်စား မပြု ပဲ သီးခြား ရပ်တည် ပြီး နေတဲ့ အတွက် သူ့ ကို ဘာသာရှိ လို့ သတ်မှတ်လို့ မရသလို ဘာသာမဲ့ လို့ လဲ ခေါ် မရပြန်ဘူး။ ဘာသာရှိ သူ နဲ့ ဘာသာလွတ်သူ တူညီချက် က တော့ လူသား မှာ ရုပ် သဘာဝလော က နဲ့ သိပ္ပံပညာလောကအမြင် တွေ ကို ကျော်လွန် နေတဲ့ လောကုတ္တရာ သစ္စာတရား တွေ ရှိ နေတယ် ဆို တာ ကို ယုံကြည်သက်ဝင် မှု ပါပဲ။ ဒီ ရှု ထောင့် က ကြည့် ရင် ဘာသာလွတ်သူ ဟာ ဘာသာရှိသူ လို ပဲ Supers တွေလို့ ခေါ်နိုင်တယ်။ ဘာသာလွတ်သူ ဟာ ဘာသာမဲ့ သူ လက်မခံနိုင်တဲ့ သဘာဝ လွန် စိတ်နယ်လွန် တွေ ကို လက်ခံယုံကြည်နိုင်သူ လဲ ဖြစ် ပါတယ်။


ဘာသာရှိ သူ နဲ့ ဘာသာလွတ်သူ တွေ အကြား ကွဲပြားခြား နားချက် က တော့ ဘာသာရှိ သူ အများစု ဟာ ဓမ္မသစ္စာတရား ကို ဘာသာတရား တစ်ခု ရဲ့ ဘောင်ထဲ မှာ ပဲ ကန့်သတ် ရှာဖွေ ကြပြီးတော့ ဘာသာရေး အင်စတီကျူးရှင်းတွေ ရဲ့ အာဏာသက်ရောက်မှု အောက်မှာ ပဲ ဘာသာရေး ကို ကျင့်သုံးကြ တယ်။ ဘာသာလွတ်သူ တွေကတော့ ဓမ္မသစ္စာတရား ကို ဘာသာတရား တစ်ခု ရဲ့ ဘောင်ထဲ မှာ ပဲ ကန့်သတ်ချုပ်နှောင် ထားလို့ မရ နိုင်ဘူး လို့ မြင် ကြပါတယ်။ ဓမ္မ (Truth) နဲ့ ဓမ္မတရား (Doctrine and Religion) တွေ ရဲ့ ပါးလွှာတဲ့ ခြားနားချက် ကို လဲ မြင်သူ တွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဘာသာလွတ်သူ ဟာ ဘာသာရေး အင်စတီကျူးရှင်းတွေ ရဲ့ အာဏာသက်ရောက်မှု အောက်မှာ မနေပဲ သီးခြားရပ်တည် လို့ ဓမ္မသစ္စာတရား ကို လွတ်လပ်စွာ ရှာဖွေ ကျင့်သုံး ဆောက် တည်သူ ဖြစ် ပါတယ်။


----------------------------
ဘာသာလွတ်သူ တွေ ရဲ့ လက္ခဏာများ
=========================
ဘာသာလွတ်သူ တွေ ရဲ့ ထင်ရှားတဲ့ လက္ခဏာ တွေ ကို ကြည့် ရင် အောက် ပါ အတိုင်း တွေ့ ရမှာ ဖြစ် ပါတယ်။


ဘာသာလွတ်သူ တွေဟာ လောကုတ္တရာဝါဒီ တွေ ဖြစ်တယ်။ လောက ကို ကျော်လွန်တဲ့ စိတ်ပိုင်းဆိုင်ရာ နယ်မြေတွေ ကို လက်ခံသူတွေ ဖြစ်တယ်။ လူ ဟာ မိမိ ကျင့်ကြံအားထုတ်မှု နဲ့ သဘာဝနိယာမတွေ ကို ပေါင်းစပ်ပြီးတော့ စိတ်နှလုံး ရဲ့ အေးချမ်းငြိမ်သက်လွတ်မြောက်သန့်စင်မှု ကို ရနိုင်တယ် လို့ လက်ခံသူတွေ ဖြစ်တယ်။ ဘာသာရှိ တွေ မျှော်လင့်ယုံကြည်သော လောကုတ္တရာ တန်ဖိုးတွေ ကို နားလည် လက်ခံသူ ဖြစ်သော် လည်း သူဟာ လောကုတ္တရာဓမ္မ ကို ပုံစံခွက် အသေထဲ ထည့်မထားချင်သူ သာ ဖြစ်တယ်။ အမည် အမျိုးမျိုး နဲ့ ပညတ် ကြတဲ့ လောကုတ္တရာ ပန်းတိုင် အသီးသီး ကွဲပြားနေနိုင်မှု ကို လဲ လက်ခံ သူ ဖြစ် ပါတယ်။


ဘာသာလွတ်သူ တွေ ဟာ သစ္စာတရား ရဲ့ အနှစ်သာရအားဖြင့် တစ်ခုတည်း ဖြစ်မှု ကို ယုံကြည်တာ နဲ့ တစ်ချိန်တည်းမှာ သစ္စာတရား ရဲ့ ပေါ်လွင်ထင်ရှား လာတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး ကို လဲ လက်ခံသူတွေ ဖြစ်တယ်။ ဓမ္မ (Truth) ရဲ့ အဒွယ ဖြစ်မှု သဘော=တစ်ခုတည်းသဘော နဲ့ ဓမ္မတရား (Doctrine and Religion) တွေ ရဲ့ ဗဟု သဘော ကို လက်ခံသူတွေ ဖြစ်တယ်။ ဘာသာလွတ်သူ ဟာ ဘာသာရေးဗဟုဝါဒီ ဖြစ်လို့ ဘာသာတရားတွေ အားလုံးဟာ အနှစ်သာရ အခြေခံ အားဖြင့် အတူတူ ပဲ ဖြစ်တယ် ဆို တဲ့ Perennialism ကို လက်မခံ ပါဘူး။ လက်ခံလို့လဲ မရနိုင်ကြောင်း သိသူ ဖြစ်တယ်။ ဘာသာတရား တွေ ရဲ့ ကွဲပြားခြားနားနေတဲ့ သစ္စာတရားတွေ ရဲ့ အလှ ကို ပဲ နှစ်သက်သူ ဖြစ် ပါတယ်။


ဘာသာလွတ်သူ တွေဟာ တစ်သီးပုဂ္ဂလ၀ါဒီတွေ (Individualists) တွေ ဖြစ်တယ်။ ပုဂ္ဂိုလ်သဘာဝ နဲ့ ဖြစ်တည်နေတဲ့ လူသားတစ်ဦးချင်းစီရဲ့ အတ္တဘ၀ နဲ့ အာဏာ ကို အမြင့်ဆုံးတန်ဖိုးထားသူတွေ ဖြစ်တယ်။ အဆုံးစွန်သော သစ္စာတရား ဟာ အုပ်စု ဂိုဏ်းဂဏ တွေ တရားရိပ်သာတွေ ဘာသာရေး အင်စတီကျူးရှင်း တွေ ရဲ့ အပ မှာ ပဲ ရှိတယ် လို့ ယုံကြည်သူတွေ ဖြစ်ကြတယ်။ သစ္စာတရား ကို ဟင်းချက်နည်း ချဉ်းကပ်မှု (Cooking Book Approach) နဲ့ ရှာဖွေ လို့ မရနိုင် ဘူးလို့ ယူဆသူ ဖြစ်ပါတယ်။ သစ္စာတရား ဟာ အတတ်ပညာ သဘော ထက် အနုပညာသဘော ပို ဆန်တယ် လို့ မြင်သူ ဖြစ်ပါတယ်။


ဘာသာလွတ်သူ တွေဟာ လွတ်လပ်စွာတွေးခေါ်ယူဆတတ်သူတွေ (Free Thinkers) တွေ ဖြစ်တယ်။ ဘာသာလွတ်သူ တစ်ယောက် ဖြစ်လာရခြင်း ကပဲ သူဟာ လွတ်လပ်စွာ တွေးခေါ်ယူဆ တတ်တာ ကြောင့် ပဲ ဖြစ် တယ်။ ဘာသာရှိ တွေ လို ဘာသာရေးအမှန်တရားတွေ ကို တရားသေ၀ါဒ အခြေခံဝါဒ တွေ နဲ့ မခံယူသူ လဲ ဖြစ်တယ်။ ဘာသာရေးကျမ်းဂန် တွေ ဟာ သမိုင်းရဲ့ ထုတ်ကုန်တွေ လူလုပ်စနစ် တွေ ဖြစ်လို့ ဒါတွေ ကို သတိနဲ့ ဝေဖန်ဆန်းစစ် ချဉ်းကပ်ဖို့ လို တယ်လို မြင်သူ ဖြစ်ပါတယ်။ တစ်ဖက်မှာ လဲ ဘာသာမဲ့ တွေ လို့ ရုပ်နယ်လွန် တန်ဖိုးမှန်သမျှ ကို လက်မခံချင် တဲ့ အစွန်းတရား ကို လဲ ဆန်းစစ်ရှောင်ကြဉ် ပါတယ်။ ဘာသာမဲ့ အများ အခြေပြု ကြတဲ့ သဘာဝသိပ္ပံပညာ ဆို တာ လဲ သူ့ အကန့်အသတ် နဲ့ သူ ရှိနေလို့ ဖြစ် ပါတယ်။ ဒီတော့ ဘာသာလွတ်သူ ဟာ ဘာသာရေးကျမ်းဂန် ပဲ ဖြစ်ဖြစ် သိပ္ပံပညာ ကို ပဲ ဖြစ်ဖြစ် မျက်စိမှိတ် တရားသေ မစွဲ ကိုင်တတ်သူ လို့ ဆိုချင် ရင် ဆိုနိုင် ပါတယ်။


ဘာသာလွတ်သူ တွေဟာ နိုင်ငံရေးအရ လစ်ဘရယ်ဝါဒီတွေ (Liberals) ဖြစ်တယ်။ ဘာသာလွတ်သူ ဟာ လွတ်လပ်ခြင်း ကို တန်ဖိုးထားသူ ဖြစ်လို့ မည်သည့် နိုင်ငံရေးအာဏာ ဘာသာရေးအာဏာ ဟူသမျှ ရဲ့ ဗဟိုထိန်းချုပ်မှု လက်ဝါးကြီးအုပ်မှု ကို မဆို လက်မခံလိုသူ ဖြစ်တယ်။ အင်စတီကျူးရှုင်း တွေ ရဲ့ တည်ရှိနေမှု ကို လက်ခံပေမဲ့ ပုဂ္ဂလလူသား ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ နဲ့ လွတ်လပ်ခွင့် ဟန်ချက်ညီေ အာင် ထား သင့်တယ်လို့ လဲ မြင် ပါတယ်။


ဘာသာလွတ်သူ တွေဟာ ဘာသာရေးကဏ္ဍ ကို နိုင်ငံရေး နဲ့ တစ်သီးခြား ထားချင်တဲ့ ဆီကျူလာဝါဒီတွေ (Secularists) ဖြစ်တယ်။ ဒါကတော့ လစ်ဘရယ် ဖြစ်ခြင်း နဲ့ အတူ ပါလာ တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဘာသာရေး တွေ ဟာ အထွေအထွေ နိုင်ငံရေးရာ တွေ နဲ့ ကင်းရှုင်းစွာ နေဖို့ လို တယ် လို့ မြင် ပါတယ်။ နိုင်ငံရေးရာ ဆိုတာ လူမျိုးစုံ ဘာသာစုံ ယဉ်ကျေးမှုအစုံ ပါဝင်တဲ့ ပြည်သူ့ရေးရာ တွေ ကို စီမံခန့်ခွဲ ရတာ ဖြစ်လို့ နိုင်ငံရေး နယ်ပယ် ဟာ ဘာသာလွတ် ဖြစ်သင့်တာ အမှန်ပါပဲ။ နို့မဟုတ် ရင် ဘာသာရေး အုပ်စု တွေ အကြား ပဋိပက္ခ တွေ ကို ပို မိုကြီးထွား စေလို့ပါပဲ။


ဘာသာလွတ်သူ တွေဟာ ဘာသာရေး နယ်ပယ် နဲ့ ဒဿနပညာ နယ်ပယ် သိပ္ပံပညာနယ်ပယ် တွေ ကို တစ်သီးတစ်ခြားစီ အဖြစ် ရှုမြင်သူတွေ ဖြစ်တယ်။ အချို့သော ဘာသာရှိ တွေ ဟာ မိမိ ဘာသာတရား ကို သိပ္ပံပညာနဲ့ နှိုင်းယှဉ် ရုံ မက သိပ္ပံ နဲ့ ကိုက်တယ် ဆိုတဲ့ အကြောင်း ရှေ့နေလိုက်တတ် ပါတယ်။ အချို့ အစွန်းရောက်သူ တွေ ကတော့ ဘာသာရေး က တောင် ပို သာသလို ပြောတတ် ကြသေးတယ်။ ဒါတွေ အားလုံး ကို ဘာသာလွတ်သူ က ငြင်းဆို ပါတယ်။ ဘာသာရေး နဲ့ သိပ္ပံ သူ့စည်း ကိုယ့်စည်း နဲ့ နေကြဖို့ ကို ပဲ ဘာသာလွတ်သူ က လို လား ပါတယ်။


ဘာသာလွတ်သူ တွေဟာ လောကီဘ၀ နဲ့ လူမှုကိုယ်ကျင့်တရားတွေ ကို တန်ဖိုးထားတဲ့ လူသားဝါဒီတွေ (Humanists) တွေ လဲ ဖြစ်တယ်။ တနည်းပြော ရရင် ဘာသာရေးတန်ဖိုးတွေ နဲ့ လူသားတန်ဖိုး တွေ ကို မယုတ်မလွန် ချင့်ချိန်ခံယူသူ ပဲ ဖြစ်တယ်။ ဘာသာရေး အတွက် လူသားတန်ဖိုးတွေ ကို စတေးပစ် တာ ကို စက်ဆုပ်သူ လဲ ဖြစ်တယ်။ ဘာသာတရား တိုင်းဟာ လူသားဝါဒ နဲ့ လူ့ ဂုဏ်သိက္ခာ ကို တော့ တန်ဖိုးထားသင့်တယ် လို့ ဘာသာလွတ်သူ က မြင် ပါတယ်။


ဘာသာလွတ်သူ တွေ ဟာ လက်တွေ့အခြေပြုစဉ်းစားတဲ့ ပရက်ဂမာဝါဒီတွေ (Pragmatists) ဖြစ်တယ်။ ဆိုလိုတာ က ဘာသာရေး ဟာ စင်ပေါ်တင် ကိုးကွယ်ဖို့ ထက် လက်တွေ့ဘ၀ မှာ လူသားငြိမ်းချမ်းရေး လွတ်မြောက်မှု နဲ့ ကောင်းမြတ်ခြင်းတရားတွေ လောက မှာ ဖန်တီးဖို့ ကိရိယာ ပဲ လို့ မြင်တယ်။ အသုံးချ နိုင်မှု ကို ပို ဦးစား ပေးစဉ်းစာ ပါတယ်။ ဘာသာရှိသူတွေ နဲ့ ကွဲလွဲနေချက် ပဲ ဖြစ် ပါတယ်။ ဘာသာမဲ့ တွေ လို့ ဘာသာရေးဟာ အပို ဖြစ်တယ်လို့ လဲ ဘာသာလွတ် က မမြင် ပဲ ဘာသာရေး ကို ဘ၀အတွက် အသုံးဝင်တဲ့ အရာ အဖြစ်ခံယူ ပါတယ်။
.............................

Saturday, November 3, 2012

လင်းမလိုနဲ့ မှောင်နေတဲ့ အာလူးစားသူများးးးးးး


 

ငါ့အတွက် ညတွေက မှောင်နေတာလဲ ကောင်းတယ်ဆိုတော့

ကောင်မလေးက လွင်လွင်လေးရယ်တယ်။

ဘ၀ဆိုတာ ဘာဆိုလား ညာဆိုလားဆိုပြီး...

ရီသံတွေကြားမှာ နစ်မြုပ် နှစ်မြုပ်လိုက်ရင်း

နှာခေါင်းကတော့ ဖေါ်ထားလျှက်ဘဲ..

ငါ့ဟာ ထိုးကျွေးခံလိုက်ရတဲ့ ပွန်းတစ်ကောင်ဆိုတော့

ကောင်မလေးက လွင်လွင်လေးရယ်တယ်။

ပွန်းဆိုတာဒီလိုဘဲ ဆိုပြီး ပြောရင်းဆိုရင်းနဲ့

ပြောလည်းပြော ဆိုလည်းဆိုနဲ့

သူ့ကို မေးမယ့်မေးခွန်း အချို့က

ဘုရင်တွေ မရှိရင်ရောဆိုတော့.........

ငေးငေးငိုင်ငိုင်နဲ့ ငေးငိုင်နေရင်း

ငေးငိုင်နေတုန်း

ကဲ..ဘုရင် မရှိရင်လည်း ပွန်းတွေချည်းဘဲလဲ အသက်ရှင်နိုင်တာဘဲလေ......

ဘာကွယ့် ညာကွယ့် အုပ်ချုပ်မှု့ကို ဟန်ရေးလုပ်ရင်း

ငါ့ကို ရစ်ပတ်လာတဲ့ အုပ်ချုပ်မှု့တွေကို ငါ အရေးမလုပ်

(ေ*ာက် ဂရုလည်း မစိုက်ဘူး။)

ဘုရင်ဆိုတဲ့ ကောင်က အုပ်ချုပ်မှု့တည်မြဲဖို့ လုပ်တဲ့ကောင်ဘဲ ဆိုတော့

ကျွန်တော့ရဲ့ ရိုင်းစိုင်းမှု့ကို သူမက လွင်လွင်လေး ရယ်ရင်းးးး

လူတွေ အကြောင်းကို သင်ကြားပေးဖို့ ဆိုပြီး

ပေတံလေး လက်ဝါးလောက်ရှိတဲ့ သင်ရိုးညွှန်းတမ်းနဲ့

လူဖြစ်တည်မှု့နဲ့ နေထိုင်မှု့တွေ အကြောင်း သင်ပေးနေလေရဲ့

ဒါပေမယ့် ငါသင်ချင်တာက လူသား ပဒါန နဲ့ လူသားတစ်ယောက်ရဲ့

ဖြစ်တည်မှု့ တန်ဖိုးဆိုတော့ စာအုပ်ထဲမှာ အပြေးအလွှားရှာရင်းးး

သူမ လက်မှိုင်ချ

(လက်မှိုင်လည်းချ လက်ထဲက စာအုပ်ထဲချရင်းး)

ကျွန်တော့ကို ဆွေဆွေလေးကြည့်တယ်။

ကျွန်တော်ကတော့ လွင်လွင်ကလေး ရယ်လိုက်တယ်။

နောက်ဆုံးတော့......

ငါ့အတွက် နဲ့

ပေါင်းဖက်မရတဲ့ လူတွေအတွက်

ငါ့ကိုငါ မှောင်ထားလိုက်တာဘဲကောင်းပါတယ်လေ......

ဒါမှ အဇ္ဈတ္တတွေ အတ္တတွေ အနိုင်ယူလိုမှု့တွေ

ကောက်ကျစ်မှု့တွေ လိမ်လည်မှု့တွေ

ကိုယ့်ကိုကိုယ် ဘာဖြစ်မှန်းမသိ ဖြစ်တဲ့အရာတွေ

(မိုက်မိုက်ကန်းကန်း အတ္တကြီးမှု့တွေ)

ကဲ.........................

ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေလိုက်တယ်။

ဒီနေ့တွေကတော့ စိမ်ပြေနပြေ ဘဲလေ.....

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®




Monday, October 8, 2012

ဆယ်ရက်ဆယ်လ......

ဆယ်ရက်ဆယ်လ......




စိတ်အကြည်ဓါတ်ကို ပုံဖေါ်ပေးတဲ့ နေ့ရက်

ကောက်ကြောင်းများအတွက် င့ါကိုငါ ပြန်သိအောင်

ကြည့်နေမိတဲ့ နေ့ရက် ၁၀ရက် ၁၀လ (10.10)

ဒီလိုနေ့မျိုး မရှိသေးခင် ဘ၀ဆိုတာကို လိုက်ကာချ

အမှော်ထုကနေ ကြည့်နေမိရဲ့

လှုပ်ရှားသွားလာနေသော အတ္တရဲ့ ခြေချောင်းများရဲ့

လှုပ်ရှားမှုပုံ….

အတ္တရဲ့ လှုပ်ရှားမှု့နဲ့ ရောရောင်လိုက်ရင်းး

တဖြည်းဖြည်း ဖြတ်ကျော်လာခဲ့တဲ့ နေ့ရက်

ငါ့ကိုငါ လက်ချိုးပြီး ရေတွက်နေမိတာ..

ဘာအတွက် အသက်ရှင်ရတာလဲ

ကဗျာအတွက်လား၊ ဘာသာအတွက်လား၊အတ္တအတွက်လား

မိသားစု အတွက်လား၊ ဘာလားညာလားးးး

ဘာအတွက်မှ ရေရေရာရာမရှိ…

မြစ်ကျောထဲ စီးမျောရင်း မျောရင်း မျောပါရင်းးးးးးး

မျောပါရင်းနဲ့ သမုဒ္ဒရာ အကြောင်း စူးစမ်းလေ့လာမိချင်ရဲ့။

ဘာတွေညာတွေလုပ်ရင်း ကိုယ့်လှေကိုယ်ထိုးလာခဲ့တာ

ပဲခူးတောင် ရောက်လုလု ဖြစ်နေပြီ။

နောက်ပိုင်း အသက်အရွယ်ကရလာတာနဲ့ အမေ့ကို မဖြစ်မနေ ဦးချတဲ့ နေ့ရက်တစ်ရက်

ကျေးဇူးတင်ပါတယ် ဆိုတာကို ပါးစပ်က မပြောပေမယ့်

စိတ်ထဲကနေပြောတဲ့ နေ့ရက်

ဘာဘဲပြောပြော င့ါအတွက် အရမ်းမြင့်မြတ်တယ်။

ဒီနေ့မှာဆိုရင် လောဘတွေ ကင်းတဲ့ နှစ်နေရာကို သွားဖြစ်တယ်။

တစ်နှစ်တိုင်း တစ်နှစ်တိုင်း ကောင်မလေး တစ်ယောက်တိုင်း တစ်ယောက်တိုင်းနဲ့

နှစ်ဆယ့်လေးနာရီ မပြည့်သော လူတွေအကြောင်းကို ထိုင်နေရင်းလဲ တွေးဖြစ်တယ်။

ငါကရော နှစ်ဆယ့်လေးနာရီ ပြည့်သောသူ ဟုတ်ပါ့မလားလို့

နေ့ရက်တိုင်း မဟုတ်ပေမယ့် ဆယ်ရက်ဆယ်လ တိုင်းတော့ ပြည့်ချင်မိပါရဲ့။

ညဘက်လုပ်တဲ့ မွေးနေ့ပွဲတွေ မလုပ်ခဲ့ပေမယ့် (မလိုချင်တာလဲ ပါတယ်။)

ဦးထုပ်ဖြူဖြူလေးထဲမှာ ဦးနှောက်ကို ထည့်ဆောင်းရင်း

ကောင်မလေး တစ်ယောက်ယောက်နဲ့တော့ မီးအတူတူ ထွန်းဖူးချင်တယ်။

သိတတ်စ အရွယ်ထဲက ဆယ်ရက်ဆယ်လ တိုင်းမှာ မျဉ်းတစ်ကြောင်းဆွဲတယ်။ (ချစ်တယ်)

ဘ၀ရဲ့ စက္ကူပါးပါးပေါ်မှာ ငါချစ်ခဲ့တဲ့ မျဉ်းက ကောက်တယ် ကွေးတယ်

တစ်ခါတစ်ရံ အပေါ်တက်တယ်။ အောက်ကျတယ်။

(ရလဒ်တွေက ချိုမလိုနဲ့ ခါးခဲ့ဖူးတာလဲ ရှိတယ်။ ခါးမလိုနဲ့ ချိုခဲ့တာလဲ ရှိတယ်။)

အဲ့နေ့မှာ လက်ဆောင်လုပ်ထားတဲ့ နှလုံးသားတစ်စုံကိုလည်း ရရှိအောင်

ကြိုးစားဘူးတယ်။ ရလာတဲ့ လက်ဆောင်ကိုလည်း ဘုရားပေါ်မှာ ပြန်ပစ်ထားဘူးတယ်။

ငါအဲ့နေ့မှာ အတ္တမကြီးချင်လို့လေ…

ငါအတ္တများ အရမ်းကြီးသွားလား ကောင်မလေးး..

ဒါပေမယ့် ဒီနေ့မှာ ငါပျော်ပါတယ်….

(လက်ဆောင်ထုပ်တွေ ထည့်ထားတဲ့ ပုံးရယ် လူတွေ ပါးစပ်က ထွက်ချတာတဲ့

စကားလုံး (happy birthday) ဆိုတာကို မကြားရရင်ပေါ့)

ဘတ်ဒေးကိတ်ပေါ်က ဖယောင်းတိုင်မီးတွေ မှုတ်နေမှာထက်

Happy Birthday သီချင်းဆိုပေးနေမှာထက်

နှလုံးသားအတုတွေထည့်ထာားတဲ့ ပါဆယ်ထုပ်တွေထက်

ဖုန်းတွေနဲ့ Wish လုပ်နေတာထက်

ငါလိုလားတာ တစ်ခုကို လက်ဆောင်အဖြစ် တောင်းဆိုလို့ရင်တောင်းဆိုချင်ပါရဲ့

ငါမရှိတော့တဲ့နေ့မှ (ငါသေသွားမှ)

ငါသေသွားတဲ့ နေ့ရက်

ထိုနေ့ရက်တိုင်းမှာ

ငါ့အုတ်ဂူဖြူဖြူလေးမှာ မီးထွန်းပေးတာရယ်

ဓမ္မတေးသီချင်း သီကြူးပေးတာရယ်

ရင်ထဲက သံစဉ်တွေ ထည့်ထားတဲ့ ပန်းစည်းလေးတွေရယ်

အားလုံး ပေါင်းပြီး ကဗျာလေးတစ်ပုဒ်ဘဲ ဖန်တီးပေးခဲ့ပေးပါ။

ငါ အတ္တများကြီးနေသလားးးးးးးးးးး

 

 

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®