န၀င်းမပြည့်တဲ့ ကိုးးးး
တစ်
မြင်းရိုင်းတစ်ကောင်စီးပြီး
လာခဲ့တဲ့ ၀င်္ကဘာလမ်းမှာ
သေနတ်တစ်ချက်တော့ ဖောက်ပရစေ…
မြင်းရိုင်းကို ထိမ်းချုပ်ရတာ လွယ်အောင်လို့
သက်သက်ပါဘဲ့ ကောင်မလေး……..
နှစ်
တုတ်တစ်ချောင်းကို ကုန်းကောက်ပြီး
မြေပြင်မှာ ခြစ်ခဲ့မိတယ်..
အရုပ်ထင်ခဲ့ပေမယ့် မတည်မြဲပါဘူး…..
ရေပြင်မှာ ရေးခဲ့မိရင်
မတည်မြဲဘူးဆိုတာပါ မရှိဘူးဆိုတာ သိခဲ့သင့်တာ
ငါကိုယ်တိုင် ငါ့ဘ၀ အတွက်
သက်သက်ပါဘဲ ကောင်မလေး…
သုံး
ကိုယ်လမ်းကိုယ်ဖောက်တယ်
ကိုယ့်ဘ၀ ကိုယ်လျောက်ရဲတယ်ဆိုပြီး
လူတွေကြားမှာ အမေက ခေါင်းမော့ခဲ့တယ်
ကြိုးစားမှုဆိုတာ တကယ်တော့
ရှုံးနိမ့်ခဲ့ခြင်းတွေအတွက် မှ မဟုတ်တာကို
ငါ အောင်မြင်ချိန်မှာ မျက်နှာမော်ကြွားထားတယ် ထင်ရပေမယ့်
လူတွေမသိအောင်
ငိုရှိုက်ခဲ့ရတဲ့ ညတွေအတွက်
ငါ့လမ်းငါဖောက်တာကို ပင်ပန်းတယ်လို့ကို မထင်မိဘူး။
လေး
ငရဲသွားချင်လို့ လျောက်ခဲ့တဲ့လမ်း
သေချာတယ် နဲနဲတော့ ကြမ်းမှာပေါ့
ကျောပေါ်က တက်တူးပြရုံနဲ့တော့
ဝီစကီသောက်တတ် ရုံနဲ့တော့(……)
ကွမ်းတံတွေးနဲ့ မျက်နှာကို ဖြတ်ခနဲ
ထွေးလိုက်တယ်…
ငရဲသွားတဲ့လမ်း ရဲရုံ
သက်သက်ပါဘဲကောင်မလေး
ငါး
မျက်နှာမှာ ပေါင်ဒါအစစ် တစက်ချ
ခန္ဓာ ကိုယ်ကို သန့်ရှင်းအောင်လုပ်
စိတ်ဓါတ်က ဟောင်းလောင်း
ခံစားမှု့မဲ့သူတွေ အတွက်တော့
ခံစားမှု သက်သက်တော့(ငါ့ကဗျာကို)
မပေးပရစေနဲ့ ကောင်မလေး
ခြောက်
ရထားတစ်စင်းပေါ်ကလ
လပေါ်က ရထား
တန်ဖိုးချင်းမတူဘဲ
ရထားတစ်စင်းပေါ်မှာ ထိုင်လိုက်လာတဲ့
အကျွန်ုပ်စိတ်ကရော……….
တစ်ခါတစ်လေ ရထားပေါ်က လ တစ်စင်းနဲ့
တစ်ညလုံး စကားတွေ ပြောခဲ့ကြတယ်။
သို့ပေသည့်……
ကျုပ်စိတ်ကို လွတ်မြောက်အောင်
ဗလာကျည်တစ်တောင့် ထပ်ဖေါက်လိုက်တယ်
ခြိမ်းခြောက်မှု သက်သက်ပါဘဲ ကောင်မလေး
ခုနစ်
လူ့ဘ၀ဆိုတာ
မဟူရာ ဆံကေသာပေါ်က
ဆံနွယ်တစ်ချောင်း လောက်တော့
ကျွတ်မသွားခင် အထိ တန်ဖိုးထားခံရသင့်တယ်
လူ့ခြေနင်းဘတ်ရောက်မှ ရွံရှာတာတော့
ရွံရှာပလေ့စေ
ကောင်မလေး
ရှစ်
ငါ့ကဗျာဆိုတာ
ကာရန် နဘေ
လူ့ကျင့်ဝတ် လူ့ထုံး
တရားမှု မတရားမှုတွေ
ဖြစ်သင့်ခြင်း မဖြစ်သင့်ခြင်း
အားလုံးထဲက လွတ်မြောက်ချင်တာ
သက်သက်ပါဘဲ ကောင်မလေး
ကိုး
န၀င်းဖြစ်ချင်လို့ ကိုးလို့သာ
ရည်ညွန်းလိုက်တာ
ကိုးမဖြစ်တဲ့ န၀င်းသက်သက်
ငါ့အတွက်
ဒိန်းခနဲ တစ်ချက် ထပ်ဖောက်လိုက်တယ်
ကျည်သုံးတောင့်ရယ် လူနှစ်ယောက်ရယ်
ရိုင်းစိုင်းတဲ့ မြင်းတစ်ကောင်ရယ် အတွက်
ငါ့ကျည်သုံးတောင့် တန်ပါတယ်…
ဒါပေမယ့် ဗလာကျည်တွေ ချည်းဘဲ။
--
ပတ္တနာ ဂါထာ
စိရံ တိဌတု။ အသဒ္ဓမ္မော ၀ိနဿတု။
သဒ္ဓမ္မဂရုနော နိစ္စ၊ ဟောန္တုသဗ္ဗေပိ ပါဏိနော။





ကြီးကျယ်မြင့်မြတ်သော ချစ်ခြင်းတရားဟူသည် အဆုံးစွန်ဆုံး ရူးသွပ်ခြင်းဘဲ။သို့သော် ထိုရှုးသွပ်ခြင်းကို မိမိကိုယ်တိုင်တောင်မှ ပြန်လန်ထိန်းချုပ်နိုင်စွမ်း မရှိမှ ကြီးကျယ်မြင့်မြတ်သော ချစ်ခြင်းတရားဟု ခေါ်ဆိုစေအံ့။