Tuesday, December 20, 2011

မြ၀တီမင်းကြီး နှင့် .... ယဉ်ကျေးမှု့

((အတိတ်ကို အတိတ်မှာ

ထားတတ်ဖို့ ကြိုးစားကြ

အနာဂတ်ကို လှအောင်

ကြိုးစားသူတွေအစား

ငါ ပင်ပန်းလိုက်တာ။))

((ငါ မကြိုက်ဆုံး အသံကတော့

ကဗျာဆရာက ကဗျာရွတ်နေတဲ့ အသံဘဲ

သူကဗျာ ရွတ်မယ့် အစား ကဗျာက

သူ့ကို တရွတ်တိုက် ဆွဲသွားတာက မှ

ကြည့်ပျော် ရှု့ပျော် ဖြစ်အုံးမယ်။))

((ကမ္ဘာကို ပတ်ကြည့်ဖို့

စက်တပ်ယာဉ် ကောင်းကောင်းရှိရင် ရလောက်တယ်။

စိတ်ကို ပတ်ကြည့်ဖို့တော့ စက်တပ်ယာဉ်လောက်နဲ့ မရနိုင်ဘူး))

(လောကမှာ မျောက်တွေက သာ လူမဖြစ်ခဲ့ရင်

ဘုံအမေယဉ်ကျေးမှု ထွန်းကားခဲ့ရင်

အာဒံ ဧ၀ မျိုးဆက်တွေသာ

ယောက်ျားတွေ ဖြစ်ခဲ့မယ်ဆိုရင်

ကမ္ဘာ မြေကြီးဟာ ပေါင် တစ်အောက်အရာတွေကို

မဆွဲငင်တော့ဘူးဆိုရင်

စိတ်ဝင်စား စရာများ ပြန်ကောင်းလာမလားလို့ပါ)

ကဲ...

ကျွန်တော်လည်း ကိုယ့်လှေကိုယ်ထိုးခဲ့တာ

2011 ဟာ တစ်ခုခုတော့ ပြောင်းလဲ သွားလောက်ပါရဲ့..

အခုတော့....

ကမ္ဘာမှာ လူယဉ်ကျေးတွေ လိမ္မာဖို့ အချိန်တန်နေပါဘီ။

မနေ့က

(((((မနက်နိုးတာနဲ့

ပေကျံမနေတဲ့ မျက်နှာကို

သစ်ဖို့ကြိုးစားတယ်။

မလန်းဆန်းတဲ့ စိတ်ကို

သစ်ဖို့ ကျွန်တော်နေ့တိုင်းမေ့နေတယ်။)))

ကဲ....

ကောင်းကြသေးရဲ့လားဆိုပြိးးးး

လမ်းထိပ်က အသည်တစ်သည်ကအော်တယ်

(ဘာအသည်လဲ... )

ခံစားဖို့အတွက် မွေးဖွားလာကြတာ

မဟုတ်ပေမယ့်

ဒီခန္တာ ရလာမှတော့

ထုလည်းခံ ထောင်းလည်း ခံမယ်ဆိုတဲ့

စိတ်မျိုးနဲ့....

ထုသားပေသားကို ကျလို့

(...)

ကဗျာရေးတိုင်းသာ တစ်ခါ

အသဲကွဲကြေးဆိုရင်

ကဗျာမရေးဘဲ..

အရက်ဘဲ လှိမ့်သောက်နေဖို့

ကြိုးစားကြည့်ရမယ်။

(...)

မနက်ခင်းမှာ နှင်းဝေတာ

ကြည့်ချင်စိတ်တော့ ရှိတယ်။

အသဲကွဲနေလို့ မထ ပရစေနဲ့အုံးဆိုပြီး

လှိမ့်ပိတ် အိပ်တတ်အောင် ကြိုးစားရမယ်။

(...)

တစ်နေ့တစ်နေ့

ခင်ဗျား လူဘယ်နှစ်ယောက်နဲ့များ ဆုံမိတယ်ဆိုတာ

ခင်ဗျား ရေတွက်ထားဘူးသလား။

နေ့လည်ဆိုရင်

ဘာရယ် ညာရယ် မဟုတ်ပေမယ့်

လူတွေကို ထိုင်ကြည့်ပြီး

ဘယ်သူတွေက ဘယ်လိုဆိုတာကို

တစ်ယောက်တည်း

သက်ပြင်းတွေချ

တစ်ယောက်တည်းနဲ့

အင်းး

နောက်ဆုံး တစ်ယောက်တည်းနဲ့

(.....)

ကဲ...

ကျွန်တော် အိပ်ပျော်ဖို့ အိပ်ဆေးတစ်လုံးကို

မျိုချ..

တစ်လုံးပြီးတော့ နောက်တစ်လုံးမျိုချ

တစ်လုံးပြီး တစ်လုံး

တစ်လုံးပြီး တစ်လုံး

နောက်ဆုံးးးးး

ဟော

မိုးတောင် လင်းလာရော့ပေါ့။။

တောင်ဝှေးတစ်ချောင်း

တောင်ဝှေးလဲတော့ ဖိုးသူတော် မကယ်နိုင်အောင်ကို

လဲကျသွားတာ....

ခွမ်းခနဲ နဲ့တောင် မြည်သွားသေးတယ်။

သူတို့က ကဗျာကို ကုန်ကြမ်းကနေ

ရှာရေးကြတယ်။

ကျွန်တော်က ရင်ထဲက လာတယ်ထင်တဲ့

စာသားတွေကို စာရွက်ပေါ်ခုန်ချခိုင်းတယ်။

ကဲ...

သူနဲ့ကျွန်တော်

ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်တယ်...

သူလို့ ဆရာဝန်တစ်ယောက်မဟုတ်ပေမယ့်

ကျွန်တော် နွေးထွေးတဲ့ စိတ်ထားလေးနဲ့တော့

ဆက်ဆံတတ်တယ်။

သူလို့ အင်ဂျင်နီယာတစ်ယောက် မဟုတ်ပေမယ့်

ကျွန်တော့်အဖိုးနဲ့ ကျွန်တော်တို့နေတဲ့ အိမ်ကို ဆောက်ဖူးတယ်။

သူ့တို့လို ဆရာကြီးတွေ မဟုတ်ပေမယ့်

ကျွန်တော် တတ်နိုင်သလောက် သိတာတွေ မျှဝေပေးတယ်။

သူတို့လောက် မတတ်ပေမယ့်

သူများကိုတော့ ဂျောက်မချတတ်ခဲ့ဘူး။

သူတို့လို......လို.. လို.. လို

ကဲ..

သူတို့လို ဆိုတိုင်းသာရေးရမယ်ဆိုရင်

ခံစားချက်တွေ အပြုံလိုက်

စီထွက်လာလိမ့်မယ်....

တိုတိုဝင်လာတဲ့ ငါ့စိတ်က

မုဒိတာ ကမ်းနားကနေ

လရောင် ထိုင်မျှားနေတာဘဲကောင်းတယ်။

သူတို့ဘက်ကို မလှည့်ဖြစ်အောင်

ငါ့စိတ်ကိုငါ တံတိုင်းကာထားလိုက်မယ်။

ကဲ့......

တောင်ဝှေးလဲတော့ ဖိုးသူတော်

ကယ်ဖို့အတွက်

ဖိုးသူတော်ကို

အရင်ထူမှ ရမယ်။

Wednesday, September 14, 2011

Mar 19, '11 3:32 AM
for everyone
images1.jpg
မတန်တဲ့ အလွမ်း
ရင်ခွင်နှစ်ခုပေါင်းစပ်ဖို့ အချစ်ရဲ့
ရသမ်ကိုတီးခတ်ပြီး အလွမ်းသီချင်းဆိုနေယုံနဲ့
ရမယ်ထင်နေတာ
ငါ့ဘ၀မှာ မှားရွင်းမှုတွေကိုဘဲ
ရင်ဝယ်ပိုက် ငါကြားလိုက်ရတာတော့
နင့်ကိုမချစ်ပါနဲ့တော့တဲ့
ရက်စက်သူလို့
ခေါင်းစဉ်မတက်ခဲ့ပေမယ့်
နင်ကိုတိုင်ခံယူလိုက်တာ
ငါကတော့ ပြောမထွက်ရက်ပါဘူး
ဘ၀မှာ တစ်ခါတစ်လေ
ရတတ်တဲ့ အမြဲအရာမထင်နိုင်တဲ့
ဆေးမှင်ကြောင်လို ငါ့ကိုယ်ငါ
အပ်တပ်ထားတဲ့ စုပ်တစ်ချောင်းနဲ့
နာကျဉ်းမှုတွေကို
ရေးဖွဲ့နေရတာကို ငါမုန်းလို့ဘဲ
နင်မချစ်ပါနဲ့လို့ ပြောရင်
ငါဆိုတဲ့ကောင်ကလည်း
ဒူးမထောက်ပါဘူး
ငါ့အချစ်နဲ့ မတန်တဲ့
နင့်ကိုဘဲ ငါသနားတာ
နင်ကိုနင်သတ်မှတ်လိုက်တဲ့
စည်းတစ်ခုလို့ဘဲ
ငါတို့သတ်မှတ်လိုက်ရအောင်
လမ်းမှာတွေ့ရင်တောင်
မျက်နှာလွှဲကြေးပေါ့