Tuesday, December 20, 2011

တောင်ဝှေးတစ်ချောင်း

တောင်ဝှေးလဲတော့ ဖိုးသူတော် မကယ်နိုင်အောင်ကို

လဲကျသွားတာ....

ခွမ်းခနဲ နဲ့တောင် မြည်သွားသေးတယ်။

သူတို့က ကဗျာကို ကုန်ကြမ်းကနေ

ရှာရေးကြတယ်။

ကျွန်တော်က ရင်ထဲက လာတယ်ထင်တဲ့

စာသားတွေကို စာရွက်ပေါ်ခုန်ချခိုင်းတယ်။

ကဲ...

သူနဲ့ကျွန်တော်

ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်တယ်...

သူလို့ ဆရာဝန်တစ်ယောက်မဟုတ်ပေမယ့်

ကျွန်တော် နွေးထွေးတဲ့ စိတ်ထားလေးနဲ့တော့

ဆက်ဆံတတ်တယ်။

သူလို့ အင်ဂျင်နီယာတစ်ယောက် မဟုတ်ပေမယ့်

ကျွန်တော့်အဖိုးနဲ့ ကျွန်တော်တို့နေတဲ့ အိမ်ကို ဆောက်ဖူးတယ်။

သူ့တို့လို ဆရာကြီးတွေ မဟုတ်ပေမယ့်

ကျွန်တော် တတ်နိုင်သလောက် သိတာတွေ မျှဝေပေးတယ်။

သူတို့လောက် မတတ်ပေမယ့်

သူများကိုတော့ ဂျောက်မချတတ်ခဲ့ဘူး။

သူတို့လို......လို.. လို.. လို

ကဲ..

သူတို့လို ဆိုတိုင်းသာရေးရမယ်ဆိုရင်

ခံစားချက်တွေ အပြုံလိုက်

စီထွက်လာလိမ့်မယ်....

တိုတိုဝင်လာတဲ့ ငါ့စိတ်က

မုဒိတာ ကမ်းနားကနေ

လရောင် ထိုင်မျှားနေတာဘဲကောင်းတယ်။

သူတို့ဘက်ကို မလှည့်ဖြစ်အောင်

ငါ့စိတ်ကိုငါ တံတိုင်းကာထားလိုက်မယ်။

ကဲ့......

တောင်ဝှေးလဲတော့ ဖိုးသူတော်

ကယ်ဖို့အတွက်

ဖိုးသူတော်ကို

အရင်ထူမှ ရမယ်။

No comments:

Post a Comment