Friday, December 21, 2012

ဘာသာလွတ် တစ်ယောက် ရဲ့ ဥဒါန်း


ဘာသာလွတ် တစ်ယောက် ရဲ့ ဥဒါန်း   -- by - ကိုအောင်ကျော်မိုး
=========================
ဒီနေ့ ကမ္ဘာကြီး ရဲ့ နေရာ အနှံ့အပြားမှာ ရော အွန်လိုင်းစာမျက်နှာ တွေ မှာ ပါ ဘာသာရေး ကို အခြေခံတဲ့ မုန်းတီးမှု တွေ သတ်ဖြတ်မှုတွေ အစဉ်တစိုက် ကြား နေရတဲ့ အခါမှာ ဘာသာတရား ဆို တဲ့ အရာကို စိတ်ကုန်လာတဲ့ လူသားတွေ မနည်းမနောပါပဲ။ လူ့ ငြိမ်းချမ်းရေး ကို ဆောင်ပါ့မယ်လို့ အာမခံ ထားတဲ့ ဘာသာတရား ကို အခြေခံပြီးတော့ လူတွေ အချင်းချင်းမုန်းတီးကြရတာ တိုက်ခိုက်သတ်ဖြတ်နေရတာ တွေ ကို မြင်နေရတော့ တော်တော်လဲ တရားကျမိပါရဲ့။ ငိုအားထက်ရယ်အားသန် စေတဲ့ ဘာသာရေး တွေ ပါလား။ ဘာသာတရား တွေ က အတ္တ ကို ပယ်ခွာဖို့ ပရ ကို ချစ်ဖို့ အကျိုးဆောင်ဖို့ သွန်သင်ကြပေမဲ့ လက်တွေ့ မှာ တော့ ဘာသာရေးယုံကြည်မှု တွေ ဟာ အုပ်စုဖွဲ့ အတ္တစွဲ တွေ ကို ကြီးထွားစေပြီးတော့ ဘာသာရေးအုပ်စု အချင်းချင်း မုန်းတီးမှု တွေ ကို ပဲ ဖြစ်ပွား စေနေ တာ ကို တွေ့ နေ ရပါတယ်။ ဘာသာတရား တွေ က ဘယ်လောက်ပဲ ဖြူစင်မွန်မြတ် ပါစေ..အဆိပ်သင့် နေတဲ့ လူ့ နှလုံးသားတွေ ထဲ ထည့်လိုက်တဲ့ အခါ အချင်းချင်း ခွဲခြား မြင်ဖို့ မုန်းတီးရန်ရှာ ကြဖို့ အတွက် ပဲ ဖြစ်လာ ကြပါတယ်။ သည်းခံခြင်း ကို တွင်တွင် ဟော နေ တဲ့ ဘာသာတရားတွေ က မိမိ ကိုလာထိ ရင် မီးပွင့်သွာစေရမယ် ဆိုတာမျိုး တွေ ဖြစ်လာ ပြန် ပါသေး တယ်။


ဒီလို နဲ့ ပဲ ဘာသာရေး အဆောက်အအုံတွေ ကို စိတ်ပျက်ငြီးငွေ့ လာနေရာ က နေ ရိုးရိုးလေး ဘာသာလွတ်သူ တစ်ယောက် ဖြစ်ခဲ့ တယ်။


ဘာသာလွတ် ဆို တော့ တစ်ချို့ က ဘာသာမဲ့ လို့ ထင် ကောင်းထင်ကြလိမ့်မယ်။ တစ်ကယ်တော့ ဘာသာလွတ် ဆို တာ ဘာသာမဲ့ တော့ မဟုတ်ဘူး။ ဘာသာလွတ်သူ က ဘာသာမဲ့ သူ နဲ့ နည်းနည်းမဟုတ်ပဲ များများကြီး ကွာ ပါတယ်။ ဘာသာမဲ့ ဆို တာ Non-Religious Irreligious Anti-Religious စတဲ့ အင်္ဂလိပ်ဝေါဟာရတွေ နဲ့ ဖေါ်ပြကြတယ်။ ဘာသာမဲ့ ဆိုတဲ့ စကားလုံးမှာ ပါတဲ့ ((မဲ့)) ဆို တာ မရှိခြင်း ချွတ်ယွင်းခြင်း ဆိုတဲ့ အနက်တွေ ပါလေတော့ ဘာသာမဲ့ ဆိုတာ ဘာသာရှိသူတွေ က နှိမ်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းလို ဖြစ်နေပါရဲ့။ ပညာမဲ့ ဥစ္စာမဲ့ ဆွေမဲ့မျိုးမဲ့ အိုးမဲ့ အိမ်မဲ့ စ သဖြင့် မကောင်း တဲ့ အဓိပ္ပါယ်တွေ နဲ့ သုံးနှုန်းကြတယ်။ တကယ်တော့ ဘာသာမဲ့ တွေ ဟာ ဘာသာရေး နဲ့ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှု ကင်းမဲ့ နေသူတွေ ဖြစ်ပြီးတော့ သူတို့ လောက အမြင် က သဘာဝတ္ထ၀ါဒ (Naturalism) ဖြစ်ပြီး သူတို့ ဘ၀ အမြင် က လူသားဝါဒ (Humanism) ဖြစ်ပါတယ်။


အနောက်နိုင်ငံ မှာ တော့ ခြုံငုံမိတဲ့ ဝေါဟာရ အသစ်တွေ ထွက်လာ တယ်။ ဘာသာမဲ့ တွေ ကို Brights လို့ ခေါ်ကြပြီး ဘာသာရှိသူတွေ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှုရှိသူ တွေ ကို တော့ Supers တွေ လို့ ခေါ်ကြတယ်။ ဒီ ဝေါဟာရတွေ နဲ့ ပတ်သက်လို့ ဆက်ငြင်းကြခုန်ကြဆဲပဲ..။ ဘာသာမဲ့ တွေ က ကိုယ့်ကိုယ်ကို Bright လို့ ခေါ်တာ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော်များ ဖြစ်နေလေသလား ၀ိုင်း ဝေဖန်ကြပါတယ်။ ဘာသာမဲ့ တွေ ကပြန်ချေပ တာ က ဘာသာရှိသူတွေ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှုရှိသူ တွေ ကို Supers တွေ လို့ ခေါ် ထားတာ လဲ သူတို့တွေ ကို မနှိမ်ပဲ ဂုဏ်ပြုခေါ်ဝေါ်ထားတာ ဖြစ်တဲ့ အကြောင်း ပြန်ချေပ ပါတယ်။


ရှိစေတော့။ ဘာသာမဲ့ ပဲ ခေါ်ခေါ် Bright ပဲ ခေါ်ခေါ် သူတို့ ရဲ့ တူညီတဲ့ လောက အမြင် က သဘာဝတ္ထ၀ါဒ (Naturalism) ဖြစ်လို့ ဘာသာမဲ့ တွေ ဟာ လောက မှာ ဖြစ်ဖြစ်သမျှ အကြောင်းချင်းရာ တွေ ကို သဘာဝအခြေပြုရှင်းပြချက်တွေ (Naturalistic Explanations) တွေ ပဲ ပေးဖို့ ကြိုးစားပါတယ်။ သိပ္ပံပညာ နယ်ပယ် အသီးသီး က ဒီလို အသိတွေ ရှင်းလင်းချက်တွေ ရရှိနိုင်ဖို့ ကြိုးစားနေတာ ဖြစ်လို့ ဘာသာမဲ့တွေ ရဲ့ လောကအမြင် အခြေခံ ဟာ သိပ္ပံ တွေ့ ရှိချက် တွေ လို့ ပဲ ဆိုရ မှာ ဖြစ်တယ်။ တနည်းအားဖြင့် ဘာသာမဲ့တွေ ရဲ့ လောကအမြင်ဟာ သိပ္ပံနည်းကျ လူသားဝါဒ အမြင် Scientific Humanism ဖြစ်ပါတယ်။ အရာရာ မှာ သဘာဝလွန်တန်ခိုးတွေ နဲ့ အကြောင်းပြချက် တွေ ကို လက် မခံသူတွေ ပါပဲ။


ဘာသာလွတ် ဆို တာ က ဘာသာမဲ့ သူ မဟုတ်ပဲ ဓမ္မသစ္စာတရား ကို လွတ်လပ်စွာ ရှာဖွေ ကျင့်သုံး ဆောက် တည်သူ ဖြစ် ပါတယ်။ ဘာသာလွတ်သူ ဆို တာ ဘယ် ဘာသာရေး ဂိုဏ်းဂဏ အဖွဲ့အစည်း ကို မှ ကိုယ်စား မပြု ပဲ သီးခြား ရပ်တည် ပြီး နေတဲ့ အတွက် သူ့ ကို ဘာသာရှိ လို့ သတ်မှတ်လို့ မရသလို ဘာသာမဲ့ လို့ လဲ ခေါ် မရပြန်ဘူး။ ဘာသာရှိ သူ နဲ့ ဘာသာလွတ်သူ တူညီချက် က တော့ လူသား မှာ ရုပ် သဘာဝလော က နဲ့ သိပ္ပံပညာလောကအမြင် တွေ ကို ကျော်လွန် နေတဲ့ လောကုတ္တရာ သစ္စာတရား တွေ ရှိ နေတယ် ဆို တာ ကို ယုံကြည်သက်ဝင် မှု ပါပဲ။ ဒီ ရှု ထောင့် က ကြည့် ရင် ဘာသာလွတ်သူ ဟာ ဘာသာရှိသူ လို ပဲ Supers တွေလို့ ခေါ်နိုင်တယ်။ ဘာသာလွတ်သူ ဟာ ဘာသာမဲ့ သူ လက်မခံနိုင်တဲ့ သဘာဝ လွန် စိတ်နယ်လွန် တွေ ကို လက်ခံယုံကြည်နိုင်သူ လဲ ဖြစ် ပါတယ်။


ဘာသာရှိ သူ နဲ့ ဘာသာလွတ်သူ တွေ အကြား ကွဲပြားခြား နားချက် က တော့ ဘာသာရှိ သူ အများစု ဟာ ဓမ္မသစ္စာတရား ကို ဘာသာတရား တစ်ခု ရဲ့ ဘောင်ထဲ မှာ ပဲ ကန့်သတ် ရှာဖွေ ကြပြီးတော့ ဘာသာရေး အင်စတီကျူးရှင်းတွေ ရဲ့ အာဏာသက်ရောက်မှု အောက်မှာ ပဲ ဘာသာရေး ကို ကျင့်သုံးကြ တယ်။ ဘာသာလွတ်သူ တွေကတော့ ဓမ္မသစ္စာတရား ကို ဘာသာတရား တစ်ခု ရဲ့ ဘောင်ထဲ မှာ ပဲ ကန့်သတ်ချုပ်နှောင် ထားလို့ မရ နိုင်ဘူး လို့ မြင် ကြပါတယ်။ ဓမ္မ (Truth) နဲ့ ဓမ္မတရား (Doctrine and Religion) တွေ ရဲ့ ပါးလွှာတဲ့ ခြားနားချက် ကို လဲ မြင်သူ တွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဘာသာလွတ်သူ ဟာ ဘာသာရေး အင်စတီကျူးရှင်းတွေ ရဲ့ အာဏာသက်ရောက်မှု အောက်မှာ မနေပဲ သီးခြားရပ်တည် လို့ ဓမ္မသစ္စာတရား ကို လွတ်လပ်စွာ ရှာဖွေ ကျင့်သုံး ဆောက် တည်သူ ဖြစ် ပါတယ်။


----------------------------
ဘာသာလွတ်သူ တွေ ရဲ့ လက္ခဏာများ
=========================
ဘာသာလွတ်သူ တွေ ရဲ့ ထင်ရှားတဲ့ လက္ခဏာ တွေ ကို ကြည့် ရင် အောက် ပါ အတိုင်း တွေ့ ရမှာ ဖြစ် ပါတယ်။


ဘာသာလွတ်သူ တွေဟာ လောကုတ္တရာဝါဒီ တွေ ဖြစ်တယ်။ လောက ကို ကျော်လွန်တဲ့ စိတ်ပိုင်းဆိုင်ရာ နယ်မြေတွေ ကို လက်ခံသူတွေ ဖြစ်တယ်။ လူ ဟာ မိမိ ကျင့်ကြံအားထုတ်မှု နဲ့ သဘာဝနိယာမတွေ ကို ပေါင်းစပ်ပြီးတော့ စိတ်နှလုံး ရဲ့ အေးချမ်းငြိမ်သက်လွတ်မြောက်သန့်စင်မှု ကို ရနိုင်တယ် လို့ လက်ခံသူတွေ ဖြစ်တယ်။ ဘာသာရှိ တွေ မျှော်လင့်ယုံကြည်သော လောကုတ္တရာ တန်ဖိုးတွေ ကို နားလည် လက်ခံသူ ဖြစ်သော် လည်း သူဟာ လောကုတ္တရာဓမ္မ ကို ပုံစံခွက် အသေထဲ ထည့်မထားချင်သူ သာ ဖြစ်တယ်။ အမည် အမျိုးမျိုး နဲ့ ပညတ် ကြတဲ့ လောကုတ္တရာ ပန်းတိုင် အသီးသီး ကွဲပြားနေနိုင်မှု ကို လဲ လက်ခံ သူ ဖြစ် ပါတယ်။


ဘာသာလွတ်သူ တွေ ဟာ သစ္စာတရား ရဲ့ အနှစ်သာရအားဖြင့် တစ်ခုတည်း ဖြစ်မှု ကို ယုံကြည်တာ နဲ့ တစ်ချိန်တည်းမှာ သစ္စာတရား ရဲ့ ပေါ်လွင်ထင်ရှား လာတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး ကို လဲ လက်ခံသူတွေ ဖြစ်တယ်။ ဓမ္မ (Truth) ရဲ့ အဒွယ ဖြစ်မှု သဘော=တစ်ခုတည်းသဘော နဲ့ ဓမ္မတရား (Doctrine and Religion) တွေ ရဲ့ ဗဟု သဘော ကို လက်ခံသူတွေ ဖြစ်တယ်။ ဘာသာလွတ်သူ ဟာ ဘာသာရေးဗဟုဝါဒီ ဖြစ်လို့ ဘာသာတရားတွေ အားလုံးဟာ အနှစ်သာရ အခြေခံ အားဖြင့် အတူတူ ပဲ ဖြစ်တယ် ဆို တဲ့ Perennialism ကို လက်မခံ ပါဘူး။ လက်ခံလို့လဲ မရနိုင်ကြောင်း သိသူ ဖြစ်တယ်။ ဘာသာတရား တွေ ရဲ့ ကွဲပြားခြားနားနေတဲ့ သစ္စာတရားတွေ ရဲ့ အလှ ကို ပဲ နှစ်သက်သူ ဖြစ် ပါတယ်။


ဘာသာလွတ်သူ တွေဟာ တစ်သီးပုဂ္ဂလ၀ါဒီတွေ (Individualists) တွေ ဖြစ်တယ်။ ပုဂ္ဂိုလ်သဘာဝ နဲ့ ဖြစ်တည်နေတဲ့ လူသားတစ်ဦးချင်းစီရဲ့ အတ္တဘ၀ နဲ့ အာဏာ ကို အမြင့်ဆုံးတန်ဖိုးထားသူတွေ ဖြစ်တယ်။ အဆုံးစွန်သော သစ္စာတရား ဟာ အုပ်စု ဂိုဏ်းဂဏ တွေ တရားရိပ်သာတွေ ဘာသာရေး အင်စတီကျူးရှင်း တွေ ရဲ့ အပ မှာ ပဲ ရှိတယ် လို့ ယုံကြည်သူတွေ ဖြစ်ကြတယ်။ သစ္စာတရား ကို ဟင်းချက်နည်း ချဉ်းကပ်မှု (Cooking Book Approach) နဲ့ ရှာဖွေ လို့ မရနိုင် ဘူးလို့ ယူဆသူ ဖြစ်ပါတယ်။ သစ္စာတရား ဟာ အတတ်ပညာ သဘော ထက် အနုပညာသဘော ပို ဆန်တယ် လို့ မြင်သူ ဖြစ်ပါတယ်။


ဘာသာလွတ်သူ တွေဟာ လွတ်လပ်စွာတွေးခေါ်ယူဆတတ်သူတွေ (Free Thinkers) တွေ ဖြစ်တယ်။ ဘာသာလွတ်သူ တစ်ယောက် ဖြစ်လာရခြင်း ကပဲ သူဟာ လွတ်လပ်စွာ တွေးခေါ်ယူဆ တတ်တာ ကြောင့် ပဲ ဖြစ် တယ်။ ဘာသာရှိ တွေ လို ဘာသာရေးအမှန်တရားတွေ ကို တရားသေ၀ါဒ အခြေခံဝါဒ တွေ နဲ့ မခံယူသူ လဲ ဖြစ်တယ်။ ဘာသာရေးကျမ်းဂန် တွေ ဟာ သမိုင်းရဲ့ ထုတ်ကုန်တွေ လူလုပ်စနစ် တွေ ဖြစ်လို့ ဒါတွေ ကို သတိနဲ့ ဝေဖန်ဆန်းစစ် ချဉ်းကပ်ဖို့ လို တယ်လို မြင်သူ ဖြစ်ပါတယ်။ တစ်ဖက်မှာ လဲ ဘာသာမဲ့ တွေ လို့ ရုပ်နယ်လွန် တန်ဖိုးမှန်သမျှ ကို လက်မခံချင် တဲ့ အစွန်းတရား ကို လဲ ဆန်းစစ်ရှောင်ကြဉ် ပါတယ်။ ဘာသာမဲ့ အများ အခြေပြု ကြတဲ့ သဘာဝသိပ္ပံပညာ ဆို တာ လဲ သူ့ အကန့်အသတ် နဲ့ သူ ရှိနေလို့ ဖြစ် ပါတယ်။ ဒီတော့ ဘာသာလွတ်သူ ဟာ ဘာသာရေးကျမ်းဂန် ပဲ ဖြစ်ဖြစ် သိပ္ပံပညာ ကို ပဲ ဖြစ်ဖြစ် မျက်စိမှိတ် တရားသေ မစွဲ ကိုင်တတ်သူ လို့ ဆိုချင် ရင် ဆိုနိုင် ပါတယ်။


ဘာသာလွတ်သူ တွေဟာ နိုင်ငံရေးအရ လစ်ဘရယ်ဝါဒီတွေ (Liberals) ဖြစ်တယ်။ ဘာသာလွတ်သူ ဟာ လွတ်လပ်ခြင်း ကို တန်ဖိုးထားသူ ဖြစ်လို့ မည်သည့် နိုင်ငံရေးအာဏာ ဘာသာရေးအာဏာ ဟူသမျှ ရဲ့ ဗဟိုထိန်းချုပ်မှု လက်ဝါးကြီးအုပ်မှု ကို မဆို လက်မခံလိုသူ ဖြစ်တယ်။ အင်စတီကျူးရှုင်း တွေ ရဲ့ တည်ရှိနေမှု ကို လက်ခံပေမဲ့ ပုဂ္ဂလလူသား ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ နဲ့ လွတ်လပ်ခွင့် ဟန်ချက်ညီေ အာင် ထား သင့်တယ်လို့ လဲ မြင် ပါတယ်။


ဘာသာလွတ်သူ တွေဟာ ဘာသာရေးကဏ္ဍ ကို နိုင်ငံရေး နဲ့ တစ်သီးခြား ထားချင်တဲ့ ဆီကျူလာဝါဒီတွေ (Secularists) ဖြစ်တယ်။ ဒါကတော့ လစ်ဘရယ် ဖြစ်ခြင်း နဲ့ အတူ ပါလာ တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဘာသာရေး တွေ ဟာ အထွေအထွေ နိုင်ငံရေးရာ တွေ နဲ့ ကင်းရှုင်းစွာ နေဖို့ လို တယ် လို့ မြင် ပါတယ်။ နိုင်ငံရေးရာ ဆိုတာ လူမျိုးစုံ ဘာသာစုံ ယဉ်ကျေးမှုအစုံ ပါဝင်တဲ့ ပြည်သူ့ရေးရာ တွေ ကို စီမံခန့်ခွဲ ရတာ ဖြစ်လို့ နိုင်ငံရေး နယ်ပယ် ဟာ ဘာသာလွတ် ဖြစ်သင့်တာ အမှန်ပါပဲ။ နို့မဟုတ် ရင် ဘာသာရေး အုပ်စု တွေ အကြား ပဋိပက္ခ တွေ ကို ပို မိုကြီးထွား စေလို့ပါပဲ။


ဘာသာလွတ်သူ တွေဟာ ဘာသာရေး နယ်ပယ် နဲ့ ဒဿနပညာ နယ်ပယ် သိပ္ပံပညာနယ်ပယ် တွေ ကို တစ်သီးတစ်ခြားစီ အဖြစ် ရှုမြင်သူတွေ ဖြစ်တယ်။ အချို့သော ဘာသာရှိ တွေ ဟာ မိမိ ဘာသာတရား ကို သိပ္ပံပညာနဲ့ နှိုင်းယှဉ် ရုံ မက သိပ္ပံ နဲ့ ကိုက်တယ် ဆိုတဲ့ အကြောင်း ရှေ့နေလိုက်တတ် ပါတယ်။ အချို့ အစွန်းရောက်သူ တွေ ကတော့ ဘာသာရေး က တောင် ပို သာသလို ပြောတတ် ကြသေးတယ်။ ဒါတွေ အားလုံး ကို ဘာသာလွတ်သူ က ငြင်းဆို ပါတယ်။ ဘာသာရေး နဲ့ သိပ္ပံ သူ့စည်း ကိုယ့်စည်း နဲ့ နေကြဖို့ ကို ပဲ ဘာသာလွတ်သူ က လို လား ပါတယ်။


ဘာသာလွတ်သူ တွေဟာ လောကီဘ၀ နဲ့ လူမှုကိုယ်ကျင့်တရားတွေ ကို တန်ဖိုးထားတဲ့ လူသားဝါဒီတွေ (Humanists) တွေ လဲ ဖြစ်တယ်။ တနည်းပြော ရရင် ဘာသာရေးတန်ဖိုးတွေ နဲ့ လူသားတန်ဖိုး တွေ ကို မယုတ်မလွန် ချင့်ချိန်ခံယူသူ ပဲ ဖြစ်တယ်။ ဘာသာရေး အတွက် လူသားတန်ဖိုးတွေ ကို စတေးပစ် တာ ကို စက်ဆုပ်သူ လဲ ဖြစ်တယ်။ ဘာသာတရား တိုင်းဟာ လူသားဝါဒ နဲ့ လူ့ ဂုဏ်သိက္ခာ ကို တော့ တန်ဖိုးထားသင့်တယ် လို့ ဘာသာလွတ်သူ က မြင် ပါတယ်။


ဘာသာလွတ်သူ တွေ ဟာ လက်တွေ့အခြေပြုစဉ်းစားတဲ့ ပရက်ဂမာဝါဒီတွေ (Pragmatists) ဖြစ်တယ်။ ဆိုလိုတာ က ဘာသာရေး ဟာ စင်ပေါ်တင် ကိုးကွယ်ဖို့ ထက် လက်တွေ့ဘ၀ မှာ လူသားငြိမ်းချမ်းရေး လွတ်မြောက်မှု နဲ့ ကောင်းမြတ်ခြင်းတရားတွေ လောက မှာ ဖန်တီးဖို့ ကိရိယာ ပဲ လို့ မြင်တယ်။ အသုံးချ နိုင်မှု ကို ပို ဦးစား ပေးစဉ်းစာ ပါတယ်။ ဘာသာရှိသူတွေ နဲ့ ကွဲလွဲနေချက် ပဲ ဖြစ် ပါတယ်။ ဘာသာမဲ့ တွေ လို့ ဘာသာရေးဟာ အပို ဖြစ်တယ်လို့ လဲ ဘာသာလွတ် က မမြင် ပဲ ဘာသာရေး ကို ဘ၀အတွက် အသုံးဝင်တဲ့ အရာ အဖြစ်ခံယူ ပါတယ်။
.............................

Saturday, November 3, 2012

လင်းမလိုနဲ့ မှောင်နေတဲ့ အာလူးစားသူများးးးးးး


 

ငါ့အတွက် ညတွေက မှောင်နေတာလဲ ကောင်းတယ်ဆိုတော့

ကောင်မလေးက လွင်လွင်လေးရယ်တယ်။

ဘ၀ဆိုတာ ဘာဆိုလား ညာဆိုလားဆိုပြီး...

ရီသံတွေကြားမှာ နစ်မြုပ် နှစ်မြုပ်လိုက်ရင်း

နှာခေါင်းကတော့ ဖေါ်ထားလျှက်ဘဲ..

ငါ့ဟာ ထိုးကျွေးခံလိုက်ရတဲ့ ပွန်းတစ်ကောင်ဆိုတော့

ကောင်မလေးက လွင်လွင်လေးရယ်တယ်။

ပွန်းဆိုတာဒီလိုဘဲ ဆိုပြီး ပြောရင်းဆိုရင်းနဲ့

ပြောလည်းပြော ဆိုလည်းဆိုနဲ့

သူ့ကို မေးမယ့်မေးခွန်း အချို့က

ဘုရင်တွေ မရှိရင်ရောဆိုတော့.........

ငေးငေးငိုင်ငိုင်နဲ့ ငေးငိုင်နေရင်း

ငေးငိုင်နေတုန်း

ကဲ..ဘုရင် မရှိရင်လည်း ပွန်းတွေချည်းဘဲလဲ အသက်ရှင်နိုင်တာဘဲလေ......

ဘာကွယ့် ညာကွယ့် အုပ်ချုပ်မှု့ကို ဟန်ရေးလုပ်ရင်း

ငါ့ကို ရစ်ပတ်လာတဲ့ အုပ်ချုပ်မှု့တွေကို ငါ အရေးမလုပ်

(ေ*ာက် ဂရုလည်း မစိုက်ဘူး။)

ဘုရင်ဆိုတဲ့ ကောင်က အုပ်ချုပ်မှု့တည်မြဲဖို့ လုပ်တဲ့ကောင်ဘဲ ဆိုတော့

ကျွန်တော့ရဲ့ ရိုင်းစိုင်းမှု့ကို သူမက လွင်လွင်လေး ရယ်ရင်းးးး

လူတွေ အကြောင်းကို သင်ကြားပေးဖို့ ဆိုပြီး

ပေတံလေး လက်ဝါးလောက်ရှိတဲ့ သင်ရိုးညွှန်းတမ်းနဲ့

လူဖြစ်တည်မှု့နဲ့ နေထိုင်မှု့တွေ အကြောင်း သင်ပေးနေလေရဲ့

ဒါပေမယ့် ငါသင်ချင်တာက လူသား ပဒါန နဲ့ လူသားတစ်ယောက်ရဲ့

ဖြစ်တည်မှု့ တန်ဖိုးဆိုတော့ စာအုပ်ထဲမှာ အပြေးအလွှားရှာရင်းးး

သူမ လက်မှိုင်ချ

(လက်မှိုင်လည်းချ လက်ထဲက စာအုပ်ထဲချရင်းး)

ကျွန်တော့ကို ဆွေဆွေလေးကြည့်တယ်။

ကျွန်တော်ကတော့ လွင်လွင်ကလေး ရယ်လိုက်တယ်။

နောက်ဆုံးတော့......

ငါ့အတွက် နဲ့

ပေါင်းဖက်မရတဲ့ လူတွေအတွက်

ငါ့ကိုငါ မှောင်ထားလိုက်တာဘဲကောင်းပါတယ်လေ......

ဒါမှ အဇ္ဈတ္တတွေ အတ္တတွေ အနိုင်ယူလိုမှု့တွေ

ကောက်ကျစ်မှု့တွေ လိမ်လည်မှု့တွေ

ကိုယ့်ကိုကိုယ် ဘာဖြစ်မှန်းမသိ ဖြစ်တဲ့အရာတွေ

(မိုက်မိုက်ကန်းကန်း အတ္တကြီးမှု့တွေ)

ကဲ.........................

ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေလိုက်တယ်။

ဒီနေ့တွေကတော့ စိမ်ပြေနပြေ ဘဲလေ.....

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®




Monday, October 8, 2012

ဆယ်ရက်ဆယ်လ......

ဆယ်ရက်ဆယ်လ......




စိတ်အကြည်ဓါတ်ကို ပုံဖေါ်ပေးတဲ့ နေ့ရက်

ကောက်ကြောင်းများအတွက် င့ါကိုငါ ပြန်သိအောင်

ကြည့်နေမိတဲ့ နေ့ရက် ၁၀ရက် ၁၀လ (10.10)

ဒီလိုနေ့မျိုး မရှိသေးခင် ဘ၀ဆိုတာကို လိုက်ကာချ

အမှော်ထုကနေ ကြည့်နေမိရဲ့

လှုပ်ရှားသွားလာနေသော အတ္တရဲ့ ခြေချောင်းများရဲ့

လှုပ်ရှားမှုပုံ….

အတ္တရဲ့ လှုပ်ရှားမှု့နဲ့ ရောရောင်လိုက်ရင်းး

တဖြည်းဖြည်း ဖြတ်ကျော်လာခဲ့တဲ့ နေ့ရက်

ငါ့ကိုငါ လက်ချိုးပြီး ရေတွက်နေမိတာ..

ဘာအတွက် အသက်ရှင်ရတာလဲ

ကဗျာအတွက်လား၊ ဘာသာအတွက်လား၊အတ္တအတွက်လား

မိသားစု အတွက်လား၊ ဘာလားညာလားးးး

ဘာအတွက်မှ ရေရေရာရာမရှိ…

မြစ်ကျောထဲ စီးမျောရင်း မျောရင်း မျောပါရင်းးးးးးး

မျောပါရင်းနဲ့ သမုဒ္ဒရာ အကြောင်း စူးစမ်းလေ့လာမိချင်ရဲ့။

ဘာတွေညာတွေလုပ်ရင်း ကိုယ့်လှေကိုယ်ထိုးလာခဲ့တာ

ပဲခူးတောင် ရောက်လုလု ဖြစ်နေပြီ။

နောက်ပိုင်း အသက်အရွယ်ကရလာတာနဲ့ အမေ့ကို မဖြစ်မနေ ဦးချတဲ့ နေ့ရက်တစ်ရက်

ကျေးဇူးတင်ပါတယ် ဆိုတာကို ပါးစပ်က မပြောပေမယ့်

စိတ်ထဲကနေပြောတဲ့ နေ့ရက်

ဘာဘဲပြောပြော င့ါအတွက် အရမ်းမြင့်မြတ်တယ်။

ဒီနေ့မှာဆိုရင် လောဘတွေ ကင်းတဲ့ နှစ်နေရာကို သွားဖြစ်တယ်။

တစ်နှစ်တိုင်း တစ်နှစ်တိုင်း ကောင်မလေး တစ်ယောက်တိုင်း တစ်ယောက်တိုင်းနဲ့

နှစ်ဆယ့်လေးနာရီ မပြည့်သော လူတွေအကြောင်းကို ထိုင်နေရင်းလဲ တွေးဖြစ်တယ်။

ငါကရော နှစ်ဆယ့်လေးနာရီ ပြည့်သောသူ ဟုတ်ပါ့မလားလို့

နေ့ရက်တိုင်း မဟုတ်ပေမယ့် ဆယ်ရက်ဆယ်လ တိုင်းတော့ ပြည့်ချင်မိပါရဲ့။

ညဘက်လုပ်တဲ့ မွေးနေ့ပွဲတွေ မလုပ်ခဲ့ပေမယ့် (မလိုချင်တာလဲ ပါတယ်။)

ဦးထုပ်ဖြူဖြူလေးထဲမှာ ဦးနှောက်ကို ထည့်ဆောင်းရင်း

ကောင်မလေး တစ်ယောက်ယောက်နဲ့တော့ မီးအတူတူ ထွန်းဖူးချင်တယ်။

သိတတ်စ အရွယ်ထဲက ဆယ်ရက်ဆယ်လ တိုင်းမှာ မျဉ်းတစ်ကြောင်းဆွဲတယ်။ (ချစ်တယ်)

ဘ၀ရဲ့ စက္ကူပါးပါးပေါ်မှာ ငါချစ်ခဲ့တဲ့ မျဉ်းက ကောက်တယ် ကွေးတယ်

တစ်ခါတစ်ရံ အပေါ်တက်တယ်။ အောက်ကျတယ်။

(ရလဒ်တွေက ချိုမလိုနဲ့ ခါးခဲ့ဖူးတာလဲ ရှိတယ်။ ခါးမလိုနဲ့ ချိုခဲ့တာလဲ ရှိတယ်။)

အဲ့နေ့မှာ လက်ဆောင်လုပ်ထားတဲ့ နှလုံးသားတစ်စုံကိုလည်း ရရှိအောင်

ကြိုးစားဘူးတယ်။ ရလာတဲ့ လက်ဆောင်ကိုလည်း ဘုရားပေါ်မှာ ပြန်ပစ်ထားဘူးတယ်။

ငါအဲ့နေ့မှာ အတ္တမကြီးချင်လို့လေ…

ငါအတ္တများ အရမ်းကြီးသွားလား ကောင်မလေးး..

ဒါပေမယ့် ဒီနေ့မှာ ငါပျော်ပါတယ်….

(လက်ဆောင်ထုပ်တွေ ထည့်ထားတဲ့ ပုံးရယ် လူတွေ ပါးစပ်က ထွက်ချတာတဲ့

စကားလုံး (happy birthday) ဆိုတာကို မကြားရရင်ပေါ့)

ဘတ်ဒေးကိတ်ပေါ်က ဖယောင်းတိုင်မီးတွေ မှုတ်နေမှာထက်

Happy Birthday သီချင်းဆိုပေးနေမှာထက်

နှလုံးသားအတုတွေထည့်ထာားတဲ့ ပါဆယ်ထုပ်တွေထက်

ဖုန်းတွေနဲ့ Wish လုပ်နေတာထက်

ငါလိုလားတာ တစ်ခုကို လက်ဆောင်အဖြစ် တောင်းဆိုလို့ရင်တောင်းဆိုချင်ပါရဲ့

ငါမရှိတော့တဲ့နေ့မှ (ငါသေသွားမှ)

ငါသေသွားတဲ့ နေ့ရက်

ထိုနေ့ရက်တိုင်းမှာ

ငါ့အုတ်ဂူဖြူဖြူလေးမှာ မီးထွန်းပေးတာရယ်

ဓမ္မတေးသီချင်း သီကြူးပေးတာရယ်

ရင်ထဲက သံစဉ်တွေ ထည့်ထားတဲ့ ပန်းစည်းလေးတွေရယ်

အားလုံး ပေါင်းပြီး ကဗျာလေးတစ်ပုဒ်ဘဲ ဖန်တီးပေးခဲ့ပေးပါ။

ငါ အတ္တများကြီးနေသလားးးးးးးးးးး

 

 

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®



Saturday, October 6, 2012

"ခွင့်လွှတ်ရင်ခွင်"

အဆုံးအစမဲ့ ပျံသန်းဖို့ မင်း
လမ်းတွေ့ တောင်
အတောင်ညောင်းတဲ့နေ့
ငါ့ရင်ခွင်ကိုင်းထက် လာနားလှည့်ပါ

ထာဝရပျံသန်းဖို့ မင်း
အားပြည့်အောင်
ငါ့နှလုံးသားကိုဓါးနဲ့ဆစ်
ငါ့အချစ်မေတ္တာရေ ဆောင်သွားပါလေ

အသိုက်ဝေးနေ ငှက်ကလေးရေ
ပျံသန်းရင်း လမ်းမပျောက်စေနဲ့ဟာ
အသိုက်ဖွဲ့ တဲ့ ငှက်ထက်
အသိုက်ခိုမယ့် ရက်ရောက်ရင်
ငါ့ရင်ခွင် အသိုက်ဟောင်း
ပြန်ပြောင်းခဲ့ပါ

ငှက်ကလေး ! နင်ပြန်သန်းရာလမ်းဖြစ်အောင်
ငါ့အချစ်တွေ ခင်းပေးထားတယ်
(နူးညံ့ စွာခံစားပြီး စွန့်လွှတ်စိတ်နဲ့ ချစ်တဲ့ နှင်းဆီ)

ဘင်္ဂလားဒေရှ့် – မြန်မာနယ်စပ်




ဘင်္ဂလားဒေရှ့် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ငြိမ်းချမ်း| October 1, 2012 | Hits: 3,572

3



If you see this message, it means that your browser doesn't support frames or they are disabled.


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာ ဒေသတွင် မီးရှို့ဖျက်ဆီးခံထားရသည့် ဘုန်းတော်ကြီးကျောင်း မြင်ကွင်း (ဓာတ်ပုံ – Reuters)

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသခံ အာဏာပိုင်များက အရေးပေါ် ပုဒ်မ ၁၄၄ နှင့် ၃ ယောက်ထက် ပိုမို မစုဝေးရန် ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၃၀ ရက်နေ့က ယင်းဒေသရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို မီးရှို့ရာမှ ပဋိပက္ခကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခွဲချိန်ခန့်တွင် အစ္စလမ် ဘာသာဝင်များ၏ ကိုရမ်ကျမ်းစာအုပ်ကို ခြေထောက်နှင့် နင်းထားသည့် နိုင်ငံရပ်ခြားမှ ဓာတ်ပုံတပုံအား ပန်းဝါမြို့နေ အူတွန်ဘူဒဝါ အမည်ရှိ လူငယ်တဦးက အင်တာနက်မှ ဆွဲချကာ ၎င်းပိုင် ဝက်ဘ်ဆိုက်ပေါ် တင်ခဲ့သည်ကို ပန်းဝါရှိ မွတ်စလင် လူငယ်တစုက မြင်တွေ့ခဲ့ပြီး ဆန္ဒပြကြရာမှ စတင်ကာ ဘုန်းတော်ကြီး ကျောင်းများကို မီးရှို့သည်အထိ ဖြစ်သွားကြောင်း ပန်းဝါမြို့နေ ရုပ်သံ သတင်းထောက် ဂျဗစ်က ဧရာဝတီကို ပြောသည်။

"ကျနော် ကော့စ်ဘာဇာကနေ ပြန်လာတော့ အဲဒီ လူငယ်တွေက အင်တာနက်မှာ တင်ထားတဲ့ပုံကို ကြည့်ပြီးတော့ ဆန္ဒပြကြတယ်။ အဲဒီနောက်မှာ လူ ၃၀ လောက် ဖြစ်လာတယ်။ ကျနော်လည်း မြင်တာနဲ့ ဌာနဆိုင်ရာတွေကို ဖုန်းဆက် အကြောင်းကြား လိုက်တယ်။ အိမ်ကိုရောက်တော့ အင်တာနက်မှာ ဝင်ပြီး ရှာလိုက်တဲ့ အချိန်မှာ သူတို့ပြောတဲ့ ပုံကို တွေ့တယ်။ တခါ အပြင်ကို ပြန်ထွက်ကြည့်လိုက်တော့ လူတွေက တဖြည်းဖြည်း များလာတယ်။ ည ၁၂ နာရီ လောက်မှာ မီးရှို့တာတွေ စဖြစ်တော့တာပဲ" ဟု သူက ဆိုသည်။

အခင်းဖြစ်ပွားပြီးနောက် ၃၀ ရက်နေ့ မနက်စောစောတွင် ပန်းဝါမြို့နယ်မှူးက ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်လိုက်ပြီး ပန်းဝါမြို့တွင် ဈေးများပိတ်ကာ အခြေအနေကို ထိမ်းသိမ်းလိုက်သည်။

"တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း မီးရှို့ခံရတယ်။ အိမ် ၁၂ လုံးလောက် မီးလောင် သွားတယ်" ဟု ၃၀ ရက်နေ့ မနက်စောစောတွင် ယင်းဒေသသို့ သွားရောက် လေ့လာခဲ့သည့် ရခိုင်အသင်း ဗဟိုကော်မတီဝင် အားကစားနှင့် လူမှုရေး တာဝန်ခံ ဦးမောင်ရီဖြူက ပြောသည်။

၃၀ ရက်နေ့ မနက်စောစော ပန်းဝါ ကိုရောက်ရှိသွားသည့် ကော့စ်ဘာဇာမြို့နေ ကိုနိုင်နိုင်ကလည်း ရဲနှင့် နယ်ခြားစောင့် တပ်များက ပန်းဝါတွင် လုံခြုံရေး ယူထားကြောင်း၊ လောင်ကျွမ်းနေသည့် မီးမှာ မနက်အထိ အရှိန် မသေသေးကြောင်း ရှင်းပြသည်။

"ကျနော် ရောက်တော့ မီးလောင်နေတဲ့ ဘုန်းကြီးကျောင်းကို လူတွေ လာကြည့်နေကြတယ်။ ရခိုင်တွေ၊ ဒေသခံ ဗုဒ္ဓဘာသာ အဘိုးကြီး၊ အဘွားကြီးတွေက မျက်ရည်ကျပြီး မီးပုံအောက်ကို ရောက်နေတဲ့ ဘုရားရုပ်တု တွေကို ဦးချ နေကြတယ်။ ပန်းဝါမြို့ ကျောင်းကြီးဆိုတဲ့ ဘုန်းကြီးကျောင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေဟောင်း ရုပ်ပွားတော်တွေ၊ ရှေးဟောင်းပစ္စည်းတွေ ရှိတာ မီးထဲ ပါသွားတယ်" ဟု သူမြင်တွေ့ခဲ့ရသည်ကို ပြောပြသည်။

ပန်းဝါမြို့မှ စတင်ခဲ့သည့် ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖျက်ဆီးမှုသည် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မော်ရီကြာ၊ ဦကီယာ၊ တက္ကနာ စသည့် မြို့နယ်များ တဝိုက်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သော ဘူဒဝါရွာများဆီသို့ ပြန့်နှံ့သွားကြောင်း သိရသည်။

တက္ကနာမြို့နယ် မြစ်နားရွာမှ ကိုသာသာမောင်က "ကျနော်တို့ နားမှာ ၃၀ ရက်နေ့ မနက် ၈ နာရီလောက်က မော်ရီကြာမှာ ဘုန်းကြီးကျောင်း တကျောင်းဖြိုတယ်၊ ဦကီယာမှတော့ ညနေ ၃ နာရီလောက်မှာ စေတီတွေကို ဖြိုလိုက်တယ်။ အဲဒီ ကျောင်းတွေက ဘုန်းကြီးတွေ တောထဲကို ထွက်ပြေးနေကြတယ်။ ညနေ ၆ နာရီ လောက်မှာတော့ ဝါးခတ်ချောင်း ရွာမှာဖြစ်တယ်။ ဝါးခတ်ချောင်းမှာတော့ ဘုန်းကြီးကျောင်း ဘာမှ မဖြစ်ဘဲ အိမ် ၄ လုံးမီးရှို့ခံလိုက်ရတယ်" ဟု ပြောသည်။

မီးရှို့ဖျက်ဆီးမှုများကြောင့် ပန်းဝါမြို့တွင် ဘုန်းကြီးကျောင်း ၆ ကျောင်း၊ သိမ် ၂ လုံး၊ တောင်ရွှေရွာတွင် ဘုန်းကြီးကျောင်း တကျောင်း သိမ် ၁ လုံး၊ လူနေအိမ် ၂၀ ခန့် ပျက်ဆီးခဲ့ပြီး ယင်း ဘုန်းကြီးကျောင်းများ ထဲတွင် ပန်းဝါမြို့ရှိ ရွာကြီးကျောင်းသည် ရှေးအကျဆုံး ကျောင်းဖြစ်၍ ယခု မီးရှို့မှုကြောင့် ရှေးဟောင်း အမွေအနှစ်များစွာ ပျောက်ဆုံး ပျက်ဆီးခဲ့သည်။

ပျက်စီးသွားသော သာသန အဆောက်အအုံ များထဲတွင် ရခိုင် ဘုန်းကြီးကျောင် တကျောင်း ပါဝင်ပြီး ဘူဒဝါ လူမျိုးများ ကိုးကွယ်ရာ ဘုန်းတော်ကြီး ကျောင်းများဖြစ်၍ လူနေအိမ်များမှာလည်း ဘူဒဝါလူမျိုးများ၏ နေအိမ်များဖြစ်ကြသည်။

ဗုဒ္ဓဘာသာ ကိုးကွယ်ကြသော ဘူဒဝါ လူမျိုးကို မရာမာကြီးဟုလည်း ခေါ်ဝေါ်သုံးစွဲကြပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် ဘူဒဝါ လူမျိုး ၁၀ သိန်းခန့် နေထိုင်လျှက်ရှိကြောင်း၊ ၎င်းတို့သည် ဘင်္ဂလာဒေ့ရှ် နိုင်ငံ၏ တိုင်းရင်းသား စာရင်းဝင် လူမျိုးတမျိုးလည်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမှုများသည် ပန်းဝါ (ခေါ်) ရာမူးမြို့နယ်အတွင်းရှိ ပန်းဝါနှင့် တောင်ရွှေရွာ၊ ကော့စ်ဘာဇာမြို့နယ်ရှိ မော်ရီကြာ၊ ဦးကီယာမြို့နယ်၊ တက္ကနာမြို့နယ် ဝိုက်ကျောင်း၊ ပိုတီယာ စသည့် မြို့နယ်များတွင် ဖြစ်ပွား ခဲ့ကြောင်းနှင့် ပျက်ဆီးဆုံးရှုံးသွားသည့် ဘုန်းကြီးကျောင်းများနှင့် နေအိမ်များကို ဘင်္ဂလာဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက် ပေးမည်ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဘင်္ဂလာဒေ့ရှ် ရုပ်သံ သတင်းဌာနများက စက်တင်ဘာ ၃၀ ရက်နေ့ ညဘက် သတင်းများတွင် ကြေညာခဲ့သည်။

အခင်း ဖြစ်ပွားမှုများကြောင့် ကော့စ်ဘာဇာ ခရိုင်အတွင်း လူ ၄၀ ကျော်ကို ဖမ်းဆီးထားပြီး ဆက်လက် ဖမ်းဆီမှုများလည်း ရှိနေသေးကြောင်း ကော့စ်ဘာဇာ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင် အနည်းစု နေထိုင်ရာ သော်ဒီဂျာနှင့် ဘိုင်စရီဒေသ၊ မဟားဇိုးကျွန်း၊ တက္ကနာမြို့နယ် အတွင်းရှိ ကျေးရွာများ အပါအဝင် ကျေးရွာအများစုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ နယ်ခြားစောင့် တပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားကြောင်း သိရသည်။

 
 

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။



Sunday, May 20, 2012

ပါရဂူ ဘာသာပြန်သော သိဒ္ဓတ္ထ စာအုပ်

ကျွန်တော် တို့ သိဒ္ဓတ္ထ ဆိုလို့ ဘုရား မဖြစ်မီ ဘုရားလောင်း တော့ မထင်လိုက်ပါနဲ့။ ထို သိဒ္ဓတ္ထ သည်လည်း အစစ်အမှန်တရားကို ရှာဖွေခဲ့သည်။ သူသည် ဗြဟ္မဏ တစ်ယောက်ဖြစ်ပြီး ပထမဆုံး သာမဏ အဖြစ်ကို ခံယူခဲ့သည်။ ရောင့်ရဲခြင်း တရားကို သင်ယူတတ်မြောက်ခဲ့သည်။ ထိုတရားသည်လည်း အမှန်တရား မဟုတ်သဖြင့် ပြောင်းလဲ ခဲ့သည်။
"မင်းန့အဲ တူ ကြာမြင့်စွာ လျှောက်လာခဲ့တဲ့ ဒီသမဏတွေရဲ့ လမ်းကိုတော့  မင်းမိတ်ဆွေ မကြာခင်
စွန့်ရလိမ့်မယ် ဂေါဝိန္ဒ။ ငါ့ဆီမှာ မွတ်သိပ်မှုရှိနေတယ်။ ဒီသမဏတွေရဲ့လမ်းပေါ်မှာ ငါ့မွတ်သိပ်မှုဟာ
လျော့နည်းမသွားခ့ဘဲူး။ ငါဟာ အခါခပ်သိမ်းပဲ အသိပညာအတွက် မတ်ွသိပ်နေတယ်။
နှစ်ပေါင်းများစွာ ငါ ဗြာဟ္မဏတွေကို မေးခွန်းထုတ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ ငါ ဝေဒ
ကျမ်းဂန်များကို မေးခွန်းထုတ်လာခဲ့တယ် ဂေါဝိန္ဒ။ ငါ ကြံ့ကို မေးခွန်းထုတ်မိရင်၊ လူဝံကို
မေးခွန်းထုတ်မိရင် ကောင်းချင်ကောင်းလိမ့်ဦးမယ်။ လူဟာ ဘာကိုမှမသိနိုင်ဘူးဆိုတဲ့အချက်ကို
သိဖို့ရန်အတွက် ငါအချိန်အများကြီး အကုန်ခံခ့ရဲ တယ်။ အခုလဲ အဆုံးမသတ်သေးဘူး။ ငါ
ယုံကြည်တဲ့ အချက်တစ်ခုရှိတယ် အရာဝတ္ထုတိုင်းရဲ့အနှစ်သာရထဲမှာ ငါတို့သိခြင်းလို့ မခေါ်နိုင်တဲ့၊
သိခြင်းမှအပဖြစ်တဲ့ အရာဝတ္ထုအချို့ရှိတယ် မိတ်ဆွေ။ တစ်ခုတည်းသော အသိပညာသာလျှင်
ရှိတယ်။ အဲဒီအသိပညာဟာ နေရာအနှံ့မှာ ရှိတယ်။ အဲဒီအသိပညာဟာ အတ္တဖြစ်တယ်။
အဲဒီအသိပညာဟာ မင်းမှာလဲရှိတယ်။ ငါ့မှာလဲ ရှိတယ်။ သတ္တဝါတိုင်းမှာ ရှိတယ်။ ငါ တစ်နေ့တစ်ခြား
ယုံကြည်လာတာကတော့ အဲဒီအသိပညာရဲ့အကြီးဆုံးရန်သူဟာ ငါတို့အသိပညာရှင်လို့ ခေါ်တဲ့အရာ
ဖြစ်တယ်။ ငါတို့အသိပညာလို့ခေါ်တဲ့ အရာဖြစ်တယ်"

သူသည် အရှင် ဂေါတမနဲ့လည်း တွေ့ခဲ့သည်။ သို့ပေမယ့် အရှင်ဂေါတမရဲ့ တရားအဆုံးအမများကို သူပြောသည်မှာ....

"ရှင်တော်ဗုဒ္ဓ၊ အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားသော အရာတွေထက်
အကြောင်းအရာ တစ်ခုအတွက်န့ပဲ တပည့်တော် အရှင်ဘုရား၏ တရားဒေသနာတော်ကို
လေးစားမြတ်နိုးလှပါပြီ။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုလျှင် တရားဒေသနာတော်မှာပါရှိတဲ့
အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်း ဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။
ကမ္ဘာလောကဟာ အကြောင်းအကျိုးများဖြင့် ဆက်ထားတဲ့ပြည့်ဝသော၊ မကျိုးပြတ်သော
ကွင်းဆက်တစ်ခုအဖြစ်၊ ထာဝရ တည်ရှိနေတဲ့ ကွင်းဆက်တစ်ခုအဖြစ် အရှင်ဘုရားက
ဖော်ပြပါတယ်။ အဲဒီလို မှန်ကန်တဲ့ သစ္စာတရားမျိုးကို ယခုလောက် ပြတ်ပြတ်သားသား
ဘယ်တုန်းကမှ တင်ပြခြင်းမရှိခ့ဖဲူးပါ။ အခုလောက် ယုတ္တိယုတ္တာ ရှိရှိ မည်သည့်အခါကမှ ပြောပြခြင်း
မရှိခ့ဖဲူးပါ။ အကယ်၍ ဗြာဟ္မဏတွေဟာ အကြားအပေါက်ဟူ၍ မရှိဘဲ လုံးဝတစ်သားတည်း
ဖြစ်နေတဲ့၊ ကျောက်သလင်းကဲ့သို့ ဒိုးယိုပေါက်မြင်နေရတဲ့ ကံအကြောင်းတရားနဲ့ နတ်ဒေဝတာတွေ
အပေါ်မှာ မှီမနေရတဲ့ ကမ္ဘာလောကကို အရှင်ဘုရားဟောကြားတဲ့ တရားဒေသနာ အားလျော်စွာ
ကြည့်ကြမယ်ဆိုလျှင် သူတို့ရဲ့နှလုံးသွေးဟာ ပိုပြီး အခုန်မြန်လာဖို့ ရှိပါတယ်။ ကမ္ဘာလောကဟာ
ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟုပဲ ဆိုဆို၊ သို့မဟုတ် အနိစ္စဖြစ်သည်ဟုပဲ ဆိုဆို၊ အဲဒီလို
ပြောတာတွေဟာ ဖြစ်နိုင်စရာ၊ မှန်နိုင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါတွေက ဒါလောက်အရေးမကြီးပါ။
အမှန်တကယ် အရေးကြီးတာက ကမ္ဘာလောကရဲ့ ပေါင်းစည်းနေမှု အဖြစ်အပျက်အားလုံး
တစ်ခုနှင့်တစ်ခု အညမညဆက်စပ်နေမှု တစ်သားတည်းဖြစ်နေမှု၊ ကြီးကြီးငယ်ငယ်အရာဝတ္ထု
အားလုံးကို တစ်ခုတည်းသော အလျဉ်၊ တစ်ခုတည်းသော စီးကြောင်းမှ ခံယူမှု၊ တစ်ခုတည်းသော
အကြောင်းကြောင့် အားလုံး၏ဖြစ်ပေါ်မှု၊ ဇာတိနှင့် မရဏ စက်ရဟတ်လည်မှုများဖြစ်ပါတယ်။
အဲဒါတွေဟာ အရှင်ဘုရားဟောကြားတဲ့ တရားဒေသနာတော်အရ လွန်စွာမှ ရှင်းလင်းပြတ်သား
သွားပါတယ် ရှင်တော်ဗုဒ္ဓ။ သို့သော်လည်း အရှင်ဘုရားဟောကြားတဲ့ ဒေသနာတော်အရ
ဖြစ်တဲ့အရာဝတ္ထု ဟူသမျှရဲ့ ပေါင်းစည်းဆက်စပ်နေမှုန့ဲ အရာဝတ္ထုအားလုံးတို့ရဲ့ တက္ကဗေဒနှင့်
ညီညွတ်သော အကျိုးကျေးဇူးဆိုတဲ့ သဘောတရားတွေဟာ နေရာတစ်နေရာမှာ ကျိုးပြတ်နေတာကို
တွေ့ရပါတယ်။ သေးငယ်တဲ့ အကြားအပြတ်ကနေပြီး ပေါင်းစည်းဆက်စပ်နေတဲ့ ကမ္ဘာလောကထဲကို
ယခင်ကလည်း မရှိ။ ယခုလည်း လက်တွေ့ပြလို့မရတဲ့ ဆန်းတဲ့ အရာတစ်ခု ဝင်လာပါတယ်။
အဲဒီအရာဟာ ဘာလဲလို့ ဆိုရင်ဖြင့် အရှင်ဘုရားရဲ့ ကမ္ဘာလောကအပေါ်တက်နေတဲ့၊ ကမ္ဘာလောကနဲ့
လွတ်နေတဲ့ အယူဝါဒ ဖြစ်ပါတယ်။ အရှင်ဘုရားရဲ့ နိဗ္ဗာန် အယူဝါဒဖြစ်ပါတယ်။ ယင်း သေးငယ်တဲ့
အကြား၊ ယင်း သေးငယ်တဲ့ အပြတ်ကြောင့် ဒီ ထာဝရဖြစ်တဲ့ ကွင်းဆက် ကမ္ဘာ့နိယာမဥပဒေကြီးဟာ
တစ်ဖန် အကျိုးပြတ်သွားရပါတယ်။ ဒီလိုလျှောက်ထားပြောပြတဲ့အတွက် တပည့်တော်ကို
ခွင့်လွှတ်တော်မူပါ အရှင်ဘုရား"

နောက်ဆုံးသူ သူ့ သူငယ်ချင်းနှင့် ပြန်တွေ့သောအခါ သူ့အတွေးအခေါ်အချို့ကို တင်ပြပုံကတော့

"နားထောင် မိတ်ဆွေ၊ ငါလဲပဲ အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ မင်းလဲ အပြစ်မကင်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ သို့ပေမယ့် အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလဲ တစ်ဖန်
ဗြဟ္မာဖြစ်မှာပဲ၊ တစ်နေ့ကျရင် နိဗ္ဗာန်ကို ရမှာပဲ၊ တစ်နေ့ကျရင် ဗုဒ္ဓတစ်ဦး ဖြစ်မှာပဲ။ အခုအခါမှာတော့
အဲဒီ 'တစ်နေ့ကျရင်' ဆိုတာဟာ စိတ်ကူးယဉ်မျှသာ ဖြစ်တယ်၊ နှိုင်းယှဉ်ချက်မျှသာ ဖြစ်တယ်၊
အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓန့တဲူတဲ့အဆင့်သို့သွားတဲ့ လမ်းမပေါ်မှာ သွားမနေဘူး၊
တိုးတက်မနေဘူး၊ သို့ပေမယ့် ငါတို့ရဲ့အတွေးအကြံကတော့ အဲဒါကလွဲပြီး တခြားအရာဝတ္ထုကို
တွေးခေါ်ကြံဆခြင်းကိုတောင်မှ မလုပ်နိုင်ပေဘူး၊ ဟင့်အင်း၊ အဲဒီလို မဟုတ်ဘူး၊ အမှန်တကယ်
ဖြစ်လတ္တံ့ဖြစ်တဲ့ ဗုဒ္ဓဟာ အပြစ်မကင်းတဲ့ပုဂ္ဂိုလ်မှာ မဆွကတည်းက ကိန်းအောင်းနေတယ်၊
အနာဂတ်ဟာ ယခင်ကတည်းက ထိုနေရာမှာ တည်ရှိနေတယ်၊ သူ့မှာရော မင်းမှာရော လူတိုင်းမှာ
ကိန်းအောင်းနေတဲ့ ဖြစ်လတ္တံ့ဖြစ်တဲ့ ဗုဒ္ဓကို အသိအမှတ်ပြုရလိမ့်မယ်၊ ဂေါဝိန္ဒ၊ ဒီကမ္ဘာလောကဟာ
မပြည့်စုံတာ မဟုတ်ဘူး၊ ပြည့်စုံမှုကို တစ်ဖြည်းဖြည်းတစ်စစ တိုးသွားနေတာလဲမဟုတ်ဘူး၊
ဒီကမ္ဘာလောကဟာ ခဏတိုင်း ခဏတိုင်းမှာ ပြည့်စုံမှုရှိတယ်၊ အပြစ်ဟူသမျှရဲ့အတွင်းမှာလဲ
ဂုဏ်ကျေးဇူးရှိနေတယ်၊ ကလေးသူငယ်အားလုံးဟာ ဖြစ်လတ္တံ့လူကြီးများဖြစ်ကြတယ်၊ နို့စို့ကလေး
တစ်ယောက်ရဲ့အတွင်းမှာ သေခြင်း သဘောတရား ကိန်းအောင်းနေတယ်၊ သေသူမှန်သမျှရဲ့
အတွင်းမှာလဲ ထာဝရ အသက်ဇီဝိန်ရှိနေတယ်၊ ပုဂ္ဂိုလ်တစ်ဦးဦးအနေဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးကို
လမ်းခရီးမှာ ဘယ်လောက်ဝေးဝေး ရောက်နေပြီလဲလို့ ကြည့်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဓါးပြနဲ့
ကြွေအန်လောင်းကစားသမားမှာလဲ ဗုဒ္ဓကိန်းအောင်းနေတယ်၊ မြင့်မြတ်စင်ကြယ်တဲ့ ဗြာဟ္မဏမှာလဲ
ဓါးပြ ပုန်းကွယ်နေတယ်၊ ကမ္မဋ္ဌာန်း ဘာဝနာကို အတွင်းနှိုက်ပြီး ပွားများနေတဲ့အခါမှာဆိုရင်
အချိန်ကာလအဖုံးကိုဖွင့်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို တစ်ပြိုင်နက်တည်းမှာ ကြည့်နိုင်တယ်၊
အဲဒီအခါမှာဆိုရင် အရာဝတ္ထုဟူသမျှဟာ ကောင်းတယ်၊ ပြည့်စုံတယ်၊ အရာဝတ္ထုဟူသမျှဟာ
ဗြဟ္မာဖြစ်တယ်၊ အဲဒါကြောင့် ငါ သဘောပေါက်တာကတော့ ရှိရှိသမျှ အရာဝတ္ထုဟာ ကောင်းတယ်၊
သေခြင်းရော၊ အသက်ရှင်ခြင်းရော၊ ကောင်းမှုရော၊ မကောင်းမှုရော၊ ပညာရှိခြင်းရော၊ မိုက်မဲခြင်းရော
အားလုံးကောင်းတယ်၊ အရာဝတ္ထုဟူသမျှဟာ လိုအပ်တယ်၊ အရာဝတ္ထုဟူသမျှနဲ့ ငါသဘောချင်း
ကိုက်ညီဖို့ပဲလိုတယ်၊ ငါ့ရဲ့လက်ခံမှု၊ ငါ့ရဲ့မေတ္တာရှေ့ထားတဲ့နားလည်မှုပဲလိုတယ်၊ အဲဒါတွေရှိရင်
ငါ့အတွက် ဘာမဆို ကောင်းမှာပဲ၊ ဘယ်အရာဝတ္ထုမှ ငါ့ကို အကျိုးယုတ်အောင် မလုပ်နိုင်တော့ဘူး၊
ငါဟာ မိမိရဲ့ ကိုယ်ခန္ဓာန့ဲ အတ္တမှတစ်ဆင့် ဘယ်လိုသင်ကြားတတ်မြောက်သလဲဆိုရင် ငါ့အတွက်
မကောင်းမှုကို ကျူးလွန်ခြင်းဟာလဲ လိုအပ်တာပဲ။ ငါ့အတွက် ကာမဂုဏ် အာရုံကို ခံစားစံစားခြင်းလဲပဲ
လိုအပ်တာပဲ။ ပစ္စည်းဥစ္စာရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခြင်းတို့၊ စိတ်ပျက်အားလျော့ခြင်း
အတွေ့အကြုံတို့လည်း လိုအပ်တာပဲ၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီလိုဖြစ်မှ ငါ အဲဒါတွေကို မဆန့်ကျင်ဖို့
နားလည်သဘောပေါက်နိုင်မယ်။ ကမ္ဘာလောကကြီးကို ချစ်ဖို့ နားလည်သဘောပေါက်နိုင်မယ်။ အဲဒါမှ
ငါ ဒီကမ္ဘာလောကကို လိုလားမျှော်မှန်းနေတဲ့ စိတ်ကူးယဉ် ကမ္ဘာလောက တစ်မျိုးမျိုးနဲ့ဖြစ်စေ၊
ပြည့်စုံမှုရဲ့ စိတ်ကူးယဉ်အသွင်အပြင် တစ်မျိုးမျိုးနြဲ့ဖစ်စေ နှိုင်းယှဉ်ဖို့ မလိုတော့ဘဲ သူ့အတိုင်း
လက်ခံနိုင်တဲ့၊ ချစ်နိုင်တဲ့၊ သူ့အစိတ်အပိုင်းဖြစ်သွားနိုင်တဲ့ စွမ်းရည်သတ္တိမျိုး ငါ့မှာ ပေါ်လာနိုင်မယ်၊
ဂေါဝိန္ဒ၊ အခု ပြောပြတာတွေဟာ င့ါစိတ်ထဲမှာ ရှိနေတဲ့ အတွေးအခေါ်တစ်ချို့ဆိုပါတော့"

သိဒ္ဓတ္ထ"အင်း...ပြောပြမှာပေါ့။ ဟိုနေရာသည်နေရာမှာ ဆိုသလိုပဲ ငါ့ ဦးနှောက်ထဲမှာ
အတွေးအခေါ်များ၊ အသိဉာဏ်များပေါ်လာတတ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မိမိ
နှလုံးသားထဲမှာ အသက်ရှိမှုကို သိရှိသကဲ့သို့ တစ်ခါတစ်ရံတစ်နာရီကြာမျှ သို့မဟုတ် တစ်နေ့တာမျှ
ငါ အသိဉာဏ်ကို သိရှိနားလည်လာတယ်။ ငါ့မှာ အတွေးအခေါ်တွေ အများကြီးရှိခ့တဲ ယ်။ သို့ပေမယ့်
အဲဒီအတွေးအခေါ်များအကြောင်းကို မင်းကို ပြောပြဖို့မလွယ်ဘူး။ ငါ စွဲမြဲနေတဲ့ အတွေးအခေါ်
တစ်ခုတော့ ရှိတယ် ဂေါဝိန္ဒ။ အဲဒါ တခြားမဟုတ်ဘူး။ အသိပညာဆိုတာ ဖြန့်ဖြူးလို့မရဘူး
ဆိုတဲ့အချက်ပဲ။ အကယ်၍ ပညာရှင်တစ်ယောက်ယောက်က အသိပညာကို ဖြန့်ဖြူးမယ် ကြိုးစားလျှင်
အဲဒီကြိုးစားချက်ဟာ အခါခပ်သိမ်း မိုက်မဲတဲ့ အသွင် ပေါ်နေတာပဲ"

ငါ့မှာ အတွေးအခေါ်တစ်ခုရှိသေးတယ် ဂေါဝိန္ဒ။
အဲဒါကိုလဲ မင်းက ပြောင်ချော်ပြက်ချော်ပြောတာလို့၊ သို့မဟုတ် ရူးတာလို့ထင်ဦးမှာပဲ။ အဲဒါက
ဘာလဲဆိုတော့ အမှန်တရားရဲ့ဆန့်ကျင်ဘက်ဟာလဲ အမှန်တရားလိုပဲ မှန်ကန်မှုရှိတယ်ဆိုတဲ့
အချက်ပဲ။ ဥပမာအားဖြင့်ပြောရလျှင် အမှန်တရား တစ်ခုဟာ တစ်ဘက်သတ်ဖြစ်ပါမှ စကားအားဖြင့်
ဖော်ပြလို့ရနိုင်တယ်။ စကားအားဖြင့် ဖော်ပြလို့ရတဲ့၊ ကြံဆလို့ရတဲ့ အရာဝတ္ထု မှန်သမျှဟာ
တစ်ဘက်သတ်တစ်ဘက်စီးနင်းဖြစ်တယ်။ တစ်ဝက်တစ်ပျက်သာ၊ တစ်ဘက်သာ မှန်ကန်မှုရှိတယ်။
ပြည့်စုံမှု၊ ပြည့်ဝမှု၊ ပေါင်းစည်းမှု မရှိဘူး။ ကမ္ဘာလောကအကြောင်းကို ပြောပြတဲ့အခါ ဂေါတမဗုဒ္ဓလဲပဲ
ကမ္ဘာလောကကို သံသရာနဲ့ နိဗ္ဗာန်အဖြစ်လည်းကောင်း၊ မောဟနဲ့  သစ္စာအဖြစ်လည်းကောင်း၊ ဒုက္ခနဲ့
လွတ်ငြိမ်းမှုအဖြစ်လည်းကောင်း ခွဲခြားပြတာပဲ။ အဲဒီလို မလုပ်လို့ မဖြစ်ဘူး။ တရားအဆုံးအမကို
ဟောပြသူတို့အတွက် တခြားနည်းလမ်းမရှိဘူး။ သို့ပေမယ့် ငါတို့ရဲ့ အတွင်းနဲ့ ငါတို့ရဲ့ ပတ်ဝန်းကျင်မှာ
ရှိနေတဲ့ ကမ္ဘာလောက ကိုယ်တိုင်ကတော့ ဘယ်တော့မှ တစ်ဘက်သတ်မဟုတ်ဘူး။ မည်သည့်
ပုဂ္ဂိုလ်မှ သို့မဟုတ် မည်သည့်အပြုအမူမှ အကြွင်းမဲ့သံသရာတွင်းကလဲ မဟုတ်ဘူး။ အကြွင်းမ့ဲ
လွတ်ငြိမ်းမှု ရရှိနေတာလဲ မဟုတ်ဘူး။ မည်သည့်ပုဂ္ဂိုလ်မှ အကြွင်းမ့ဲ သူတော်မြတ်လဲမဟုတ်ဘူး။
အကြွင်းမဲ့ သူယုတ်မာလဲ မဟုတ်ဘူး။ အဲဒီလိုဖြစ်နေပုံရတဲ့ အကြောင်းကတော့ အချိန်သမယဟာ
မှန်တဲ့အရာဖြစ်တယ်လို့ ငါတို့ထင်ယောင်ထင်မှား ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ အချိန်သမယ
ဆိုတာ မှန်တဲ့အရာ မဟုတ်ဘူးဂေါဝိန္ဒ၊ အဲဒီအချက်ကို ငါ ထပ်ခါထပ်ခါ သဘောပေါက်တယ်၊
တကယ်လို့ အချိန်သမယဟာ မှန်တဲ့အရာ မဟုတ်လျှင် ဒီကမ္ဘာလောကနဲ့ ထာဝရလောက
အတွင်းမှာလည်းကောင်း၊ ဒုက္ခန့ဲ လွတ်ငြိမ်းမှုအတွင်းမှာလည်းကောင်း၊ အကောင်းနဲ့ အဆိုးအတွင်းမှာ
လည်းကောင်း၊ ခြားနားထားသလိုလိုထင်ရတဲ့ စည်းကြောင်းဟာလဲ အမှန်မဟုတ်ဘူး၊
မောဟဖုံးနေခြင်းသာ ဖြစ်တယ်"

စာအုပ်ကို ဒေါင်းချင်ပါက ဒီမှာ ဒေါင်းပါ။





--


Friday, April 20, 2012

ယုံကြည်ကိုးကွယ်မူဆိုင်ရာ မသိကိန်းများ...

By Myat Su in ဓမ္မနဒီ ·
သင်္ချာပုစ္ဆာတွေတွက်တဲ့အခါ အဖြေကြိုမသိတဲ့အကြောင်းအရာတွေကို မသိကိန်း x တို့  y တို့ ထားပြီး  တွက်ရတဲ့အခါရှိတယ်... အဲဒီ လို x တွေ y တွေကိုမှ လက်မခံနိုင်ရင် ဒီပုစ္ဆာ ဟာ ဘယ်လိုမှ ဆက်တွက်လို့ မရတော့ဘူး..." ဒါပေမယ့် သေချာတာက ကိုယ်တွက်တဲ့ သီအိုရီရဲ့  equation တွေဟာ x နဲ့ y နဲ့ကို တချိန်မှာ ပြန်သိနိုင်ရမယ့် သီအိုရီဖြစ်ဖို့ တော့လိုတယ်..." အဲဒီလို မသိကိန်းထားတွက်ရတဲ့ပုစ္ဆာကို သူငယ်တန်းကလေးတွေမှာ သွားသင်ပေးလို့ မရဘူး.... သူတို့ က အဲဒီလို ခြွင်းချက်လေး ခဏထားပေးရမယ်ဆိုတာကို လက်မခံနိုင်ဘူး ... သဘောထားမကြီးပေးနိုင်ဘူး...သူတို့ မှီတဲ့ဥာဏ်လေးနဲ့ တိုက်ရိုက်တွေးနေတာကိုး ... အဲဒါကို မရင့်ကျက်ဖူးလို့ ခေါ်တယ်... အဆင့်မြင့်တဲ့ ပုစ္ဆာတွေမှာ မသိကိန်းတွေပိုများလာတယ်…. ကဲ ဘယ်လိုမသိကိန်းတွေလဲ…

 

တကယ်တော့ ဘ၀မှာ မသိကိန်းတွေက တော်တော်များပါတယ်… ကိုယ့်ရဲ့ ဥာဏ်က အရာရာကို သိနိုင်တဲ့ဥာဏ်၊ ပြီးတော့ ဘယ်တော့မှ မမှားတက်တဲ့ဥာဏ်လို့ လက်ခံရင်တော့ မသိကိန်းဆိုတာ မလိုတော့ ဘူးပေါ့… အဲလိုမှမဟုတ်ရင် မသိကိန်းကို လက်ကို လက်ခံရပါမယ်… ဒီနေရာမှာ မသိကိန်းကို ဘယ်လိုရှာဖွေကြမလဲ… ကိုယ်မှန်တယ်ထင်တဲ့သီအိုရီနဲ့ အဲဒီမသိကိန်းကို ထည့်တွက်ရှာဖွေဖို့ ပဲရှိပါတယ်…

အဲဒီတော့လူတွေမှာ မသိကိန်းကိုရှာတဲ့ သီအိုရီတွေ ၊ အယူအဆ တွေ ၀ါဒတွေဆိုတာရှိလာကြတာပေါ့ … နောက်ဘ၀ရှိမရှိ၊ သံသရာရှိမရှိ၊ သေဆုံးခြင်းရဲ့ အခြားမဲ့မှာဘာတွေဖြစ်မလဲ၊ ရှင်သန်မွေးဖွားခြင်းမတိုင်မီ ဘာတွေဖြစ်ခဲ့လဲ… အဆုံးမရှိသုခဘုံ၊ ပြန်လမ်းမရှိတဲ့ ငရဲ ဘုံ စသဖြင့် တွေးတောကြံစည်မူမသိကိန်းတွေဟာ လူသားရဲ့ ဥာဏ်ရည်စတင်ဖွံ့ ဖြိုးလာကထည်းက တွေးတောတွက်ချက်လာခဲ့တဲ့ … အဖြေရှာလာခဲ့တဲ့ ရေပန်းအစားဆုံး မသိကိန်းတွေပါပဲ…

 

အဲဒီမသိကိန်းတွေကို ဖော်ထုတ်မယ့်သီအိုရီကို ရှေးခေတ် ဆာဒူးကြီးတွေကစလို့  ဟောပြော သင်ကြားမူတွေစလာခဲ့ကြတာ ဗုဒ္ဓရှင်တော်ကလည်း ဒီမသိကိန်းကိုပဲ ဖော်ထုတ်သွားခဲ့ပါတယ်… ထိုအတူ ခရစ်တော်ကလည်း ဒီမသိကိန်းကို အဖြေရှာပေးသလို မိုဟာမက်သည်လည်းပဲ ဒီမသိကိန်းတွေကိုပဲ သိအောင်ပြောသွားတာပါပဲ… ရှာတာကတော့ x နဲ့  y…ဒါပေမယ့် သီအိုရီတွေမတူတော့ equation အရ တွက်ချက်ပုံတွေတော့ မတူကြဘူးပေါ့….

 

ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောတာကမှ လွယ်ပါသေးတယ်.. ဒီမသိကိန်းတွေရဲ့ ရာဇ၀င်ကို ဘယ်သက်သေတွေနဲ့ ဘယ်လိုကိုင် ဘယ်လိုများပြောကြမှာလဲ… ဒီမသိကိန်းတွေရဲ့  အမှန်တရားကိုသတ်မှတ်ရာမှာ ကမ္ဘာကုလသမဂ္ဂမှာဆုံးဖြတ်ကြသလို ထောက်ခံသူအများဆုံးအရာကို အမှန်လို့ သတ်မှတ်မှာလား … ဒါလည်းမဟုတ်သေးဘူး … ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုး… များလိုက်ကြတဲ့ သီအိုရီတွေ…

 

ကဲ….ဒါဆို လူဆယ်ဦးလောက်ကိုကျဘမ်းရွေးပြီး အဲဒီမသိကိန်းတွေအကြောင်းဆွေးနွေးကြည့်ရင် သူတို့ တွက်နေတဲ့ သီအိုရီတွေအပေါ်မူတည်ပြီး အဖြေကိုအမျိုးမျိုးပေးကြမှာပါပဲ… Atheism တဦးအတွက်ဆိုရင်တော့ သိပ္ပံနည်းကျ သူယူဆတာတွေ၊ ခရစ်ယာန်တဦးကိုမေးရင် ကောင်းကင်ဘုံအကြောင်းတွေ၊ ဗုဒ္ဓဘာသာဝင်တဦးကိုမေးရင် ၃၁ ဘုံနဲ့  သံသရာအကြောင်းတွေ.. အဖြေတွေစုံနေမှာ အမှန်ပါပဲ… တကယ်တော့အများစုပြောကြတာတွေဟာ သူတို့ ကိုယ်တိုင်ရှာဖွေတွေ့ ရှိထားတာထက် သူတို့ ယုံကြည်ကိုးကွယ်တဲ့ သီအိုရီကို ဖော်ထုတ်ပေးကြတဲ့သူတွေရဲ့ အာဘော်ကို သံယောင်လိုက်ပြီးပြောကြတာများပါတယ်… အဲဒီတော့ သံယောင်လိုက်ပြောဆိုသူတွေဟာ ကိုယ်တွေ့ တရားတွေ၊ ကိုယ်တွေ့ အသိတွေမဟုတ်တဲ့အတွက် ပိုင်ပိုင်နိုင်နိုင်  စီးစီးပိုင်ပိုင်မပြောနိုင်ကြသလို ၊ ခေတ်ကာလာအခြေအနေ၊ ပြောသူ၊ နားထောင်သူရဲ့  ဥာဏ်ရည်တွေပေါ်မူတည်ပြီး မူလသီအိုရီနဲ့ ကွဲလွဲမူ ၊ ချဲ့ ကား ကွန့် ညွန်မူတွေကတော့ ရှိလာမှာပေါ့… ဒါပေမယ့် အပင်တပင်ဟာ အရွက်ကြွေလို့ ရတယ် အပင်သေလို့တော့ မရဘူး … အပင်သာ တကယ်သန်ရင် ၊ တကယ်မှန်ရင် ရွက်ဟောင်းတွေကြွေသွားလည်း ရွက်သစ်ကတော့ ဝေမှာပါပဲ… အဲဒါကြောင့်ပဲ ကမ္ဘာဘာသာကြီးများဟာ ပြောင်းလဲမူ ၊ အငြင်းပွားမူ ၊ ဂိုဏ်းကွဲမူ စတဲ့ အဓိကရုဏ်းကြီးများနဲ့ ကြုံဆုံခဲ့ရသည့်တိုင် ယနေချိန်ထိ မယိုင်မလဲ တည်ရှိနေခြင်းပါပဲ…

 

ကဲဒီလိုဆိုရင်ဖြင့် ယခုလက်ရှိ သိရှိလက်ခံနေရတဲ့ သီအိုရီတွေဟာ နှစ်ကြာတာကလည်း တကြောင်း၊ ကိုယ်တိုင်ဖော်ထုတ်ခဲ့တဲ့သူတွေမဟုတ်တာကလည်းတကြောင်းဆိုတော့ သူတို့ ရဲ သီအိုရီကို လက်ခံကြတဲ့ တစုံတယောက်ကို အဲဒီသီအိုရီနဲ့ ပါတ်သက်တဲ့ အကြောင်းဆွေးနွေးတဲ့အခါ အားနည်းချက်(၀ါ) မရှင်းပြနိုင်တဲ့အချက် ဆိုတာကိုတော့ ကျိန်းသေပေါက်ရှာတွေ့ ကြမှာပါ… ဒီအရာကိုဖိနင်းပြီး ဒီသီအိုရီလုံးဝမှားပါတယ်လို့ ငြင်းရင်တော့ ဒီနေရာမှာ စဉ်းစားစရာတွေအများကြီးပေါ်လာနိုင်ပါတယ်… ဗုဒ္ဓပွင့်ထွန်းစဉ် က ခေတ်ပြိုင် ဘုရားလို့ ခေါ်ဝေါ်သမုတ်ကြတဲ့ ပညာရှင်ကြီးတွေလည်း ပေါ်ထွန်းခဲ့သလို ထိုထို ပုဂ္ဂိုလ်များဟာလည်း ဗုဒ္ဓနဲ့ စကားစစ်ပြိုင် ခဲ့ကြတာတွေ ရှိခဲ့ပါတယ်… ထိုနည်းတူစွာ ခရစ်တော်ဟာလည်း မလွယ်ကူတဲ့ သာသနာပြုလမ်းကြောင်းမှာ မိမိအသက်နဲ့တောင်သက်သေပြပေးခဲ့ရပါတယ်... မိမိတွေ့ ရှိတဲ့အမှန်တရားကို မစွန့် နိုင်တဲ့အတွက် အဆိပ်သောက်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတွေ ၊ အတွေးအခေါ်ပညာရှင်ကြီးတွေ၊ ရူးကြောင်းကြောင်နတ်ဆိုးလို့ သမုတ်ခံခဲ့ရတဲ့ ဒါဝင်တို့ လို ပညာရှင်ကြီးတွေဟာလည်း မနည်းမနောပါပဲ… အဲဒီတော့ ဒီအားနည်းချက်တွေကိုသာ လိုက်ရှာနေတဲ့သူတဦးဖြစ်ခဲ့မယ်ဆိုရင်တော့ …. တကယ်လို့ များ သက်ရှိထင်ရှား ဗုဒ္ဓရှင်တော်နဲ့ တွေ့ ခွင့်ရရင်၊ ခရစ်တော်ရဲ့ ကြီးမားတဲ့မေတ္တာတော်နဲ့ သာ ထိတွေ့ ခွင့်ရရင် ဒီအားနည်းချက်တွေဟာ အရေးမပါဖြစ်သွားနိုင်တယ်ဆိုတဲ့အချက်ကိုတော့ ငြင်းလို့ ရမှာ မဟုတ်ပါဘူး…

 

ကဲ…ဒီနေရာမှာ မသိကိန်းထားတွက်ချက်မူဆိုတာ ဘာကိုပြောတာလဲ… မိမိကြိုက်ရာသီအိုရီတခုခုကိုရွေးလိုက်ပါ… နောက်အဲဒီသီအိုရီက ခိုင်းတဲ့အဆင့်တိုင်းကို လေးလေးစားစား လိုက်လုပ်ပါ… အဖြေထွက်လာတဲ့အထိ ရှာပါ… သေချာတာက သီအိုရီတိုင်းမှာ မသိကိန်းတွေပါနေတယ်ဆိုတာပါပဲ…

 

ဟုတ်ကဲ့ ကျွန်တော်က ဘယ်သီအိုရီကိုမှ မရွေးဘူး … ဘယ်သူ့ ကိုမှ မကိုးကွယ်ဘူး .. ကိုယ့်ကိုကိုယ်ပဲယုံပါတယ်လို့ ပြောလာခဲ့ရင်လည်း ရပါတယ်… ဒါဆိုလက်တွေ့ သမား ၊ သိပ္ပံနည်းကျ ယုတ္တိ၇ှိတာကိုတော့လက်ခံတယ်ပေါ့… တကယ်တော့သိပ္ပံပညာဟာ လောကကြီးတခုလုံးရဲ့ ဖြစ်ပျက်မူ ၊ ကြောင်းကျိုးဆက်စပ်မူအားလုံးကို ချွင်းချက်မရှိသိရှိပါပြီလို့  ပြောနိုင်ပါရဲ့ လား ၊ ယနေ့ သိပ္ပံက အဖြေရှာမရတဲ့ စိတ်နယ်လွန်ဖြစ်ရပ်တွေ၊ သဘာဝလွန်ဖြစ်ရပ်တွေ စတာတွေမှာ မတက်သာလို့ နှာစေးထားရတဲ့ အပိုင်းတွေ အပုံအပင်၊ ထုနဲ့ ဒေး… ကဲ ဒါတွေကျတော့ ဘယ်လိုရှင်းမှာလဲပြောရင် ၊ ဒါတွေဟာ Atheism တွေအတွက် မသိကိန်းတခုပါ၊ ကိုယ်မှန်တယ်ထင်တာကိုယ်ဆက်လက်လုပ်ကိုင်ရင်း၊ အကောင်းဆုံးဖြစ်တဲ့ ကိုယ်ကျင့်တရားလမ်းစဉ်ကို မိမိသတ်မှတ်ထားတဲ့စံနှုန်းအတိုင်းလူသားဆန်စွာနေထိုင်ရင်း၊ ဘ၀ကိုမသိကိန်းများနဲ့ ဖြတ်ကျော်သွားတာပါပဲ…ဘယ်ဘာသာကိုမှ ကိုးကွယ်ခြင်းမရှိတဲ့ဆရာတယောက်ပြောသလိုပေါ့… အခုနေ ရွေတီဂုံဘုရားကြီး မိုးပေါ်ပျံပြတောင် သူအနေနဲ့  မသိနိုင်တဲ့အကြောင်းအကျိုးတခုခုကြောင့်ပဲလို့ ယူဆမယ်… အများပြောကြတဲ့ တန်ခိုးဆိုတာ မယုံဘူးလို့ ဆိုလာပါတယ်… အဲဒီ မသိနိုင်တဲ့အကြောင်းအကျိုးဆိုတာ သူအတွက် မသိကိန်းပါ….  ဒီမသိကိန်းတွေရှိနေလို့သာ သူရဲ့ သီအိုရီဟာ ဘ၀နေထိုင်ဖို့ အတွက်အံဝင်သွားတာလို့ပဲဆိုပါရစေ…

 

ကဲဒါဖြင့်ရင်ကျန်တဲ့ဘာသာတွေမှာရော… ခရစ်ယာန်ဘာသာဝင် ၊ အစ္စလမ်ဘာသာဝင်များအတွက် ကမ္ဘာဦးရဲ့ အကြောင်းအရာတွေဟာ တကယ်တော့ မသိကိန်းအဖြစ် အစားထိုးထားတဲ့အရာများသာ.. . အာဒံနှင့် ဧ၀ တကယ်ရှိခဲ့သည် မရှိခဲ့သည်ကို ဘယ်အရာနှင့်သက်သေပြပါမည်နည်း၊ သို့ သော်ထို အချက်သည် အက္ခရာမဟုတ်၊ စစ်မှန်သော ခ၇စ်တော်ဧ။် တရားအနှစ်သာရ၊ မေတ္တာတရားနှင့် သက်ဝင်ယုံကြည်မူတို့ ပင်…ထိုတရားဓမ္မတို့ ဧ။်အစွမ်းကြောင့်ပင် ကောင်းကင်ဘုံကိုမမြင်ရသေးခင်ကပင် ကြီးမားသော စိတ်လုံခြုံမူ ၊ အေးချမ်းမူ၊ ဘ၀ရဲ့ ချမ်းသာမူကို အမှန်တကယ်ပင်ပေးစွမ်းလျှက်ရှိသည်…သို့ ဆိုလျှင် ကမ္ဘာဦးမှ သက်သေမပြနိုင်သေးသော ဖြစ်ရပ်များအား မသိကိန်းမထားသေးသမျှ ခရစ်တော်ညွန်ပြသော ကောင်းကင်ဘုံကို မြင်နိုင်စွမ်းမည်မဟုတ် …. ထိုအရာသည်ပင် မသိကိန်းဖြစ်တော့သည်….

 

 ငယ်ငယ်ရွယ်ရွယ်နှင့် ဟာဂျီဖြစ်လျှက်ရှိသော မောင်ငယ်လေးတဦးနှင့်သိကျွမ်းရာမှ အရွယ်နှင့်မလိုက်အောင် စောင့်စည်း၊ ထိန်းသိမ်းနိုင်သည့် သူဧ။် ကိုယ်ကျင့်သီလကိုချီးကျူးမိသည်… ထိုသို့ ကျင့်ကြံရန်ခက်ခဲသော သီလကို ပီတိအဟုန်ဖြင့် ကောင်းစွာထိန်းသိမ်းနိုင်သော သူဧ။်စိတ်အင်အားများ အဘယ်မှရပါမည်နည်း… ထိုမောင်ငယ်အနေဖြင့် မသိကိန်းများ ကျိန်းသေပေါက်ရှိနေမည်ဟု ကျွန်မ ယုံကြည်မိပါသည်… တခါတရံတွင် ထိုမသိကိန်းဧ။်အင်အားသည် အလွန်ကြီးသည်ဟု သဘောပေါက်လာမိသည်…

 

တကယ်လို့ ကျွန်မသာ ဗုဒ္ဓဘာသာဝင်တဦးမဖြစ်ခဲ့လျှင် free thinker တဦးဖြစ်ခဲ့မည်ဟု ခန့် မှန်းမိသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်မအနေနှင့် လွတ်လပ်မူနှင့် တရားမျှတမူကို အလွန်မြတ်နိုးသောသူတဦးဖြစ်သောကြောင့်ပင်.. မိမိပြုသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးအပေါ်တွင် အပြည့်အ၀ တာဝန်ယူမှသာ စစ်မှန်သော လွတ်လပ်မူနှင့် တရားမျှတမူရှိနိုင်မည်ဟု ယူဆသောကြောင့်ဖြစ်သည်….  ဗုဒ္ဓဧ။်ဝါဒအရမိမိ လက်ရှိဖြစ်သော အကျိုးတရားများသည် အတိတ်ပြုခဲ့သောအကြောင်းတရားဧ။် အကျိုးဆက်ဖြစ်ခြင်းကြောင့် ယခုလက်ရှိအကျိုးပေါ်တွင် အားငယ်အပြစ်တင်ခြင်း၊ ဘ၀င်မြင့်ခြင်းဖြစ်ရန်မလို ၊ လာလတ္တံသော အနာဂါတ်ကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးနိုင်သည့်အပြင် မိမိလွတ်မြောက်မူကိုမိမိဖာသာကြိုးစားနိုင်သည်ဟူသော အချက်ကို အလွန်သဘောကျခဲ့ခြင်းပင်… သို့ ဆိုလျှင် ကျွန်မကိုယ်တိုင် ကိုးကွယ်လျှက်ရှိသော ဘာသာတွင်လည်း ကျွန်မမသိသေးသော ၊ မသိကိန်းအဖြစ်ထားရှိရသော အကြောင်းအရာများ များစွာရှိပါသေးသည်ဟု အရိုးသားဆုံး ၀န်ခံချင်ပါသည်။

 

သို့ ဆိုပါလျှင် ကျွန်မကိုးကွယ်လျှက်ရှိသော ဘာသာတွင် ယခုလက်ရှိ သိပ္ပံပညာဧ။် တွေ့ ရှိချက်များအရ ယုတ္တိမတန်သောဖြစ်ရပ်အခြေအနေများစွာ၊ အကြောင်းအရာများစွာ ရှိနေသည်ကို သိရှိနေပါလျှက်၊ ခေတ်ပညာတတ်တဦးဖြစ်နေပါလျှက် ထိုအကြောင်းအရာများ ၊ ထိုအချက်အလက်များကို အဘယ်ကြောင့် စဉ်းစားတွေးခေါ်ခြင်းမပြုဘဲ၊ မသိကျိုးကျွံဖြစ်နေပါသနည်း၊ သို့ တည်းမဟုတ်ကျွန်မသည်တယူသန်ခေါင်းမာလွန်းသော ရှေးရိုးစွဲဝါဒီတစ်ဦး၊ ခေတ်နှင့်ယဉ်ဘောင်တန်းနိုင်သော အတွေးအခ်ါမရှိသည့် တဖက်ကန်းနေသည့် အစွန်းရောက်နေသူတဦးဖြစ်နေပါသလားဟု စဉ်စားဖွယ်ရှိလာပါတယ်…သို့ ဆိုလျှင် ကျွန်မသည်အမှန်တကယ်အစွန်းရောက်နေပါသလား….

 

ငယ်စဉ်ကထည်းက ဗုဒ္ဓဘာသာဝင်မိသားစုတွင် မွေးဖွားခဲ့ခြင်း ဖြစ်သဖြင့် ဗုဒ္ဓဘာသာဧ။် အတွေးအခေါ်ပိုင်းဆိုင်ရာ လွမ်းမိုးမူသည် ကျွန်မအပေါ်တွင် အလွန်ကြီးမားကြောင်းကိုတော့ ကျွန်မ လက်ခံပါသည်။ အမှန်စင်စစ် ကျွန်မသည် ဗုဒ္ဓကျမ်းဂန်လာတရားတော်များအား သံသယများစွာဖြင့်စတင်လေ့လာခဲ့ခြင်းပင်… သို့ သော် ဗုဒ္ဓဧ။်အာမခံချက်များအရ တရားတော်များသည်လက်တွေ့  စမ်းသပ်နိုင်၊ လက်တွေ့ ကျင့်ကြံနိုင်သော တရားများဖြစ်သည်ဟူသောအချက်က ကျွန်မအတွက် စိတ်ဝင်စားမူကို အများဆုံးပေးနိုင်ခဲ့ခြင်းဖြစ်သည်… သို့ သော် စာပေသက်သက်နှင့်တော့ ဗုဒ္ဓဧ။်ဆုံးမမူတို့ သည် ကျွန်မအပေါ်တွင် သက်ရောက်လွမ်းမိုးမူ မများခဲ့ပါ…  အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဧ။်တရားများသည် အတွေးအခေါ်တခုကဲ့သို့  ဖတ်မှတ် တွေးကြံဆရုံနှင့် သိနိုင် ၊ နားလည်နိုင်သည်မျိုးမဟုတ် … ဗုဒ္ဓဟောကြားထားသော တရားအလုံးစုံတို့ သည် ကိုယ်တိုင်ကျင့်ကြံမူတို့ ဖြင့် တိုက်စစ်လေ့လာ ကျေနပ်မှသာ သံသယတည်းဟူသော ၀ိစိကိစ္ဆာအလုံးစုံ ပယ်ပြီးသည်အထိ မပျက်သော သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တဦးဖြစ်နိုင်သောကြောင့်ပင်…

 

 သို့ ဆိုလျှင် ဘ၀သံသရာ ဆိုင်ရာ ပြဿနာ ၊ လွတ်မြောက်မူဟူသော နိဗ္ဗာန် စသည်ကို x သို့ မဟုတ် Y ဟုသဘောထားပါက ၊ ဗုဒ္ဓအဆင့်ဆင့် ညွန်ပြသော သီလ၊ သမာဓိ၊ ပညာ တည်းဟူသော လှေကားထစ်များအတိုင်း တဆင့်ချင်းတက်သွားလျှင် ယခင်မသိကိန်းထားခဲ့သော X နှင့်  Y ကို ကိုယ်တိုင်ကိုယ်ကျ သိရနိုင်မည်ဟူသော သဘောပင်… အမှန်စင်စစ် ကျွန်မကိုယ်တိုင်သည်လည်း ထို x နှင့် Y ကိုရှာဖွေဆဲပင်… ကျွန်မ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း အဓိက အကြောင်းအရင်းမှာကျွန်မ x ထားသည့် ဘ၀လွတ်မြောက်ကြောင်းကို ယခု လက်ရှိဘ၀တွင်ပင် ကျင့်ကြံပါက သိနိုင်၊ ရနိုင်မည်ဟူသော ဗုဒ္ဓဧ။်ရဲဝံ့သောအာမခံချက်ကြောင့်ပင်… အားရစရာကောင်းသည်မှာ ဗုဒ္ဓဧ။် လက်တွေ့ အားထုတ်ပုံနည်းစနစ်တို့ မှာ ကိုယ်တိုင်မကျင့်ကြံမီကမှန်းဆမိသည်ထက် မြောက်များစွာ ပိုမို စနစ်ကျ၊ လက်တွေ့ ကျလွန်းခြင်းပင်… သီလ လှေကားထစ်ကိုကျော်၍ သမာဓိ လှေကားထစ်သို့  တက်မိသောအခါ ၊ သမာဓိအဆင့်တွင် မြင်နိုင်တွေ့ နိုင် သိနိုင်သော တရားသဘောတို့ သည် စာတွင်လည်းအထင်အရှားရှိဧ။်…လက်တွေ့ အားဖြင့်လည်း အထင်အရှားသိနိုင်ဧ။်… ထူးသောသမာဓိ မျက်စိမှာ သိပ္ပံမှ နှစ်ပေါင်းများစွာ လေ့လာမှသာ သိနိုင်သော အကြောင်းအရာတို့ အား ထိုးဖောက်သိသာ မြင်နိုင်သည့်အဖြစ်ကို အံ့ဘွယ်တွေ့ နိုင်ခြင်းပင်… ထိုထက်မှ ပညာအဆင့်သို့ တက်လှမ်းနိုင်သော် ဟူသော အတွေးက အားထုတဆဲ ၊ လျောက်လှမ်းလျှက်ရှိသော လမ်းစဉ်ကိုဆက်လျောက်ရန် အားပေးပံ့ပိုးနေတော့သည်…

 

ကျွန်မခန့်မှန်းချက်မမှားလျှင် ယခုစာဖတ်လျှက်ရှိသော စာဖတ်သူများသည်လည်း ခေတ်ပညာတက် သိပ္ပံပညာရပ်များအား သင်ယူဖူးသူ ၊ လက်တွေ့ အသုံးချနေသူ၊ အထူးပြုလေ့လာသူများနှင့် ပြန်လည်သင်ကြားပြသနေသူများ ဖြစ်ကောင်းဖြစ်နိုင်ကြပါမည်… သို့ ဆိုပါလျှင် ထိုပညာရပ်များကို လေ့လာစဉ်က မည်သို့ လေ့လာခဲ့ပါသနည်း… သိပ္ပံဆိုင်ရာအချက်အလက်များနှင့် ဘာသာရေးနယ်ပယ်မှဗဟုသုတ ချိန်ထိုးကာ သံသယနှင့်လေ့လာခဲ့ပါသလား… သို့ တည်းမဟုတ် ယုံကြည်မူနှင့်လေ့လာခဲ့ပါသလား… ပညာရပ်တခုအပေါ်တွင် လေးစားမူမရှိပဲ လေ့လာခြင်းသည် ရိုးသားမူမရှိဟု ကျွန်မခံယူသည်… ထိုထက်မှ သိပ္ပံပညာရပ်များကို မည်သည့်စိတ်ထားနှင့် အသုံးချလျှက်ရှိပါသနည်း… သိပ္ပံပညာဧ။် သက်သေမပြနိုင်သော ကိစ္စရပ်များ ရှိနေသေးစေကာမူ တချိန်ချိန်တွင် အဖြေမှန်သိလာလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် လေ့လာခဲ့ကြသည်… ထိုသို့် လေ့လာရာတွင် စဉ်းစားတွေးခေါ်ခြင်းအားဖြင့် ဖြစ်တန်ကောင်းဧ။်ဆုံးဖြတ်ခဲ့ကြခြင်းမဟုတ်၊ တွေးခေါ်ခြင်း ၊ ကိုယ်တိုင်လက်တွေ့ စမ်းသက်ခြင်းတို့ ဖြင့် ယခင်မသိခဲ့သော x နှင့် y တို့ အား အဖြေရှာခဲ့ကြခြင်းပင်… ကျွန်မသိပ္ပံပညာကိုလေးစား အထင်ကြီးသောအကြောင်းတခုမှာ သူဧ။်မှန်ကန်မူအတွက် လက်တွေ့ ကျကျသက်သေ ပြပေးနိုင်ခြင်းပင်…  

 

   မသိကိန်းများနှင့်မကင်းနိုင်ကြသော ယုံကြည် ကိုးကွယ်မူအမျိုးမျိုးတွင် မိမိလက်ခံသော ၀ါဒ အယူအဆကို လွတ်လပ်စွာ ယုံကြည်နိုင်ခွင့်ကို လူသားတိုင်းအပြည့်အ၀ရှိသည်ဟု ယူဆမိသည်…ထိုနေရာတွင် လွတ်လပ်မူဟူသော အသုံးအနှုန်းတွင် လေးစားမူနှင့် တာဝန်ယူမူဟူသော ဝေါဟာရကို ထည့်သွင်းပေါင်းစပ်ပါမှ ထို လွတ်လပ်မူဧ။် အဓိပ္ပါယ်သည် ပိုမိုအသက်ဝင်ပီပြင်မည်ဖြစ်သည်… လေးစားမူဟူသော အချက်မှာ .. မိမိကိုယ်တိုင်မသိကိန်းရှိနေပါလျှက် အခြားသူဧ။်မသိကိန်းကို ဇွတ်အတင်းဖြေရှင်းခိုင်းခြင်းသည် မတွက်ရသေးသော ပုစ္ဆာအဖြေကိုမေးသကဲ့သို့ အင်မတန်အမှီးအမောက်မတည့်သော ကိစ္စရပ်ပင်… ထိုကြောင့်ပင် မိမိမသိကိန်းကိုလေးစားသကဲ့သို့ …အခြားသူဧ။်မသိကိန်းကိုလည်း လေးစားရမည်… မိမိကိုယ်တိုင်မတွက်ဖူးသော equation တခုအား အဖြေကွက်မေးကာ မှားပါသည်ဟု ပြောခြင်းသည် အဓိပ္ပါယ်မရှိ….

 

တာဝန်ယူမူဟူသည် မိမိတွက်သော equation သည် တချိန်တွင် x နှင့် y ကို အမှန်တကယ် ရနိုင်မည်ဟူသော အာမခံချက်ရှိသော equation သာဖြစ်ရမည်…  မစူးစမ်းမဆင်ခြင်ပဲ ဇွတ်ယုံခြင်း၊ လက်တွေ့ စမ်းသပ်မူမရှိပဲ လက်ခံခြင်းသည် လူသားဧ။်တိုးတက်မူကို အကြီးကျယ်ဆုံးဟန့် တားမူတခုဖြစ်သဖြင့် လူပီသသော ၊ လူဘောင်အဖွဲအစည်းကိုတာဝန်ကျေလိုသော လူသားတဦးအနေဖြင့် မိမိယုံကြည်ထားသော အမှန်တရားရှာဖွေမူခရီးစဉ်ကို မဖြစ်မနေလျှောက်လှမ်းရမည်မှာ သမိုင်းပေးတာဝန်ပင်… မိမိမသိသေးသောအရာတခုအား ယာယီအားဖြင့် x နှင့် y ဟုသဘောထားကာ မိမိ သိအိုရီနှင့် ဘောင်ဝင်အောင် တွက်ချက်နိုင်ပါသည်… သို့ သော် ထို x နှင့် y သည် မိမိအသိဥာဏ်အား ဖုံးကွယ်ထားသော မိမိကိုယ်ကို အယုံသွင်းခြင်းမျိုးမဖြစ်စေရ… ထိုအမှန်တရားကို တာဝန်သိသိဖြင့် ရှာဖွေပေးရမည်….အားလုံးပဲ မိမိ ရဲ့ x နှင့် y ကို ရှာတွေ့ နိုင်ကြပါစေ…..

 

 

for Ref: yahoo answer

 

Atheist: Doesn't believe in Gods

Freethinker: Doesn't believe in dogmatic adherence to beliefs.

 

They are two non-identical, intersecting sets.

 

By that I mean there are atheists who aren't freethinkers, atheists who are freethinkers, and freethinkers who aren't atheists.

 

http://answers.yahoo.com/question/index?qid=20071019080528AAWf5xo

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®



Thursday, April 19, 2012

ကျွန်တော်၏ thinking

ကျွန်တော် နောက်ဘ၀တွင် ဖြစ်ချင်ရာ ဖြစ်နိုင်ပါသည်။ လူလည်း
ပြန်ဖြစ်နိုင်သလို အခြားသော တိရိစ္ဆာန် ဘုံဘ၀များသို့လည်း
ရောက်နိုင်ပါသည်။သို့ပေမယ့် ကျွန်တော်လည်း ကောင်းမွန်သော နေရာများသို့
ရောက်ချင်ပေသော အတ္တရှိလူသားပေတည်း။ ကျွန်တော့နည်းတူ ရောက်ချင်လှသော
လူသားများ အများအပြားပင် ဖြစ်ပေလိမ့်မယ်။(ကျွန်တော်တို့ဆီမှာ
နောက်ဘ၀ရှိခဲ့မယ် ဆိုခဲ့လျှင်ပေါ့)။ ကျွန်တော်ပြန်စဉ်းစားရင်နောက်ဘ၀ဆိုတာ
ရှိနိုင်တယ်ဆိုတဲ့ အဖြေကို လက်ကိုင်ထားမယ်ဆိုလျှင် သူရဲ့ ဆန့်ကျင်ဘက်
မရှိခြင်း အကြောင်းတရားလည်း ရှိနိုင်ပေမည်။
တွေးခေါ်ခြင်း (၁)
ကျွန်တော်တို့လူသား ဖြစ်စဉ်ကို မီးခြစ်တစ်ခု ခြစ်ခြင်း ဖြစ်စဉ်နဲ့
စဉ်းစားမယ်ဆိုလျှင် မီးခြစ်တစ်ခုကို ခြစ်လိုက်တယ် မီးတောက်လာတယ်။
အလင်းရောင် ရလာတယ်။မီးခြစ်ကို ငြှိမ်းလိုက်မယ်ဆိုလျှင် မီးတောက်လည်း
မရှိတော့သလို အလင်းရောင်ဟာလည်း ပျောက်ကွယ်သွားတော့မယ်။ လူသားတစ်ယောက်ကို
မီးလို့ယူဆခဲ့မယ်ဆိုလျှင် မီးဟာ အရင် ဘယ်နေရာမှာမှ ရှိမနေဘူး။ သူ့အလိုလို
ရောက်လာတယ်။ပြိးတော့ မီးဟာ သူ့အလိုလိုပြန်လည် ပျောက်ကွယ်သွားတယ်။
မီးပျောက်ကွယ်သွားတာနဲ့ သူရဲ့ အလင်းကလည်း သူရဲ့ကိုယ်ပိုင်
အလင်းရောင်ဟာလည်း သူနဲ့ အတူတစ်ခါတည်း
ပြန်လည်ပျောက်ကွယ်သွားရတာပါဘဲ။ထိုမီးတွင် ပျောက်ကွယ်သွားသော အချိန်တွင်
မီးသည် မည်သည့်နေရာတွင်မှ သွားရောက်မှီတွယ်ခြင်းမျိုး
မရှိနိုင်တော့ပါဘူး။သို့ပေမယ့် မီးတောက်တစ်ခု ဖြစ်လာဖို့ကို
အကြောင်းအကျိုးတရား တစ်ခုနဲ့ စဉ်းစားမယ်ဆိုလျှင် မီးတောက်တစ်ခု
ဖြစ်လာမယ်ဖို့အတွက် သူ့မှာ အကြောင်းတရား တစ်ခု
ရှိဖို့လိုပါတယ်။ထိုမီးအတွက် တစ်ခြားအရာတစ်ခုက အထောက်အကူပြုတဲ့
အရာမျိုးထားရှိရမည် ဖြစ်သည်။မီးတောက်ဖို့အတွက် ပြည့်စုံတဲ့
အကြောင်းတရားတစ်ခုတော့ ရှိရမယ်ဆိုတာတော့ ငြင်းလို့မရပါဘူး။ထိုအတွက်
မီးဖြစ်ဖို့အတွက် ကံတစ်ခု ရှိလာပေမယ့် ပထမတစ်ခါခြစ်လိုက်တဲ့ မီးတောက်နဲ့
ဒုတိယ တစ်ခါ ခြစ်လို့ ထွက်ပေါ်လာတဲ့ မီးတောက်ဟာ အတူတူပါလို့
သင်ထင်မြင်ပါသလား။ အတူတူပါလို့ ယူဆတယ်ဆိုရင် ကမ္မ သဘောတရားကို
ခင်ဗျားလက်ခံသူပါဘဲ။ထို့နောက်ပျောက်ကွယ်သွားသော မီးတောက်သည် အခြား
မီးပုံတစ်ခုသို့ ရောက်သွားသည်ဟု
သင်ထင်မြင်ယူဆပါသလား။မီးတောက်သေးသေးလေးကနေ မီးတောက်ကြီးကြီးအဖြစ်သို့
သင်ပြောင်းလဲသွားလိုသည့် ဆန္ဒရှိပါသလား။ ထိုအခါ ထိုမီးတောက်သည်
အကြီးကြီးသို့ ကူးပြောင်းသွားသည်ဟု သင်ရဲ့ စိတ်တွင်
ရိုက်သွင်းထားလိုက်ပါ။ ထိုမီးတောက်နဲ့ ပတ်သက်တဲ့ ကမ္မသဘောတရားကို
ဟောပြောပြမယ့် နည်း ၀ိသေသတွေကလည်း သင်ရဲ့စိတ်ကို မြူစွယ်ဖြားယောင်းဖို့
အသင့်ရှိပြီး ဖြစ်ပေသည်။
တွေးခေါ်ခြင်း (၂)
ကျွန်တော်တို့လူသားများသည် အရာတော်တော်များကို ဖန်တီး (ဖန်ဆင်း)
ကြသည်။ရှေးအခါက ကျွန်တော်တို့ လူသားအနွယ်ဝင် ကြီးမြတ်သော လူရိုင်းများ
တောလိုက်စဉ်က လွယ်ကူစေရန် တုတ်၊ဓါး လက်နက်များ
ဖန်ဆင်းကြသည်။ထိုမှတစ်ဖန်ဆင့်ကဲ ဆင့်ကဲ ဖန်တီးမှု့များ ပြုလုပ်လာကြသည်။
အရင်က စာပို့ရာတွင် စာတိုက်လောက်ကသာ ပို့နိုင်ပေမယ့် အခုခောတ်မှာ
စာရေးပြီး ခလုတ် တစ်ချက်ခေါက်ရုံနှင့် ထိုစာသည် မိမိပို့သူထံသို့
ရောက်သွားနိုင်ပါသည်။ ကျွန်တော် ဒီတွေးခေါ်ခြင်း နှစ် မှာ ပေးချင်တဲ့
မက်ဆေ့က ကျွန်တော်တို့ရဲ့ ဖန်တီးမှု့တိုင်းတွင် ရည်ရွယ်ချက်ရှိပါသည်။
ဓါးကို ဖန်တီးပါက လှီးရာ ခုတ်ရာတွင် လွယ်ကူအောင်
ဖန်တီးမှု့မျိုးဖြစ်ပါသည်။ ထိုသို့ဘဲ လူသားတစ်ယောက်ကို
ဖန်တီးရှင်တစ်ယောက်က ဖန်တီးပါသည်ဆိုလျှင်လည်း
ရည်ရွယ်ချက်ရှိပေလိမ့်မယ်။ရည်ရွယ်ချက်မရှိဘဲ ဖန်တီးပါတယ်ဆိုရင်တော့
ကျွန်တော်တို့ငယ်ငယ်က တုတ်နှင့်မြေပြင်ကို လိုက်ခြစ်နေသလို
ဖြစ်ပေလိမ့်မယ်။ ကျွန်တော်တို့ဟာ အစိုင်အခဲလေး တစ်ခုဖြစ်မယ်ဆိုလျှင်
ကျွန်တော်တို့ဟာ ကိုယ်ပွားတစ်ခု ဖြစ်မယ်ဆိုလျှင် ကျွန်တော်တို့
သေဆုံးသွားသောအခါ ပင်မနေရာတစ်ခုသို့ သွားရောက်ရမည်ဟု နှောင်ကြိုးတစ်ခု
ထားရှိခြင်းမျိုးကို ခင်ဗျားလက်ခံတယ်ဆိုရင် ခင်ဗျားဟာ creation ၀ါဒကို
လက်ခံကောင်း လက်ခံလိမ့်မယ်။ သို့ပေမယ့် ခင်ဗျားရဲ့ကိုယ်က နှောင်ကြိုးကို
ခင်ဗျား ဖြတ်တောက်နိုင်တဲ့ စွမ်းအား ရှိလာနိုင်တဲ့ တစ်ခုတည်းသော
အကြောင်းတရား ရှိနိုင်သေးတယ်လို့ တွေးခေါ်နိုင်တဲ့ စွမ်းအား ခင်ဗျားမှာ
ရှိနိုင်သေးတာဘဲ။ အရာရာတိုင်းမှာ အလင်းရှိရင် အမှောင်လည်း ရှိနိုင်တယ်။
creation ၀ါဒ ရှိရင် non creation လည်း ရှိနိုင်သေးတာဘဲလို့
မထင်မြင်သင့်ဘူးလား။
တွေးခေါ်ခြင်း (၃)
ကမ္ဘာလောကကြီး chaos ဖြစ်စဉ်ထဲ ထည့်ကြည့်လိုက်ပါ။အရာအားလုံးသည်
သူဖြစ်ချင်သလို ဖြစ်နေပေလိမ့်မယ်။ chaos ဖြစ်စဉ်က ဘာကို ပြသလဲဆိုရင်
လူတွေမှာ အသားအရောင် ကွဲပြားခြင်း ဆင်းရဲခြင်းသာ ကွဲပြားခြင်း
တိရိစ္ဆာန်၊လူ စသည်များ ကွဲပြားခြင်း။ သက်ရှိသစ်ပင်တွေမှာဆိုလျှင် သစ်ပင်
တစ်မျိုးနှင့် တစ်မျိုးကွဲပြားခြင်း ထိုအရာများသည် ဖြစ်ခြင်သလို
ဖြစ်နေပါလိမ့်မယ်။လူဖြစ်ခဲ့မယ်ဆိုလျှင်လူသည် ဆင်းရဲခြင် ဆင်းရဲမယ်
ချမ်းသာခြင် ချမ်းသာမယ်။ဖြစ်ခြင်သလို ဖြစ်မယ်ဆိုတာမျိုးပါဘဲ။


ဆက်ရန်……


--
---
--

လွမ်းနေသူ®

လူဖြစ်ခြင်း အနှစ်သာရ (သို့) free thinker

ကျွန်တော်တို့ ငယ်စဉ်အခါကတည်းက တစ်ခုတည်းသော လိုက်နာ ကျင့်သုံးမှု့မှာ
လူကြီး မိဘများပြောသော စကားများကို
လိုက်နာကြရသည်။ကျင့်သုံးကြရသည်။ပြန်လည် မေးခွန်းထုတ်ခွင့် စောဒက
မတက်သင့်ပေ။ထိုသို့ပြုလုပ်သော လူများကို ရိုင်းစိုင်းသည်ဟု
အသိအမှတ်ပြုထားသော လူ့ဘောင်အဖွဲ့အစည်း ဥပဒေများဖြင့် ပြဠာန်းထားကြလေသည်။
ကျွန်တော်တို့၏ လူသားအဖြစ်ရပ်တည်မှု့သည် နေရာတစ်ခုတွင်
ရပ်တည်ခဲ့ကြရသည်။လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိကြရပေ။သို့ပေသည့် လွတ်လပ်သော
တွေးခေါ်ခွင့်ဆိုသည်ထက် ရှေးရိုးစွဲများမှ ဖောက်ထွက်တွေးခွင့်မရှိခြင်း
ဖြစ်သည်။ လူတွေမှာ ပူဇော်ပသမှု့ ဆိုသည့် ကမ္ဘာဦးအယူအဆများ ယခုတိုင်
ရှိနေကြသေးသည်။ဘာသာတရားအားလုံးတွင်လည်း ထိုအရာများ ထည့်ထားကြသေးသည်။
အဘယ့်ကြောင့်ဆိုသော် လူသားတိုင်းသည် ကောင်းမြတ်ခြင်းကိုသာ
လိုလားသောကြောင့် အကျိုးမျှော်စိတ်များအား မြူစွယ်ထားခြင်းဖြစ်သည်။
လူတစ်ယောက်သည် မိဘမရှိပါက အားငယ်သကဲ့သို့ မှီတွယ်အားထားရာ တစ်နေရာရာ
မရှိပါက တိုင်တန်းငြီးညူစရာ မရှိသကဲ့သို့ အမှီအတွယ်များကို
မှီတွယ်လာကြရသည်။ထိုအတွက် ဘာသာတရားကို အားထားလာကြသည်။ သို့သော်
လွတ်မြောက်မှု့တစ်ခု ရှိနေသည်ကိုတော့ သိခြင်သိပေမယ့်
လုပ်ခြင်းမျိုးမရှိပေ။ သတ္တ၀ါများတွင် လွတ်မြောက်ခြင်း အကြောင်းတရား တစ်ခု
ရှိမည်ကိုတော့ တွေးတော ကြံဆလာကြသည်။ထိုကဲ့သို့ လွတ်မြောက် မှုကို
ရှာဖွေပေမယ့် မတွေ့ရှိနိုင်ကြပါပေ။သတ္တ၀ါအားလုံးရဲ့ လွတ်မြောက်မှု့ကို
မည်သူမျှမလုပ်ပေးနိုင်ပါဘူး။ ထို လွတ်မြောက်မှု့ဆိုသည်မှာလည်း အခြား
ကမ္ဘာလောက အခြားနေရာ ဌာန မည်သည်မှာမှ မှီတွယ်နေခြင်းမျိုး
မဟုတ်ပါဘူး။မိမိရဲ့ သန္တာန်မှာသာ လွတ်မြောက်ခြင်း တရားရှိမယ်လို့ ဒသနိက
ဆရာများက တွေးတော ကြံဆလာသည်။ ရှေးရိုးစွဲ အယူဝါဒ ကင်းလွတ်သူ အများစုဟာ
ဆိုလျှင် လူဆိုသည်ကို မည်သည်မျှ မဖန်ဆင်းနိုင်ကြောင်း အထင်များလည်း
ထင်လာကြသည်။သို့အတွက် လူရဲ့ အစဟာ ဘယ်ကလဲဆိုပြီး တွေးတော ကြံဆ
လာကြသည်။လူသည် ဖန်ဆင်းခံ မဟုတ်ပါဘူးဆိုလျှင် လူဆိုတဲ့ မျိုးစိတ်များ
ဖြစ်လာဖို့ သေချာတဲ့ အကြောင်းတရား တစ်ခု
ရှိလာမယ်ဟုထင်ကြသည်။ထိုသည်များအတွက် အပြင်လောကတွင် ရှာဖွေခြင်းများ
ရှိလာကြသည်။သို့ပေသည့် မိမိသန္တာန်ထဲကိုတော့
ဝင်ရောက်ရှာဖွေတွေးတောခြင်းများတော့ မရှိသလောက်ပါဘဲ။ ထိုကဲ့သို့
ဝင်ရောက်ရှာဖွေခြင်းများတရားများကို လေ့လာလာကြသည်။လူအားလုံး
တစ်ညီတစ်ညွတ်ထဲ လက်ခံလာကြသည်မှာ အရာအားလုံးပြုလုပ်နိုင်သည်မှာ
စိတ်သန္တာန်ဖြစ်မယ်လို့ပါဘဲ။ mind ကို ထိန်းချုပ်ဖို့ မလွယ်မှန်း အလေးအနက်
လက်ခံလာကြသည်။ သို့ အတွက် စိတ်ကို ထိန်းချုပ်သည့် နည်း ဥပဒေသများကို
ထပ်မံတိုးချဲ့လာကြသည်။ဥပဒေဆိုသည်မှာလည်း ထပ်မံတိုးလာသည်သာ
ရှိသည်။တစ်ဖြည်းဖြည်း လျော့နည်းသွားခြင်းမျိုး မရှိသလောက်
ရှားပါသည်။လူရဲ့စိတ်ကို လွပ်လပ်ခွင့်ပေးသော ဥပဒေများ တဖြည်းဖြည်း
တိုးတက်လာသည်မှာလည်း နောက်ပိုင်းလူတွေဟာ လွပ်လပ်ခွင့်ကို
မြတ်နိုးလာခြင်းများကြောင့် ဖြစ်သည်။လွပ်လပ်ခွင့်ကို
မြတ်နိုးတယ်ဆိုတိုင်းလည်း စိတ် ပျော်ရွှင်မှု့မျိုးမဖြစ်နိုင်ခြေ။
လူတစ်ယောက်ရဲ့စိတ်ကို လွပ်လပ်စွာ တွေးခေါ်ပါလို့ ပြောထားသည်ဆိုပါစို့။
ဖြစ်စဉ်တစ်ခုကို ဥပမာ ပြရမည်ဆိုလျှင် အမျိုးသမီးတစ်ယောက်ရဲ့
လင်ယောက်ျားနှင့် သားဟာ သေမိန့်ကျခံထားရသည်။ ထို နှစ်ယောက် အနက်မှ
တစ်ယောက်ဘဲ သတ်မည်။ တစ်ခြားတစ်ယောက် ကို လွှတ်ပေးမည်။ ထိုအမျိုးသမီးအား
မိမိလိုချင်သော တစ်ယောက်ကို ရွေးပါဟု ဆိုခဲ့လျှင် ထို အမျိုးသမီးဟာ
မည်သည်ကို ရွေးမည်နည်း။ ထိုအမျိုးသမီးတွင် လွပ်လပ်စွာ
တွေးခေါ်ပိုင်ခွင့်ရှိသည်။ သားကိုလည်း ရွေးနိုင်သလို လင်ယောက်ျားကိုလည်း
ရွေးနိုင်ပေသည်။သူ၏ ရွေးချယ်မှု့သည် သူ၏ လွပ်လပ်စွာတွေးခေါ်ခြင်းဖြစ်ပေသည်။
ထိုသို့လွပ်လပ်စွာ တွေးခေါ်ခြင်းပေမယ့် ထိုသူရဲ့ သန္တာန်သည်
ငြိမ်းချမ်းမှု့ဖြစ်နိုင်ပါ့မလား။ထိုကဲ့သို့ စိတ်နှစ်ခွ ဖြစ်စဉ်မျိုးကို
များစွာ ကြုံတွေ့လာနိုင်သည်။ ထိုဖြစ်စဉ်မျိုးတွင် လွပ်လပ်ခြင်း
အကြောင်းတရားသည်လည်း ကောင်းမွန်သော အရာတစ်ခု မဖြစ်နိုင်ပေ။ ဒါဟာ
ကျွန်တော်တို့ရဲ့ လူသား ပဓာန ပါ။ တိရိစ္ဆာန်များ၏ စိတ်ထဲသို့ ထိုသို့သော
အကြောင်းအရာများ ထည့်ပေးပါက တိရိစ္ဆာန်သည် ထိုအရာများတွင်
တွေဝေမှု့မျိုးမရှိနိုင်ပေ။ ထို့နောက် စိတ်ခံစားမှု့ပြင်းသော သတ္တ၀ါသည်လည်း
လူပင်ဖြစ်သည်။ ထိုအတွက် လူသည် ကြီးကျယ်မြင့်မြတ်ပါသည်ဟု အမြင်များ
ထားရှိလာကြသည် တွေးတောလာကြသည်။ လူသည်သာ အမြင့်မြတ်ဆုံးဖြစ်သည်။လူသည်သာ
သနားကြင်နာခြင်းများသော သတ္တ၀ါဖြစ်သည်။လူသာလျှင် လောကရဲ့ လွတ်မြောက်ရာကို
အလုပ်နိင်ဆုံးဖြစ်သည်ဟု ထင်လာကြသည်။ လူသာလျှင် လွတ်မြောက်ရာကို
အလုပ်နိုင်ဆုံး သတ္တ၀ါဆိုတာကိုတော့ ကျွန်တော် မပြောလိုပါဘူး။
အဘယ်ကြောင့်ဆိုသော် လူသာလျှင် အတ္တအကြီးဆုံး သတ္တ၀ါ
ဖြစ်နေခဲ့တာကိုးးး။ထိုအတ္တများဖုံးနေသဖြင့် လူသားတစ်ယောက်သည်
မလွတ်မြောက်ကြပါဟုလည်း တစ်နည်းတစ်ဖုံ ဆိုလာကြပြန်ပါသည်။ကျွန်တော့ကို
လူတစ်ယောက်က ထိုအတ္တတရားများ ဖယ်ခွာဖို့ ပြောသည်ဆိုလျှင်တော့
ကျွန်တော်ကလည်း ထိုလူသားကိုပြန်ပြီး ဖယ်ခွာခိုင်းမိလေမည်ဖြစ်သည်။
လူဆိုသည်မှာ လွပ်လပ်သော တွေးခေါ်ခွင့် ရှိရမည်ဖြစ်သည်။(လူသားက
ကြီးမြတ်ဆုံးဟု ခင်ဗျားထင်ခဲ့လျှင်ပေါ့။) (သို့တည်းမဟုတ် ခင်ဗျားရဲ့
နောက်ကွယ်က ကြိုးကိုင်ထားတဲ့ အရာတစ်ခု ရှိသည်လို့လည်း
ခင်ဗျားထင်ချင်ထင်နိုင်သည်။)ဒါဟာ ခင်ဗျားရဲ့ လွပ်လပ်စွာ
တွေးခေါ်ပိုင်ခွင့်ဘဲ။ သို့ပေသည့် ထိုတွေးခေါ်ခြင်းတွေဟာ
အရာအားလုံးက(ချမှတ်ထားသော စည်းကမ်း) ကင်းလွတ်နေသေးရဲ့လားဆိုတာကိုတော့
ပြန်လည် ဆန်းစစ်ဖို့ လိုမည်ထင်တယ်။ အထက်မှာ ပြောခဲ့သည့်
အမျိုးသမီးဟာဆိုရင် လင်ယောက်ျားကို ရွေးခဲ့လျှင်လည်း သူ့ရဲ့ လွတ်လပ်စွာ
တွေးခေါ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။သားကို ရွေးချယ်ခဲ့လျှင်လည်း သူရဲ့
လွပ်လပ်စွာ တွေးခေါ်ခွင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။ လွပ်လပ်စွာ
တွေးခေါ်ခွင့် မဖြစ်ခဲ့လျှင်တော့ ခင်ဗျား လူဖြစ်ခြင်း အနှစ်သာရ
ကင်းမဲ့သွားသူဘဲ။ လူခန္ဓာကိုယ်ကြီး သယ်ဆောင်ထားလို့သာ လူလို့
အမည်တပ်နိုင်တဲ့လူဘဲ။ သို့ပေမယ့် လူဖြစ်ခြင်း
အနှစ်သာရ(လွပ်လပ်စွာတွေးခေါ်ခြင်း) မရှိသော လူသားပင်ဖြစ်တယ်။


--
---
--

လွမ်းနေသူ®

Wednesday, April 18, 2012

အတ္တများမှ ထိုးဖောက်ခြင်း (သို့)ထိုးဖောက်သူများ နှင့် ဝေဖန်သုံးသပ်ရေးဆိုင်ရာ။


ဒီနေ့ အွန်လိုင်း စာမျက်နှာတွေ ပေါ် မှာ ဘာသာရှိသူ-ဘာသာရေးကိုင်းရှိုင်းသူ(Religionist) အများစု နဲ့ ဘာသာမဲ့သူ (Irreligionist) တစ်ချို့ ရဲ့ စကားစစ်ထိုးပွဲ တွေ ကို ဟိုနေရာ ဒီနေရာ မှာ တွေ လာရပါတယ်။ အဆင့်မြင့်မြင့် ဆွေးနွေး ငြင်းခုံကြတာတွေ ရှိတတ်သလို ငါ့စကားနွားရ တင်စီးပြောဆိုတတ်ကြတာ တွေ လဲ တွေ့ရပါတယ်။ အကျိုးမများတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ အထိတောင်ပြင်းထန် လာနေတာတွေ တွေ့ ရပါတယ်။ ဆွေးနွေးသူတွေက လူငယ်လူရွယ်တွေ ဖြစ်လို့ တက်တက်ကြွကြွဆွေးနွေးကြတဲ့ သဘောလဲရှိပါတယ်။



ဘာသာစွဲသန်သူတွေ အနေ နဲ့ ကတော့ အထိတ်တလန့် နဲ့ ဘာသာရေးမှာ ရန်စွယ်တွေ ၀ိုင်းနေပြီ။ ခေတ်ကာလကြီး က ပျက်စီးယိုယွင်းလို့ မိစ္ဆာဝါဒ အမှောင်တွေ ကြီးစိုးလာတော့မယ် အရိပ်အယောင်တွေ ပေါ်နေပြီ။ မိမိတို့ ဘာသာတရား ကို ပိုမို ခိုင်ခံ့ အောင် နည်းမျိုးစုံနဲ့ ကြိုးစားကြမှ ဖြစ်တော့မယ်။ မိစ္ဆာဝါဒီ တွေ ကို အပြုတ်တိုက် မှ ပဲ ဖြစ်မယ် လို့ မြင်လာ ကြပါ တယ်။ မြင်တဲ့အတိုင်း ခံတပ်တွေဆောက် လက်နက်တွေစုဆောင်း တာတွေလဲ လုပ်လာကြပါတယ်။ မိမိတို့ယုံကြည်သက်ဝင် တဲ့ ဘာသာတရားဟာ လောကမှာ ရှိရှိသမျှ ဘာသာတရားတွေ အားလုံးထဲမှာ အကောင်းဆုံး အမြတ်ဆုံး တန်ဖိုးအရှိဆုံး အမှန်တရားစစ်စစ်ကြီးပဲ ဖြစ်တယ် လို့ မြင်ကြတာ ကြောင့် မိမိ ဘာသာတရား အတွက်ဆို ရင် ဘာပဲ လုပ်ရလုပ်ရ လုပ်နိုင် တယ် လုပ်မှာပဲ ဆိုတဲ့ အစွန်းရောက် အမြင် ရှိသူတွေတောင် ပေါ်ပေါက်လာတာတွေ့ရပါတယ်။



ဘာသာမဲ့သူ တွေ က တော့ ခေတ်ပညာရေးစံနစ် ရဲ့ ဝေဖန်ဆန်းစစ်တွေးခေါ်မှုတွေ နဲ့ သိပ္ပံပညာကို နှစ်သက်တဲ့ လူငယ် တွေ ဖြစ်ကြတာ များတယ်။ အစဉ်အလာ ဘာသာတရားတွေ ကို စိတ်ပျက်နေတဲ့ လူကြီး အချို့လဲပါ တာ တွေ့ရ ပါတယ်။ သူတို့ ဘာသာမဲ့ အဖြစ်ကို ခံယူခဲ့ကြတာ အကြောင်းနောက်ခံ အမျိုးမျိုး ဖြစ်နိုင်တယ်။ တစ်ချို့ ကတော့ ဘာသာရေး အစဉ်အလာနဲ့ ဝေးတဲ့ မိသားစု ပတ်ဝန်းကျင် မှာကြီးပြင်းခဲ့ရတာ ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ ဘာသာရေးဆိုင်ရာ အရေးအသားတွေ ကို သံသယ နဲ့ အဖြေရှာရင်း နောက်ဆုံး ကျေနပ်လောက်တဲ့ အဖြေမတွေ့လို့ ဘာသာမဲ့ဖြစ်သွားမှာ လဲ ဖြစ်နိုင် ပါတယ်။ တစ်ချို့ကျတော့လဲ ဘာသာရေးအင်စတီကျူးရှင်းတွေ ရဲ့ ထိန်းချုပ်ကွပ်ညှပ်ချက်တွေ ကို မနှစ်သက်လို့ လဲ ဖြစ်နိုင်ပါတယ်။



ဘယ်လိုနည်းနဲ့ပဲ ဘာသာမဲ့ ဖြစ်ခဲဖြစ်ခဲ့ ဘာသာမဲ့သူ အဖြစ်နဲ့ ရပ်တည်ရတာဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ လောကဓမ်တရားတွေ ဘ၀ အလှည့်ပြောင်းတွေမှာ ကိုယ် မနှစ်သက်တာတွေ ကြုံတွေ့ရတဲ့ အခါ ဘာသာရှိသူတွေလို ဖြေသိမ့်စရာ အဆင်သင့်မရှိလို့ပါပဲ။ ဘ၀ ရဲ့ ဒုက္ခတရားတွေ ကို အကာအကွယ်မဲ့ ရင်ဆိုင်ရပါတယ်။ ထီး ဖိနပ် ဦးထုပ် စတာတွေ မပါပဲ နေပူကျဲကျဲ ခရီး ကို သွားရသလိုပါပဲ။ နောက်တစ်ချက် ကတော့ ဘာသာမဲ့သူတွေ ဟာ ဘာသာရှိသူ လူများစုကြားထဲမှာ နေထိုင်လှုပ်ရှားရတဲ့ အခါ အမြဲပဲ အထင်မြင်သေးခံရတယ် ခွဲခြားဆက်ဆံခံရတယ်။ တစ်ဆင့်နိမ့်နေတဲ့ လူသားလို အဆက်ဆံခံရတယ်။ ဒီထက်ဆိုးတဲ့ လူအန္ဓလူဗာလ မိစ္ဆာဒိဋ္ဌိ အယူမှားသူတိတ္ထိ စတာတွေ နဲ့ ကင်ပွန်းတပ်ခံ ရတတ်ပါတယ်။ ဒါတွေ အားလုံးကို ကြံ့ကြံ့ခံရပ်တည်လို့ ဘာသာမဲ့အနေနဲ့ လူသိရှင်ကြားကြေညာပြီးနေထိုင်ဖို့ ဆိုတာ အတော် ခက်ခဲတဲ့ ဘ၀ပဲ ဖြစ်ပါတယ်။



ဘာသာမဲ့သူတွေရဲ့အမြင် က တော့ ဒီနေ့ခေတ် အွန်လိုင်းစာမျက်နှာတွေ ပေါ်ပေါက်လာတာဟာ ဘာသာမဲ့တွေအတွက် မိမိ တို့ ရဲ့ ကိုယ်ပိုင် ဘာသာရေးသဘောထား အမြင်တွေ ကို ပွင့်ပွင့်လင်းလင်း လွတ်လွတ် လပ်လပ် ဖေါ်ထုတ်ခွင့် ရရှိလာ လို့ ကျေနပ်နှစ်သက်နေ ပုံပါပဲ။ ရာစု နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်း များစွာ ဘာသာရေး ဟာ နိုင်ငံရေးအာဏာအမာ တွေ ရဲ့ ထောက်ပံ့မှု ကို ရခဲ့တယ်။ ဘာသာရေး အမြင်မတူသူတွေ ကို တောင် ရက်ရက်စက်စက် နှိပ်ကွက်ခဲ့တယ်။ ဘာသာမဲ့ ခြင်းဆိုတာ က တော့ လေစတောင်မသုတ် နိုင်ခဲ့တဲ့ အနေအထားပါပဲ။ ဘာသာရှိသူတွေ ဟာ အခြားသော ဘာသာခြားများ ကိုပင် လေးလေးစားစား ဆက်ဆံနိုင်ကြပေမဲ့ မိမိ ဘာသာဝင်အဖြစ်ကနေ စွန့်ခွာပြီး ဘာသာမဲ့ဖြစ်သွားကြသူတွေ ကို မေတ္တာမထားတတ်ကြပါဘူး။



ဘာသာရှိသူ အချင်းချင်း ရဲ့ ပဋိပက္ခ

မြန်မာ အွန်လိုင်းစာမျက်နှာတွေပေါ် ကို ဘာသာရှိသူတွေ ရောက်လာတာက စောပါတယ်။ ဆိုင်ရာဘာသာရေး အယူအဆ အတွေးအမြင်တွေ ကျင့်စဉ်တွေ ဝေမျှ ဖို့ အတွက် ဆိုက် တွေ အမျိုးမျိုးထောင်ကြတယ်။ အွန်လိုင်းတက်သူအများစု ကလဲ ဘာသာရှိတွေ ဖြစ်တဲ့ အပြင် ဒီ အထဲက အများစု ကလဲ ဘာသာတူ သူတွေ ဖြစ်ကြပါတယ်။ ဒါတောင်မှ ဒီ အခြေအနေမှာ ဘာသာရေး ငြင်းခုံ မှု တွေ ရှိခဲ့ ပါတယ်။



မြန်မာ အွန်လိုင်းစာမျက်နှာတွေပေါ်က ဘာသာရှိသူတွေ မှာ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေ နဲ့ မယုံကြည်သူ တွေ ဆို ပြီး နှစ်စုကွဲပြားနေပါတယ်။ မြန်မာနိုင်ငံ နဲ့ မြန်မာစကားပြောသူတွေ ထဲ မှာ တော့ ဖန်ဆင်းရှင် ဘုရားသခင်ကို ယုံကြည်သူတွေက လူနည်းစုဖြစ်ပါတယ်။ မယုံကြည်သူတွေက လူများစုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း ဖြစ်ထွန်းမှု အရလဲ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေ ရဲ့ ဘာသာတရားတွေဟာ မြန်မာ့မြေပေါ်ကိုနောက်ကျပြီးရောက် လာ ကြတဲ့ ဧည့်သည်ဘာသာတရားတွေလို ဖြစ်နေပါတယ်။ရိုးရိုးဧည့်သည်မဟုတ်ပဲ မြန်မာပြည်ကိုကျွန်ပြုခဲ့တဲ့ ကိုလိုနီစံနစ် နဲ့ အတူ ရောက်ရှိ ကြီးထွားလာတဲ့ ဧည့်သည်ဘာသာတရားတွေလဲ ဖြစ်တာကြောင့် ဒေသခံဋ္ဌာနေအိမ်ရှင်ဘာသာ တရား နဲ့ အစဉ်အမြဲ သိမ်မွေ့စွာ ပဋိပက္ခ ဖြစ်နေခဲ့ပါတယ်။



ဒီလို ဘာသာရေး ပဋိပက္ခ အမြင်တွေ ဟာ ရာစုနှစ်ချီ ရှိနေတာ ကြောင့် မြန်မာမျိုးဆက်များစွာ ရဲ့ စိတ်နှလုံးထဲ ကိန်းနေပါ တယ်။ အွန်လိုင်းစာမျက်နှာ တွေ ပေါ်မှာ လဲ ဒီ ဘာသာရေး ပဋိပက္ခ အမြင်တွေ ခေါင်းထောင်လာတာကို တွေ့ရပြန်တယ်။ ဘာသာရေး အစဉ်အလာတစ်ခု အင်စတီကျူးရှင်း တစ်ခု ဟာ မိမိ ရပ်တည်ချက် နဲ့ စည်းရုံးရေးခိုင်မာဖို့ အတွက် ပြင်ပ ရန် တစ်ခုခု ဒါမှမဟုတ် အတွင်းရန် တွေ ကို ဘာသာဝင်တွေ မြင် အောင်ပြတတ်ကြပါတယ်။ ဒီ လို အပြင်ရန် အတွင်းရန် တွေ နဲ့ တင်းမာတဲ့ ပဋိပက္ခ တရားတွေ ကြောင့် မိမိဘာသာတရားကို ချစ်ကြရမယ် ကာကွယ်စောင့်ရှောက်ကြရမယ် ၀ိုင်းဝန်း ချီးမြောက်ကြရမယ် ဆိုတဲ့ ခံစားမှု မျိုး ဘာသာဝင်တွေ စိတ်ထဲ မှာ မွေးမြူလာ နိုင်အောင်ပဲ ဖြစ်ပါတယ်။



ဒီ အမြင်တွေ ကိန်းနေ တဲ့ အခါ မိမိ ဘာသာတရား ကို သီးခြားတင်ပြတာ မျိုးတွေရှိသလို ဆန့်ကျင်ဖက်ဘာသာတရား တွေ ကို နှိပ်ကွပ်ပြီးမှ တင်ပြတာမျိုးတွေလဲ ရှိတာကို တွေ့ ရပါတယ်။ အဲဒီအခါမှာ အွန်လိုင်းပေါ်ရောက်နေတဲ့ ဆန့်ကျင်ဖက် ဘာသာတရားတွေ က ဘာသာရှိသူ အချို့ နဲ့ ထိတွေ့မှုတွေ ဖြစ်ပွား လေ့ ရှိတာ ကို တွေ့ ရတယ်။



ဘာသာရှိသူတွေ အချင်းချင်း ငြင်းခုန် နေကြရတာ ဟာ သူတို့အားလုံး တူညီစွာ ကိုင်စွဲထားတဲ့ မိမိဘာသာတရားသာ အမှန်ဆုံးအမြင် (Religious Dogmatism/ Exclusivism) ကြောင့်ပဲ ဖြစ်ပါတယ်။ မိမိ ကိုးကွယ်တဲ့ ဘုရား က သာ ဘုရား အစစ် ဖြစ်တယ် ကျန်ဘာသာတရားတွေ ရဲ့ ဘုရားတွေ က စိတ်ကူးယဉ်ဘုရားတွေ သာဖြစ်တယ် လို့ ယုံကြည်ကြ တယ်။ ဒီအမြင်ဟာ ဘာသာရှိသူတွေက ထွင်ထားတဲ့ အမြင်မဟုတ်ပဲ ဘာသာတရားတွေ ရဲ့ အတွင်းသဏ္ဍာန်မှာကို တည်ရှိနေတဲ့ အမြင်ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိမိတို့ ရဲ့ ဘာသာရေး ကျမ်းစာကသာ အမှန်တရား ကို ဖေါ်ပြနိုင်တယ် ပန်းတိုင် အမှန်ကိုရောက်အောင်လမ်းပြနိုင်တယ် ကျန်ဘာသာတရားတွေ ရဲ့ ဘာသာရေး ကျမ်းစာတွေက အတုအယောင် လမ်းအမှား တွေဖြစ်လို့ ပန်းတိုင် အမှန်ကို ရောက်အောင်လဲ လမ်းပြ မပေးနိုင်ကြဘူး လို့ မြင်တယ်။ ဒီတော့ မိမိ ဟာ မိမိ ကိုးကွယ် နေတဲ့ ဘာသာတရား ကို ရရှိတာ အရတော်လေစွ လူဖြစ်ရကျိုး နပ်လေစွ လို့ လဲထင်ကြတယ်။ကိုယ်နဲ့မတူရင် အမှားတွေ တန်ဖိုးမဲ့ တွေ လို့ လဲ မြင်ကြတယ်။ ဒီနည်းနဲ့ အမြင်မတူကြသော ဘာသာရှိသူတွေ ဟာ ပဋိပက္ခတွေ ဖြစ်ကုန် ကြတာပါပဲ။





ဘာသာမဲ့သူတို့အကြောင်း

ဒီလို ဘာသာရှိသူတွေ ရဲ့ ငြင်းခုန်ပွဲထဲ ကို နောက်ထပ် ဆွေးနွေးသူ အမျိုးအစားသစ် တစ်မျိုး ၀င်ရောက် လာခဲ့ ပါတယ်။ သူတို့ က တော့ ဘာသာမဲ့ လို့ မိမိ ကိုယ်ကို ခံယူထားကြ သူ တွေ ပါ။ သူတို့ လူစုကတော့ လူအရေ အတွက်နည်းပေမဲ့ တော်တော်လေး ပြင်းပြင်း ထန်ထန် ဝေဖန်ဆွေးနွေးနိုင်သူတွေ လဲ ဖြစ်တယ်။ သမိုင်း ပညာ ဒဿနပညာ နဲ့ သိပ္ပံပညာ ရှုဒေါင့်တွေ က နေပြီး ဘာသာတရား တွေ ကို ထိုးနှက်ဝေဖန် မှုတွေ ပြု ကြတယ်။ ဆန်းစစ်ချက်တွေ ထုတ်ကြတယ်။ ရဲတင်းထက်မြက်တဲ့ လူငယ်တွေပါပဲ။ ဒီ အခါ မှာ ဆွေးနွေး ငြင်းခုံ မှု တွေ က သုံးပွင့်ဆိုင်လို ဖြစ်ပြီးတော့ ပို လို့ အသက် ၀င်လှုပ်ရှားလာ ပါတော့တယ်။



မြန်မာနိုင်ငံ မှာ ဘာသာမဲ့ လို့ ဆိုလိုက် ရင် ကွန်မြူနစ်ဝါဒီ ဒါမှမဟုတ် ဖြစ်တည်မှုပဓါန၀ါဒီ စတဲ့ အမည်တွေ ပဲ တတ်ကြ တယ်။ တကယ်တော့ ကွန်မြူနစ်ဝါဒီ ဖြစ်တည်မှုပဓါန၀ါဒီ တွေ ဟာ ဘာသာမဲ့တွေ လို့ ပြောနိုင်သော်လဲ ဘာသာမဲ့ သူ တိုင်းဟာ ကွန်မြူနစ်ဝါဒီ ဖြစ်တည်မှုပဓါန၀ါဒီ တွေ တော့ မဟုတ်ကြပါဘူး။ ဘာသာမဲ့ တဲ့ ပုံစံ အမျိုးမျိုး ရှိနေလို့ ပါပဲ။ လောကီယ၀ါဒ (Secularism) ဟာလဲ ဘာသာမဲ့ အတွေး အခေါ်တစ်မျိုးပါပဲ။



ဘာသာမဲ့တွေ ရဲ့ အခြေခံတူညီတဲ့ အတွေးအမြင်တွေ ကို အနှစ်ချုပ်လိုက် ရင် အောက်ပါ အတိုင်းတွေ့ ရပါတယ်။



(၁) ဘာသာတရားတွေ ဘာသာရေး အင်စတီကျူးရှင်တွေ ရဲ့ အမိန့်အာဏာ မှန်သမျှကို ငြင်းပယ်တယ်။



(၂) ဘာသာတရားတွေ က လက်ခံထားတဲ့ ဓမ္မကျမ်းစာတွေ ရဲ့ အကြွင်းမဲ့ မှန်ကန်မှု ကို ငြင်းပယ်တယ်။



(၃) ဒီ လောက အပြင် အခြားသော နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ပမာဏ (Transcendental/Spiritual Dimension) ရဲ့ မှန်ကန်မှု ကို ငြင်းပယ်တယ်။



(၄) လူသား နဲ့ ပတ်ဝန်းကျင်သဘာဝလောကကြီး တစ်ခုလုံး ရဲ့ ဖြစ်ရပ်တွေကို သဘာဝအခြေပြုနည်း (Naturalistic Explanation) နဲ့ ရှင်းပြနိုင်တယ်လို့ခံယူတယ်။ ဘုရားသခင် တန်ခိုးတော် ကမ္မသတ္တိ စတာတွေ လက်မခံ ပါဘူး။ လူသား ရဲ့ ပြဿနာတွေ ကို လူသားရဲ့ ပကတိ ဥာဏ် သက်သက် နဲ့ ဖြေရှင်းနိုင်တယ်လို့ မြင်ပါတယ်။

(၅) လူသား ရဲ့ သဘာဝ ကို ဘာသာရေးနည်း သုံးပြီး တစ်မျိုးတစ်ဖုံ ဖြစ်အောင် ပြောင်းလဲပစ်တာ ကို ငြင်းပယ်တယ်။



(၆) လက်တွေ့လေ့လာ စမ်းသပ်မှု နဲ့ ယုတ္တိနည်းကျ ဆင်ခြင်မှု သက်သက် နဲ့ ပဲ အမှန်တရားတွေ ကို ရှာဖွေတယ်။ ကျမ်းဂန်အကိုးအကား နဲ့ ယုံကြည်သက်ဝင်မှု ကို လက်မခံ ပါဘူး။



(၇) မွေးဖွားချိန် မှ သေဆုံးချိန် အထိ ကာလ ကို ပဲ လူသားအတွက် အရေးပါတဲ့ ဘ၀ အဖြစ်ခံယူတယ်။ ဒါပေမဲ့ မျိုးဆက် အလိုက် လူ့ အသိပညာတွေ ရွေ့လျှားစီးဆင်းပြီး တော့ အသိဥာဏ်တရား ရဲ့ ဆင့်ကဲတိုးတက်မှု ကို လက်ခံတယ်။



(၈)ဘာသာတရားတွေ ရဲ့ သဘာဝလွန် ဖြစ်ရပ်တွေ အလွန်အကဲတန်ခိုးသတ္တိတွေ ကို ဒဏ္ဍာရီဘာသာစကား အဖြစ်ပဲ မြင်တယ်။



(၉) လူ့ဘ၀ ရဲ့ အနက်အဓိပ္ပါယ် နဲ့ ပန်းတိုင် ကို လက်ရှိပစ္စုပ္ပန်ဘ၀ ရဲ့ အကန့်အသတ်ဘောင်ထဲ မှာ ပဲ မိမိ ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု နဲ့ရှာဖွေ ရမယ်လို့ မြင်ပါတယ်။



(၁၀) ဘာသာတရားတွေ ဟာ ခေတ်ဟောင်းကာလ လူ့ယဉ်ကျေးမှု ရဲ့ အကြွင်းအကျန်တွေ လို့ မြင်တယ်။ ဘာသာတရား တွေ ရဲ့ နေရာ ကို သိပ္ပံပညာ ဒဿနပညာ နဲ့ အခြားလူမှုသိပ္ပံပညာရပ်တွေ က အစားထိုး နေရာယူလာကြလိမ့်မယ်လို့ မြင်ပါတယ်။



ဘာသာမဲ့ တစ်ဦးချင်း စီ က ဒီ အချက် (၁၀) ချက် စလုံး ကို အတိအကျ လက်ခံ ချင်မှ လက်ခံ မှာ ဖြစ်ပေမဲ့ ဒီ အချက်တွေ ဟာ ဘာသာမဲ့တွေ အတွက် ယေဘုယျအား ဖြင့် လက်ခံနိုင်တဲ့ ရပ်တည်ချက်တွေ ပါပဲ။



ဘာသာမဲ့ခြင်း အပေါ် ဘာသာရှိသူတို့ ရဲ့ဝေဖန်ချက်

ဘာသာရှိတွေ နဲ့ ဘာသာမဲ့တွေ ဘယ်လိုငြင်းခုံကြသလဲ။ မိမိ ကောင်းကွက်ကို ပြပြီး ဆန့်ကျင်ဖက်အယူအဆ ရဲ့ ဆိုးကွက် တွေ ကို ပြတာ ပါပဲ။ ဘာသာရှိတွေအမြင်မှာ ဘာသာတရားရှိခြင်းဟာ လူသား ဖြစ်ခြင်းရဲ့တန်ဖိုး ဖြစ်တယ်။ လူ နဲ့လူ မဟုတ် သော တိရစ္ဆာန် တွေ ကို ခြား ထားတဲ့ စည်းလည်း ဖြစ်တယ်။ ဘာသာတရား ဟာ ယဉ်ကျေးမှု ရဲ့ အခြေခံ အုတ်မြစ် ဖြစ်တာ ကြောင့် ဘာသာမဲ့ခြင်း ဟာ ယဉ်ကျေးမှု မဲ့ခြင်းဆီ ကို ဦးတည်နေတယ်။ ယဉ်ကျေးမှုမဲ့ရင် ကိုယ်ကျင့် တရား နှုန်းစံတွေပါ ကင်းမဲ့လာလို့ လောကရဲ့ငြိမ်းချမ်းရေးကို ပျက်စီးစေလိမ့်မယ်။ (၂၀)ရာစုကမ္ဘာသမိုင်းမှာ ဘာသာမဲ့ အာဏာရှင် တွေ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာ လူ့အသက်ပေါင်းများစွာ စတေးခဲ့ကြရတာကိုလဲ ထောက်ပြကြတယ်။ ဒါကြောင့် ဘာသာရှိခြင်း ဟာ ဘာသာမဲ့ခြင်းထက် စာရင် ပို ကောင်းတယ်လို့ မြင်ပါတယ်။



နောက်တစ်ချက်က ဘာသာရှိခြင်းအားဖြင့် လူမှုရေးအစေးကပ်ခြင်း (Social Cohesiveness) ကို ရစေတယ်။ ယုံကြည်မှု ကျင့်သုံးမှုတွေတူတဲ့ အခါ အတွင်းပဋိပက္ခနည်းတယ် ဒီတော့ ပိုပြီးစည်းလုံးညီညွတ်မှုကို ရတယ်။ နိုင်ငံ လူမျိုး အနေနဲ့ သီးခြားရပ်တည်တဲ့ အခါ ဘာသာရေးယုံကြည်ချက် ကို အခြေခံ ရင် အားကောင်းခိုင်မာတဲ့ လူ့အဖွဲ့အစည်း တစ်ခု ဖြစ်နိုင် တယ်။ ဘာသာမဲ့တွေ ဖြစ်နေရင် ၀ါးအစည်းပြေ သလို ဖြစ်ပြီး စည်းလုံးညီညွတ်မှု မရနိုင်တော့ အားနည်းချိနဲ့တဲ့ လူ့အဖွဲ့ အစည်း တစ်ခု ဖြစ် သွား နိုင်တယ်။



နောက်ဆုံးတစ်ချက် ကတော့ ဘာသာရှိခြင်းအားဖြင့် ဘာသာရေးကိုင်းရှိုင်းသူ လူသားဟာ လောကဓမ်တွေကို ပိုလို့ ခံနိုင် ရည်ရှိတယ်။ စိတ်ကျရောဂါဖြစ်ပွားနှုန်း နဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေဟာ ဘာသာမဲ့ အချိုးအစားများတဲ့ လူ့အဖွဲ့ အစည်း တွေ မှာ ဖြစ်တာ ကို ကြည့်ခြင်းအားဖြင့် ဘာသာရေးယုံကြည်မှု နဲ့ စိတ်ကျန်းမာရေး ဆက်စပ်နေတာ ကို တွေ့နိုင် တယ်လို့ ဆိုပါတယ်။ ဘာသာရေးယုံကြည်မှု ရှိသူ ဟာ ဘာသာရေးဆိုင်ရာ ကျင့်စဉ်တွေနဲ့ မိမိ ရဲ့အတွင်းအဇ္ဈတ္တ

စိတ်ငြိမ်းချမ်းမှု ကို တည်ဆောက်နိုင်ပြီး ပိုပြီး ပြေလွင်ညီညွတ်လှပတဲ့ ဘ၀ ကို ရနိုင်တယ်လို့ဆိုပါတယ်။ သဘာဝ အရိုင်း စိတ်တွေ ကို ဘာသာရေးအဆုံးအမတွေ နဲ့ ချွန်းအုပ် နိုင်လို့ ပိုပြီး ကောင်းမြတ်တဲ့ ဘ၀ ကို ရရှိနိုင်တယ် လို့ ဆိုပါ တယ်။ ဘာသာရေး က ပေးတဲ့ လောက အမြင်နဲ့ မိမိဘ၀ကို လျှောက်လှမ်းတဲ့ အခါ ဘ၀ရဲ့ အချိုးအကွေ့တွေတိုင်းမှာ ရွေးချယ် ဆုံးဖြတ်ရတဲ့ အခါမှာ လဲ ဝေေ၀၀ါးဝါး မဖြစ်ပဲ ဆိုင်ရာဘာသာရေးတန်ဖိုးတွေ နဲ့ လမ်းညွှန်ချက်တွေ ကို လိုက်နာပြီး အစီအစဉ်ကျတဲ့ ရှေ့နောက်ညီညွတ်တဲ့ ဘ၀ ကို ရရှိနိုင်တယ်လို့ လဲ မြင်ကြပါတယ်။



ဘာသာရှိခြင်း အပေါ် ဘာသာမဲ့သူတို့ ရဲ့ဝေဖန်ချက်

ဘာသာရေး ကိုင်းရှိုင်းသူ-ဘာသာရှိ သူတွေ က ဘာသာရေးကို အကောင်းမြင်ကြပေမဲ့ ဘာသာမဲ့သူတွေက တော့ ဘာသာရေး ကို အဆိုးမြင်ကြပါတယ်။ ဘာသာရေး တွေ ဟာ ထိန်းချုပ်မှု အာဏာတွေ ဖြစ်လို့ လူသား တစ်ဦးချင်းစီ ရဲ့ မွေးရာပါ လွတ်လပ်ခြင်း နဲ့ ဆန့်ကျင်တယ်လို့မြင်ပါတယ်။ လူဟာ လွတ်လပ်စွာ မွေးဖွားခဲ့ရပေမဲ့ ယဉ်ကျေးမှုစံနစ်တွေထဲ မှာ ဘာသာရေး ရဲ့ ကျွန်ပြုခြင်း ကိုခံရတယ်။ ခလေး ရဲ့ လတ်ဆတ် သစ်လွင်တဲ့ ဦးနှောက်ဟာ နှစ်ပရိစ္ဆေဒ ကြာမြင့်နေတဲ့ သမိုင်းတစ်လျှောက် က လူ့ အစွဲအလန်းတွေ သွတ်သွင်းတာ ကို ခံ ရတယ် အရောင်ဆိုးတာ ကို ခံရတယ်။လူသားရဲ့ ပကတိ သဘာဝအသိအမြင် ရဲ့ နေရာမှာ ဘာသာရေးအစွဲတွေရဲ့ အမြင်နဲ့ အစားထိုးခံရတယ်။ လူကိုလူလို့ မမြင်တော့ပဲ ဘာသာတူ ဘာသာကွဲ အဖြစ်မြင်တယ်။ သဘာဝကို သဘာဝအတိုင်းမမြင်တော့ပဲ ဘာသာရေးတန်ဖိုးတွေ နဲ့ ဖြတ်ပြီး တော့ အကောင်း အဆိုး အယုတ် အမြတ် ခွဲပြီး မြင်ချင်ရာမြင်တော့တယ်။ ဒီ အခါမှာ လူ ဟာ လူ့သဘာဝ နဲ့ လူပီသမှု ကို ဆုံးပြီ လို့ ဘာသာမဲ့တွေ က ယူဆပါတယ်။



ဘာသာမဲ့တွေ ရဲ့ အမြင်အရ ဆိုရင် လူဟာ လူလိုကျင့်နိုင်ရင် ကိုယ်ချင်းစာတရားနဲ့ ဥပဒေလိုက်နာမှု ရှိရင် ကိုယ်ကျင့် တရား အတွက် ဘာသာရေး မလိုအပ်ဘူး လို့ ဆိုတယ်။လူသားရဲ့ စိတ်ငြိမ်းချမ်းမှု ဆိုတာ လဲ ဘ၀ ကို အသင့်အလျှော် ရှုမြင် နိုင်တဲ့ ဘ၀ဒဿနအမြင်တစ်ခု ရှိရင် လူဟာ လောကဓမ် ကို လဲ ခံနိုင်မယ် စိတ်အေးချမ်းမှု လဲ ရနိုင်တယ်လို့ ဆိုပါ တယ်။ ဒါတွေ ရရှိဖို့ အတွက် မမြင်ရတဲ့ နတ်ဒေ၀တာ တွေ ဖန်ဆင်းရှင်ဘုရားတွေ ရှေ့ဘ၀နောက်ဘ၀ ယုံကြည်မှု တွေ မလို အပ်ဘူး လို့ ဆိုပါတယ်။လူမှာ ဗီဇပါ အဖွဲ့အစည်းစိတ်ဓါတ်ရှိတာမို့ ဒီ စိတ်ကို အခြေခံပြီး လူမှုပဋိညာဉ်တွေ နဲ့ သာယာတဲ့ လူဘောင်လောက တစ်ခုကို ဘာသာရေး အကူအညီ မပါပဲ နဲ့ တည်ဆောက်နိုင်တယ် လို့လဲ ယူဆပါတယ်။



ဘာသာမဲ့တွေ ရဲ့ အမြင်မှာ တော့ ဘာသာရေးတွေ ဟာ ကောင်းကျိုးထက်ဆိုးကျိုး ကို ပို ဖြစ်စေနေတာ ထင်ရှားပါတယ်။ လောက မှာ ဘာသာအယူဝါဒ မတူညီမှုတွေ ကြောင့် ရန်သတ္တရုတွေ ပြုကြ စစ်မက်တွေ ဖြစ်ပွားကြ နဲ့ လောက ကြီး ရဲ့ မငြိမ်းချမ်းမှု ကို ဘာသာရေး က ဖြစ်စေတယ်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ တစ်မြေတည်းနေ တစ်ရေတည်းသောက် တဲ့ သူတွေ တောင် ဘာသာအယူဝါဒ မတူညီမှုတွေ ကြောင့် အဓိကရုဏ်းတွေ အနိုင်ကျင့်သတ်ဖြတ်မှုတွေ ဖြစ်ပွားရတယ် ဆိုတာ ကြည့် ရင် ဘာသာရေးယုံကြည်မှုတွေ ဟာ ရှုပ်ထွေးတဲ့ လူမှုပဋိပက္ခတွေ ကို ဆောင်ကြဉ်းလာတတ်တာတွေ့ ရပါတယ်လို့ ဆိုပါတယ်။



နောက်တစ်ချက် က ဘာသာတရားတွေ ဟာ လူမှုရေးမညီမျှမှုတွေ ကို ဘာသာရေးဆိုင်ရာ ဖြေသိမ့်မှုတွေ နဲ့ အဖြေမှား တွေ ပေးပြီးတော့ တည်ဆဲ လူနေမှုစနစ် ကို အကာအကွယ်ပေးထားတတ်ကြပါတယ်။ လောက မှာ ဖြစ်နေတဲ့ မတရားမှု တွေ လူသားတွေ ရဲ့ ဆုံးရှုံးနစ်နာ မှုတွေ ကို မမြင်ရတဲ့ သဘာဝလွန်ဖြေရှင်းချက်တွေ နဲ့ ချွေးသိပ်စေတယ် ဆိုတော့ ဘာသာရေး ဟာ အမြဲတမ်း အနိုင်ရသူတွေ အာဏာရှိသူတွေ အထက်စီးနေရသူတွေ ဖက်က ပဲ ရှေ့နေလိုက် ပေးနေသလို ဖြစ်လို့ လောက ရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားမျှတမှုတွေ မဖြစ်ပေါ်လာစေအောင် အဟန့်အတား ဖြစ်နေစေတယ်လို့ ဆိုကြပါတယ်။



နောက်ဆုံးအချက် အနေနဲ့ ဘာသာရေး ဟာ လူသားအသိဥာဏ်ပညာရဲ့တိုးတက်မှု ကို တားမြစ်ပိတ်ပင်နေပါတယ် လို့ ဘာသာမဲ့တွေ က မြင်ပါတယ်။ ဘာသာတရားတွေ ဟာ သဘာဝလောကဓါတ်ကြီး နဲ့ ပတ်သက်ရင် တောင် မိမိတို့ ဘာသာရေး ကျမ်းစာတွေ က ဖေါ်ပြချက်တွေ ဟာ အမြဲမှန်ထာဝရမှန်ကန်နေတဲ့ အဆိုဝါဒတွေ အဖြစ် ယူဆကြတယ်။ သိပ္ပံပညာပေါ်ပေါက်လာတဲ့ အခါ သဘာဝလောကဓါတ်ကြီး နဲ့ ပတ်သက်တဲ့ နိယာမတရားတွေ ကို လေ့လာစူးစမ်းရင်း တွေ့ရှိလာကြတယ်။ အထပ်ထပ်စစ်ဆေးလို့ ခိုင်ခံ့တဲ့ သီအိုရီတွေ ထုတ်လာကြတယ်။ ဒီလို တွေ့ရှိလာတဲ့ သိပ္ပံပညာ ဆိုင်ရာ တွေ့ရှိချက်တွေ ဟာ ဘာသာရေး ကျမ်းစာတွေ က ဖေါ်ပြချက်တွေ နဲ့ ကွဲလွဲနေတာ အမှန်ပါပဲ။ ဒီအခါ ဘာသာရှိ သူတွေ အတွက် အခက်ကြုံရတယ်။ မိမိ ငယ်စဉ်ကတည်းက သည်းလှိုက်အူလှိုက် ယုံကြည်ခဲ့ရတဲ့ ဘာသာရေး သင်ကြားမှု တွေ ကို ပဲ လက်ခံမလား ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေ ကို ပဲ လက်ခံမလား လို့ စဉ်းစားစရာ ဖြစ်လာ တော့တယ်။



တစ်ချို့ ဘာသာရှိသူတွေကတော့ သိပ္ပံ ရဲ့ အမှန်တရား ကိုလက်ခံပြီးတော့ မိမိရဲ့ ဘာသာရေး ယုံကြည်မှု ကို သိပ္ပံနဲ့ လိုက်လျှော ညီထွေ ဖြစ်အောင် ပြောင်းလဲ အနက်ဖွင့်ဖို့ကြိုးစားကြတယ်။ တစ်ချို့ကျတော့ မိမိရဲ့ ဘာသာရေး ယုံကြည်မှု ကို ပဲ မျက်စိမှိတ် အသေဆုပ်ကိုင်ပြီးတော့ ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို ဗလောင်းဗလဲ နဲ့ မတည်မငြိမ် ပဲ ပြောင်းလဲ တတ်တာတွေ ဆိုပြီး ပစ်ပယ် လိုက်ကြပါတယ်။ ဘာသာရှိသူတွေထဲ က အနည်းငယ်လောက်ပဲ ခေတ်မီသိပ္ပံ ပညာရဲ့ တွေ့ရှိချက်တွေ ကို ရဲရဲရင့်ရင့်လက်ခံကြတာရှိပါတယ်။



တကယ်လို့ သိပ္ပံကို ပစ်ပယ်ချင်တဲ့ အုပ်စုဟာ ဘာသာရေး အင်စတီကျူးရှင်းတွေ မှာ ဦးဆောင်မှုနေရာ ယူလာရင်တော့ ဒီဘာသာတရား ဟာ လူ့အသိပညာတိုးတက်မှုရေစီး ကို ကန့်လန့်တိုက်တဲ့ အနေအထား ကို ရောက်ရှိသွားတတ်ပါတယ်။ ဘာသာတရားတွေ ရဲ့ သမိုင်းမှာလဲ ခေတ်မီသိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို အာဏာအမာ သုံးပြီး နှိပ်ကွပ် သတ်ဖြတ် ခဲ့တာတွေ အထင်အရှားရှိခဲ့ပါတယ်။ အခုအထိ ကို ခေတ်မီသိပ္ပံပညာ အံ့ဘနန်းတိုးတက်နေတဲ့ နိုင်ငံကြီးတွေ မှာ ဒီ လို အားပြိုင်လွန်ဆွဲမှု က ရှိနေသေးပဲ ဆိုတာ တွေ့နေရပါတယ်။ ဒီလို အမြင်ရှိတဲ့ ဘာသာမဲ့သူတွေ အတွက် က တော့ လူ့ အသိအမြင်တွေ တိုးတက်ကျယ်ပြန့်လာလေလေ ဘာသာရေးလွှမ်းမိုးမှုဟာ ဆုတ်ယုတ်တိမ်ကောပြီးနောက်ဆုံး ပျောက်ကွယ် သွားလေလေ ပဲ ဖြစ်မယ်လို့ ယူဆကြပါတယ်။



ဆွေးနွေးပွဲအတွင်း ဘာသာလွတ်သူ ၀င်ရောက်လာခြင်း

ဘာသာရှိတွေ နဲ့ ဘာသာမဲ့တွေ ရဲ့ တိုက်ပွဲက ပြင်းထန်နေဆဲပါပဲ။ ကမ္ဘာဇာတ်ခုံပေါ်မှာတောင် မပြီးနိုင်မပြတ်နိုင် ဖြစ်နေ ပါသေးတယ်။မြန်မာအွန်လိုင်းလောက မှာ တော့ ဆိုဖွယ်ရာမရှိပေါ့။ ဘာသာရှိသူတွေ ဆွဲကိုင်တဲ့ ဆင်ခြေက တော့ ဘာသာမဲ့သူတွေ ဟာ လုံလောက်တဲ့ယုံကြည်မှု ကျင့်ကြံအားထုတ်မှု ရှိရင် ဘာသာရေးရဲ့ အမှန်တရားတွေ ကို မျက်ဝါး ထင်ထင်မြင်ရမယ်ပေါ့။ ဘာသာရေးရဲ့ အမှန်တရားတွေ ကို မမြင်ရသေးတာ ဒီ အမှန်တရားတွေက တကယ်မရှိ လို့ မဟုတ်ပဲ ဘာသာမဲ့သူတွေ ဖက်က လိုအပ်ချက်တွေ ရှိနေလို့သာ မမြင်ရတာ ဖြစ်တယ်လို့ တစ်ထစ်ချပြောဆိုကြ ပါတယ်။ ဘာသာမဲ့တွေ ဆွဲကိုင်တဲ့ ဆင်ခြေက တော့ ဘာသာရှိသူတွေ ဟာ လုံလောက်တဲ့ ရဲစွမ်းသတ္တိ နဲ့ တွေးတော ဆင်ခြင်နိုင် စွမ်း မရှိကြလို့ အစဉ်အလာဘာသာရေးယဉ်ကျေးမှုတွေ ရဲ့ ပုံသွင်းလွှမ်းမိုးတာတွေ ကို ခံခဲ့ ကြရလို့သာပကတိ အမှန်တရား ကို မမြင်ရတာ ဖြစ်တယ်လို့ တစ်ထစ်ချ ပြောဆိုကြပါတယ်။ ဒီလို နဲ့ ပဲ အပြန်အလှန် ဆင်ခြေတင် စောဒကတက်တာ တွေ က မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေရပါတယ်။



တကယ်ပဲ လူတစ်ယောက်မှာ ရွေးချယ်စရာ က ဘာသာရှိ အဖြစ်နဲ့ ဘာသာမဲ့ အဖြစ် နှစ်မျိုးပဲ ရှိသလား။ စာရေးသူ တို့ ငယ်စဉ်ကာလတုန်းကတော့ ဘာသာမဲ့ အဖြစ်ဆိုတာတောင် ရွေးချယ်ခွင့်မရှိသလိုပါပဲ။ လူမှန်ရင် ဘာသာတစ်ခုခု ရှိကို ရှိရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းက အသေဆုပ်ကိုင်ထားပါတယ်။ ဒီနေ့ခေတ်ကာလ ကတော့ အရင်ထက်စာရင် လူတွေရဲ့ ပုဂ္ဂလိကယုံကြည်မှုတွေ ကို ပိုမိုလွတ်လပ်ခွင့်ပေးလာလို့ ဘာသာမဲ့ ရပ်တည်သူတွေ လည်း ရှိလာပါပြီ။ ဒါပေမဲ့ ဘာသာမဲ့တွေ ရဲ့ တရားဝင်ရပ်တည်မှု ရရှိအောင်တော့ ကာလအတော်ကြာအောင်စောင့်ရလိမ့် ဦးမယ်လို့ ယူဆပါတယ်။



မိမိ ရဲ့ ကိုယ်ပိုင်အမြင် ကို ပြောရရင်တော့ ရွေးချယ်စရာက ဘာသာရှိ အဖြစ်နဲ့ ဘာသာမဲ့ အဖြစ် နှစ်မျိုးအပြင် နောက်ထပ် တစ်မျိုးရှိသေးတယ်လို့ မြင်ပါတယ်။ ဘာသာရှိခြင်း က ပထမလမ်း ဘာသာမဲ့ခြင်း က ဒုတိယလမ်းဆိုရင် တတိယလမ်းက ဘာ ဖြစ်မလဲ။ တတိယလမ်း ကတော့ ဘာသာစွဲမရှိတဲ့ ဘာသာလွတ်သူ (Religious Free Thinker) ရဲ့ လမ်း ဖြစ်မယ် ထင်ပါတယ်။ ဘာသာလွတ်သူရဲ့ရပ်တည်မှုကတော့ ထူးခြားတဲ့ အနေအထား ဖြစ်တယ်လို့ထင်ပါတယ်။ဘာသာလွတ်သူ ရဲ့ ခံယူချက်တွေထဲက အချို့ဟာ ဘာသာရှိသူတွေ နဲ့ တူနေမယ် အချို့တွေကတော့ ဘာသာမဲ့သူတွေ နဲ့ ဆင်ဆင်တူ နေမယ်။ နောက်ပြီးတော့ ဘာသာရှိသူရော ဘာသာမဲ့သူ မှာ ပါ မရှိတဲ့ သီးခြားသဘောဆောင်တဲ့ ခံယူချက်တွေလဲ ဘာသာလွတ်သူတွေ မှာ ရှိနေတယ် ဆိုတာတွေ့ရတယ်။ ဘာသာလွတ်သူ ဟာ ငယ်စဉ်က ဘာသာရှိသူ ဖြစ်ခဲ့မယ်။ ကြီးပြင်းလာတဲ့ အခါ ဘာသာမဲ့သူ အဖြစ်ကိုလဲ ရောက်ချင်ရောက်ခဲ့ဖူးမှာပဲ။ ဘာသာရှိခြင်း နဲ့ ဘာသာမဲ့ခြင်း ရဲ့ ကောင်းကျိုး ဆိုးပြစ် တွေ ကို ကိုယ်တိုင်မြင်တွေ့ခံစားလာရပြီးမှ ဘာသာလွတ်သူ အဖြစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်။



ဘာသာလွတ်သူတွေ မှာ ရှိနေတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ ခံယူချက်တွေ ကို အနှစ်ချကြည့်ရင် အောက်ပါအတိုင်း တွေ့ရ တယ်။



(၁) နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ပမာဏ (Transcendental/Spiritual Dimension) ဟာ လူသားဘ၀ဖြစ်တည်မှု ရဲ့ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းလို့ ခံယူတယ်။ အမြင့်မားဆုံးလောကုတ္တရာသစ္စာတရား ရှိတယ်လို့ မြင်ပါတယ်။ ဒီအမြင့်မားဆုံး လောကုတ္တရာ သစ္စာတရား ကို လူသား ဟာ မျက်မှောက်ပြု ထိတွေ့သိမြင်နိုင်တယ် လို့ လဲ မြင်ပါတယ်။



(၂) ဒီ အမြင့်မားဆုံးလောကုတ္တရာ သစ္စာတရား ဟာ ဘာသာစကား ပညတ်စံနစ်တွေ ကို လွန်နေတာကြောင့် သစ္စာတရား ကို တစ်စုံတစ်ခုသော ဘာသာရေး အင်စတီကျူးရှင်း-ဂိုဏ်းဂဏ တစ်ခုခု က ယတိပြတ် အကြွင်းမဲ့ ပိုင်ဆိုင်တယ် ဆိုတာ ကို ငြင်းပယ် ပါတယ်။ (ဒီ အချက်က ဘာသာရှိသူတွေ နဲ့ အဓိက ကွဲပြားချက် ပဲ ဖြစ်တယ်)



(၃) တစ်ဆက်တည်း အားဖြင့် ဘာသာလွတ်သူတွေဟာ ဘာသာရေး အင်စတီကျူးရှင်း-ဂိုဏ်းဂဏ တစ်ခုခု ရဲ့ အကြွင်းမဲ့ ဆုံးဖြတ်ခွင့်အာဏာ ကို လဲ ငြင်းပယ်ပါတယ်။ ဘာသာလွတ်သူတွေ ကို ဘယ်ဘာသာဝင်ဖြစ်ပါတယ်လို့ ယေဘုယျပြောလို့ ရပေမဲ့ ဘာသာတရား ကို အနက်ဖွင့်ရာမှာ ဘာသာလွတ်သူဟာ မိမိ ကိုယ်ကို အပြည့်အ၀တာဝန်ယူဖွင့်ဆို သူ ဖြစ်ပါတယ်။



(၄) အမြင့်မားဆုံးလောကုတ္တရာသစ္စာတရားဟာ အဆင့်မြင့်ဘာသာတရားကြီးတွေအားလုံးမှာ အသွင်အမျိုးမျိုး အကန့်အသတ် အမျိုးမျိုး နဲ့ ဖေါ်ဆောင်တည်ရှိနေနိုင်ခွင့် ကို အလေးအနက်ယုံကြည်ပါတယ်။ ဓမ္မတရား အသီးသီး ရဲ့ ကွဲပြားခြားနားသော ပန်းတိုင်များ တည်ရှိနေမှု ကို လက်ခံပါတယ်။



(၅) တစ်ဆက်တည်း အားဖြင့် ဘာသာလွတ်သူတွေဟာ အမြင့်မားဆုံးလောကုတ္တရာ သစ္စာတရားထံ ကို ချဉ်းကပ်ရောက်ရှိ နိုင်တဲ့ နည်းလမ်းတွေ လည်း များစွာ ရှိနိုင်တယ်ဆိုတဲ့ အချက်ကို လက်ခံသူတွေ ဖြစ်ပါတယ်။



(၆) ဘာသာလွတ်သူတွေဟာ ဓမ္မတရား အသီးသီးတွေ ရဲ့ မတူကွဲပြား ခြားနားမှုကို လက်ခံတဲ့ အပြင် ဓမ္မတရား တစ်ခုစီ ရဲ့ ဘောင်ထဲမှာလဲ မတူကွဲပြား ခြားနားတဲ့ အနက်ဖွင့်ဆိုချက်တွေ ရှိနေတာ ဖြစ်သင့်တဲ့ သဘာဝကျတဲ့ အရာဖြစ်တယ် ဆိုတာ ကို လက်ခံပါတယ်။



(၇) ဘာသာလွတ်သူတွေဟာ မိမိ စရိုက်သဘာဝ နဲ့ကိုက်ညီတဲ့ ဓမ္မတရားတစ်ခုခုကို အခြေခံထား ကျင့်သုံးဆောက်တည် သော်လည်း အခြား အခြားသော မိမိ နဲ့ အလျှော်ဖြစ်တဲ့ ဓမ္မတရားတွေ ရဲ့ သွန်သင်ချက်တွေ ကိုလဲ ဝေဖန်ဆန်းစစ် ကာ လက်ခံ ကျင့်သုံးခြင်း ပြုနိုင်သူတွေ ဖြစ်ပါတယ်။



(၈) ဘာသာလွတ်သူတွေဟာ အခြားသော ဓမ္မတရားတွေ အပေါ်သာမက ဒဿနပညာ သိပ္ပံပညာ အနုပညာ လူမှုသိပ္ပံ ပညာ စသော ဘာသာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ကြိုးစားအားထုတ်လေ့လာတွေ့ရှိချက်များ ကို လဲ ပွင့်လင်း တက်ကြွသော အမြင် အစွဲလွတ်သော စိတ်ထားနဲ့ ဝေဖန်ဆန်းစစ် ကာ လက်ခံ ကျင့်သုံးခြင်း ပြုနိုင်သူတွေ ဖြစ်ပါတယ်။



ဘာသာရေး အပေါ် ဘာသာလွတ်သူ ရဲ့ အမြင်

ဒီ အချက်တွေ ကို ကြည့်ရင် ဘာသာလွတ်သူ ဆိုတာ ဘာသာရေး အစဉ်အလာ တစ်ခုခု ကို ပဲ ဘောင်ခတ် မစွဲလန်းသူ ဘာသာရေးအင်စတီကျူးရှင်းများ နဲ့ လွတ်ကင်းစွာ ရပ်တည်နေသူ ဖြစ်ပေမဲ့ ဘာသာမဲ့သူလို ဘာသာရေးဆိုင်ရာပန်းတိုင် ကျင့်စဉ် နဲ့ အမှန်တရားတွေ ကို ပစ်ပယ်သူတွေ မဟုတ်တာ ကို တွေ့ရပါတယ်။ ဒေါင်းငှက်တွေဟာ ရေသောက် တဲ့ အခါ မှာ အဆိပ်အတောက် ကို ဖယ်ရှားပြီးတော့ သန့်စင်တဲ့ ရေ ကို ခွဲထုတ်ပြီးသောက်နိုင်သလိုပဲ ဘာသာလွတ်သူ ဟာ ဘာသာရေး အစဉ်အလာ တွေ မှာ ရှိနေတဲ့ တရားသေ၀ါဒ အဆိပ်အတောက်တွေ ကို ဖယ်ရှားပြီး မိမိ ရဲ့ ဓမ္မခရီး အတွက် အသုံးဝင်မဲ့ လက်တွေ့အကျိုးရှိမဲ့ သွန်သင်ချက်တွေ တရားဓမ္မတွေ ကို ထုတ်ယူ ကျင့်သုံးနိုင်သူ ဖြစ်ပါတယ်။



ဘာသာလွတ်သူ ဟာ ဘာသာရေးအစဉ်အလာ များကို ဘောင်ခတ် မစွဲလန်းသူ ဖြစ်ပေမဲ့ ဘာသာရေးအစဉ်အလာ များကို တန်ဖိုးရှိတဲ့ လောကရတနာများ အဖြစ်မြင်ပါတယ်။ ဘာသာရှိသူ ဘာသာစွဲသန်သူတွေ ဟာ မြေထိန်းနံရံကြီးတွေ နဲ့ အလား သဏ္ဍာန်တူပါတယ်။ ဘာသာရှိသူ ဘာသာစွဲသန်သူတွေ ရဲ့ နှစ်နှစ်ကာကာ ကြိုးပမ်းအားထုတ်မှု ဆိုတာတွေ မရှိခဲ့ရင် တန်ဖိုးရှိတဲ့ လောကရတနာများ ဖြစ်ကြတဲ့ ဘာသာရေးအစဉ်အလာတွေ ဟာ အချိန်ရေစီး နဲ့အတူ ပျောက်ကွယ်ဆုံးရှုံး သွားမှာ ဖြစ်လို့ ပါပဲ။ ဒီအတွက်တော့ ဘာသာရှိသူ ဘာသာစွဲသန်သူတွေ အားလုံးရဲ့ ကြိုးပမ်းမှုတွေ ကို ဘာသာလွတ်သူ က ကျေးဇူးတင်စွာ နဲ့ လေးစားဦးညွှတ်နေပါတယ်။



ဒီလိုဆိုရင် ဘာသာလွတ်သူ တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ။ ဘာသာမဲ့သူ တစ်ယောက်လိုပဲ ဘာသာရေး အင်စတီကျူးရှင်းများ နဲ့ လွတ်ကင်းစွာ ရပ်တည်ရဲတဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်။ ဓမ္မကို ရှာဖွေ ရာမှာ လွတ်လပ်ပွင့်လင်းတဲ့ သဘောထားအမြင် ရိုးသားဖြောင့်မတ်တဲ့ စိတ်ထား တွေ လဲ လိုအပ်ပါတယ်။ အသိပညာကိုရှာဖွေ ရာမှာ အင်္ဂလိပ်ဘာသာ စကား ဟာ ဓမ္မတရားပေါင်းစုံ ဒဿနပညာ သိပ္ပံပညာ အနုပညာ လူမှုသိပ္ပံပညာ စသော ဘာသာရပ် ပေါင်းစုံ ပွင့်လန်းရာ ဥယျာဉ်သာ ကြီးလိုပဲ ဖြစ်လို့ အင်္ဂလိပ်ဘာသာစကား ကို လဲ နက်နက်နဲနဲ ဖတ်ရှု လေ့လာနိုင်ဖို့လဲ လိုပါလိမ့်မယ်။ ဒါအပြင် မိမိ ကျင့်သုံးအားထုတ်သော ဓမ္မတရား နဲ့ဆိုင်တဲ့ ဘာသာစကားတွေ ကို လဲ သိမှတ်နားလည်နိုင်ဖို့လဲ လိုပါလိမ့်မယ်။ မိမိ ကိုယ်ပိုင် ဝေဖန်ဆုံးဖြတ်နိုင်ဖို့ အတွက် ဝေဖန်ဆန်းစစ်တွေးခေါ်နိုင်စွမ်း (Critical Thinking Skill) လဲ လိုပါလိမ့်မယ်။



ဒါဆိုရင် မေးစရာ တစ်ခုရှိတယ်။ ဘာသာရှိသူတွေ လဲ အလွယ်ရောက်နိုင်တဲ့ ခရီးတစ်ခုကို ဘာသာလွတ်သူ က ဘာလို့ ခက်ခက်ခဲခဲ သွားဖို့ ကြိုးစားနေရတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းအတွက် အဖြေက သုံးပိုင်း ရှိတယ်။



ပထမပိုင်း အဖြေ ကတော့ ဘာသာလွတ်သူတွေ ဟာ ဘာသာရှိသူတွေ ထက်စာရင် ကိုယ်ရည်ကိုယ်သွေးပြင်းထန်သူတွေ တစ်သီးတစ်သန့် ဖြစ်သူတွေ သူတစ်ပါးကို မယုံတတ်သူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာသာရေး အင်စတီကျူးရှင်း တွေ ဟာ နှစ်ထောင်ချီတဲ့ ဓမ္မရတနာတွေ ကို သယ်ဆောင်လာတာ ဖြစ်သလို ဒီအထဲ မှာ မိမိ ဓမ္မခရီး အတွက် မလိုအပ်တဲ့ အမှိုက်သရိုက်တွေ လဲ ပါနေနိုင်ပါတယ်။ ဓမ္မတရား တစ်ရပ် ကို မျက်စိစုံမှိတ် လက်ခံတာထက် အသေအချော စိစစ်ရွေးချယ် ကျင့်သုံးအပ်တယ်လို့ ဘာသာလွတ်သူတွေ ကခံယူပါတယ်။



ဘာသာတရားအသီသီး ဟာ ပဒေသရာဇ်ခေတ် ယဉ်ကျေးမှုနောက်ခံ မှာ ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်သလို ခေတ်သစ် လောက ရဲ့ သိပ္ပံပညာ နဲ့ အခြားသော အဆင့်မြင့်ပညာရေးတွေ မထွန်းကားသေးခင်မှာ ပေါ်ပေါက်ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဘာသာတရားတွေ ရဲ့ အထည်ကိုယ် မှာ ဒီ ပဒေသရာဇ်ခေတ် ယဉ်ကျေးမှုနောက်ခံကာလက လူမှုရေး တန်ဖိုးတွေ ကိုယ်ကျင့်တရားတန်ဖိုးတွေ ကပ်ပါနေမှာ အမှန်ပါပဲ။ ခေတ်မမီတော့တဲ့ လောကအမြင် ဘ၀အမြင်တွေ လဲ ပါနေမှာပါပဲ။ ဘာသာလွတ်သူ ဟာ ဒါတွေ ကို စေ့ငုလေ့လာပြီးတော့ စွန့်ဖို့ လိုအပ်ရင် သံယောဇဉ်မထားပဲ မတွယ်တာပဲ လွတ်လွတ်ကျွတ်ကျွတ်ကြီး စွန့်ပစ်ရဲတဲ့ သူလဲ ဖြစ်ပါတယ်။ ဘာသာရှိသူ တစ်ယောက်က ဝေေ၀၀ါးဝါးနဲ့ ချီတုံချတုံ ဖြစ်နေမဲ့ ကိစ္စမျိုးတွေ မှာ ဘာသာလွတ်သူ က ရဲရင့်တဲ့ ခြေလှမ်း ကို လှမ်းမှာပါပဲ။



ဘာသာလွတ်သူ ရဲ့ အမြင်မှာ ဘာသာရေး ဟာ အသုံးချရမဲ့ ကိရိယာပဲ ဖြစ်တယ်။ စင်ပေါ်တင်ပြီးဖူးဖူးမှုတ်ထားရမဲ့ အရာမဟုတ်ဘူးလို့မြင်တယ်။ တစ်ဖက်ကမ်းကို ကူးဖို့လှေလို နံရံကို ကျော်တက်ဖို့ လှေကား လို ပဲ သုံးရမဲ့အရာ လို့မြင်ပါ တယ်။ အသုံးချရမဲ့ ကိရိယာ ဆိုတာ အသုံးကျဖို့လိုတယ် လက်တွေ့ကျကျ အကျိုးရှိဖို့လိုတယ်လို့ မြင်ပါတယ်။ ဘာသာရေးဟာ လူသား အကျိုးအတွက် တည်ရှိနေတာ ဖြစ်ပြီးတော့ လူဟာ ဘာသာရေး အကျိုးအတွက် တည်ရှိနေတာ မဟုတ်ဘူး လို့မြင်ပါတယ်။



ဒုတိယပိုင်း အဖြေ ကတော့ ဘာသာရှိသူတွေ ရဲ့ ဓမ္မခရီးဟာ Package Tour နဲ့တူပါတယ်။ အားလုံး က အစ မှ အဆုံး အတိအကျပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်လို့ အထူးတလည် လုပ်စရာမရှိပဲ ခေါ်တဲ့နောက်လိုက် ကျွေးတာစား ပြောပြတာ နားထောင် ဆိုတာမျိုး ပါပဲ။ ဘာသာလွတ်သူတွေ ရဲ့ ဓမ္မခရီးက Free Individual Tour နဲ့တူပါတယ်။ အတိအကျ ပြဋ္ဌာန်း သတ်မှတ်ထား တာ ဘာမှ မရှိပဲ မိမိ ဘာသာ တစ်ကိုယ်တော် စူးစမ်းရှာဖွေ သွားရတဲ့ အရသာ ရှိပါတယ်။ သစ္စာတရား ကို ရှုထောင့်အမျိုးမျိုးကနေ ရှာဖွေနေရတာကိုက ဓမ္မခရီးတစ်ခုရဲ့ အလှ ဖြစ်တယ်လို့ ဘာသာလွတ်သူ ကခံယူပါတယ်။



ဒီနေ့ ကမ္ဘာလောကကြီးဟာ တိုင်းပြည်နိုင်ငံပထ၀ီ နယ်နမိတ်တွေ ကျုံ့လို့ တစ်လောကလုံး ရွာကြီးတစ်ရွာလို ဖြစ်လာခဲ့ပါပြီ။ အင်တာနက် နဲ့ ဂြိုဟ်တု ဆက်သွယ်ရေး စံနစ်တွေ ကြောင့် ဘာသာတရားတွေ ယဉ်ကျေးမှုတွေ ဟာ အပြန်အလှန်မြင်ခွင့် လေ့လာခွင့် ရတဲ့ ကာလဖြစ်နေပါပြီ။ ဓမ္မတရားအသီးသီး က လဲ ဘူဖေးစားပွဲကြီးလို လူသားရဲ့ ရှေ့မှာ အဆင်သင့် ရှိနေ ခဲ့ပါပြီ။ ဒီလို အခြေအနေမှာ ပန်းဥယျာဉ်ထဲ က ပန်း မာလ် အမျိုးမျိုးရဲ့ ၀တ်ရည် ကို သောက်ယူနိုင်တဲ့ ပျားတို့ ပမာ ကျင့်ကြံသင့်တယ်လို့ ဘာသာလွတ်သူ က မြင်ပါတယ်။



ဓမ္မတရားတစ်ခု ဟာ ကိုယ်ပိုင် အရသာတစ်ခု စီနဲ့ စိတ်ဝိညာဏ် ကို အာဟာရ ဖြစ်စေပါတယ်။ ဓမ္မတရားတွေ ရဲ့ အသုံးဝင်မှု ဟာ အသုံးချတတ်သူ ရဲ့ ကျွမ်းကျင်လိမ္မာမှု အပေါ်ပဲတည်တယ်လို့ ဘာသာလွတ်သူ က မြင်ပါတယ်။ ဓမ္မတရားတွေ ရဲ့ မတူခြားနားကွဲပြားမှု ကို မြင်သလို့ ဓမ္မတရားတွေ ရဲ့ ယေဘုယျ ဆင်တူမှု သဘောတွေ ကို လဲ မြင်ပါတယ်။ ဘာသာလွတ် သူ ဟာ ဓမ္မတရားတွေ ကို ကြည့်တဲ့အခါ အပေါ်ယံခြားနားမှုတွေ အောက်က တရားကိုယ်သဘော ကိုပဲ ကြည့်ပြီး ဓမ္မကို သေသေချာချာ အနက်ထင်အောင် ဖွင့်ဆိုကျင့်သုံးသူ သာ ဖြစ်ပါတယ်။



တတိယပိုင်း အဖြေကတော့ ဘာသာလွတ်သူတို့ရဲ့ လမ်းဟာ ထောင်စုသစ်ရဲ့ ဓမ္မခရီးလမ်းအသစ်ဖြစ်တဲ့ ဘာသာရေး ဗဟုဝါဒ (Religious Pluralism) ကို ဖေါ်ဆောင်နေလို့ပါပဲ။ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဆိုတာ မတူကွဲပြားတဲ့ ဗဟုသဘော ဆောင်တဲ့ ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေ တန်ဖိုးတူ စင်ပြိုင်ရပ်တည်နေနိုင်မှု ကို ၀မ်းမြောက်ကြိုဆို လက်ခံ ကျင့်သုံးနိုင်ခြင်း အပေါ်မှာ ပဲ အခြေခံလို့သာတည်ဆောက်နိုင်တယ် လို့ ဘာသာလွတ်သူတွေက စွဲမြဲစွာ ယုံကြည်ပါတယ်။



ဘာသာရေးယဉ်ကျေးမှုအမွေအနှစ်တွေ ဟာ လူမျိုးတစ်မျိုး ဒေသတစ်ခုနဲ့ တင် သက်ဆိုင်တာမဟုတ်ပဲ လူသားအနွယ် လူ့မိသားစု တစ်ခုလုံး ရဲ့ အမွေအနှစ်တွေ ဖြစ်တယ်လို့ ဘာသာလွတ်သူ က ခံယူတယ်။ အတိတ်ကာလတုန်းကတော့ ဘာသာတရားတွေ တစ်ခုနဲ့တစ်ခု ထိတွေ့ကြတဲ့အခါ တစ်ဖက်ကိုတစ်ဖက် က ယှဉ်ပြိုင်အနိုင်ယူ လိုခဲ့ကြတယ်။ မိမိ ရဲ့ ဘာသာတရား ကို ပဲ တစ်လောကလုံး ယုံကြည်ကိုးကွယ်စေချင်ခဲ့ကြတယ်။ ဒီ စိတ်သဘောထား ဟာ လောက ရဲ့ သာယာ ငြိမ်းချမ်းမှု ကို အန္တရာယ်ဖြစ်စေကြောင်းကို လူသားတွေ သိခဲ့ကြပါပြီ။



မျက်မှောက်ခေတ် ကာလ အတွက် အသင့်တော်ဆုံး နဲ့ အမှန်ကန်ဆုံး လောကရဲ့ ငြိမ်းချမ်းရေးနဲ့ အလျှော်အဖြစ်ဆုံး ဘာသာရေး ရပ်တည်ချက် ကတော့ ဘာသာရေး ဗဟုဝါဒ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။ ဘာသာတရားတွေ ဟာ ရင်းမြစ် အမျိုးမျိုးကနေ ပေါ်ထွက်လာခဲ့ကြတာ ဖြစ်လို့ မတူညီတဲ့ လမ်းစဉ်တွေ မတူညီတဲ့ ပန်းတိုင်တွေ ရှိနေကြတယ်ဆို တာ လေးနက်စွာ လက်ခံရမဲ့ အမှန်တရား ပဲ ဖြစ်ပါတယ်။ ဘာသာရေး ဗဟုဝါဒ ရဲ့ အမြင်အရ ဒီ ဘာသာရေးဗဟုသဘော ကို လက်ခံရုံ မက ဒီလို ဘာသာတရားတွေ ကွဲပြားခြားနား စွာနဲ့ တန်ဖိုးတူ ယှဉ်ပြိုင်ရပ်တည်မှု ဟာ လိုလားတောင့်တသင့်တဲ့ အခြေအနေဖြစ်တယ်ဆိုတာ ကို လက်ခံရမှာ ဖြစ်တယ် လို့ ဘာသာလွတ်သူ က ရှု မြင်သုံးသပ်ပါတယ်။အနာဂတ်ရာစုနှစ်တွေ မှာ ဘာသာလွတ်နည်းနဲ့ ဓမ္မခရီး ကို လျှောက်လှမ်းသူတွေ များသထက် များလာနိုင်လိမ့်မယ် ဒီလို များပြားတိုးတက်လာရင် ဘာသာရေးအစဉ်အလာ တွေ အချင်းချင်း အပြန်အလှန်နားလည်မှု လေးစားမှုတွေ တိုးတက်ဖြစ်ပွား လာပြီးတော့ ဘာသာရေး ဟာ လူဘောင်လောက တစ်ခုလုံး ကို ဥာဏ်ပညာ ချစ်ခြင်းမေတ္တာ နဲ့ ထုံမွမ်းစေလို့ ငြိမ်းအေးခြင်းရသ ကို အမှန်ပဲ ပေးစွမ်နိုင်မယ်လို့ ဘာသာလွတ်သူ က လေးနက်စွာ ခံယူပါကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်။ ဖေ့ဘွတ်မှ ကိုဌေးဝင်းပို့ပေးခြင်းအား တဆင့်ရှယ်ယာ လုပ်ပါသည်။ခေါင်းစဉ်အား မိမိဆန္ဒအရ ပေးထားခြင်းသာဖြစ်ကြောင်းဝန်ခံအပ်သည်။

---
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
လွမ်းနေသူ®