Tuesday, December 20, 2011

မြ၀တီမင်းကြီး နှင့် .... ယဉ်ကျေးမှု့

((အတိတ်ကို အတိတ်မှာ

ထားတတ်ဖို့ ကြိုးစားကြ

အနာဂတ်ကို လှအောင်

ကြိုးစားသူတွေအစား

ငါ ပင်ပန်းလိုက်တာ။))

((ငါ မကြိုက်ဆုံး အသံကတော့

ကဗျာဆရာက ကဗျာရွတ်နေတဲ့ အသံဘဲ

သူကဗျာ ရွတ်မယ့် အစား ကဗျာက

သူ့ကို တရွတ်တိုက် ဆွဲသွားတာက မှ

ကြည့်ပျော် ရှု့ပျော် ဖြစ်အုံးမယ်။))

((ကမ္ဘာကို ပတ်ကြည့်ဖို့

စက်တပ်ယာဉ် ကောင်းကောင်းရှိရင် ရလောက်တယ်။

စိတ်ကို ပတ်ကြည့်ဖို့တော့ စက်တပ်ယာဉ်လောက်နဲ့ မရနိုင်ဘူး))

(လောကမှာ မျောက်တွေက သာ လူမဖြစ်ခဲ့ရင်

ဘုံအမေယဉ်ကျေးမှု ထွန်းကားခဲ့ရင်

အာဒံ ဧ၀ မျိုးဆက်တွေသာ

ယောက်ျားတွေ ဖြစ်ခဲ့မယ်ဆိုရင်

ကမ္ဘာ မြေကြီးဟာ ပေါင် တစ်အောက်အရာတွေကို

မဆွဲငင်တော့ဘူးဆိုရင်

စိတ်ဝင်စား စရာများ ပြန်ကောင်းလာမလားလို့ပါ)

ကဲ...

ကျွန်တော်လည်း ကိုယ့်လှေကိုယ်ထိုးခဲ့တာ

2011 ဟာ တစ်ခုခုတော့ ပြောင်းလဲ သွားလောက်ပါရဲ့..

အခုတော့....

ကမ္ဘာမှာ လူယဉ်ကျေးတွေ လိမ္မာဖို့ အချိန်တန်နေပါဘီ။

No comments:

Post a Comment