Monday, March 5, 2012

ဘုန်းကြီးဝိနည်းတွေများ မေ့နေရောလား


ဘုန်းကြီးဝိနည်းတွေများ မေ့နေရောလား

Show ပွဲမှာလို့များထင်နေရော့လား ဘုန်းဘုန်းတို့


ကျွန်တော် ဘုန်းကြီးတွေ နိုင်ငံရေး လုပ်တာထိ အပြစ်မပြောချင်ပါဘူး ဒါပေမယ့် ဒီလို ရုပ်ပျက်ဆင်းပျက်ကြီးတော့ မဖြစ်သင့်ဘူးထင်တာပဲ။ ဘုန်းကြီးဆိုတာက ဘုရားသားတော် ဖြစ်သလို လူတွေက တလေးတစားနဲ့ ဆက်ဆံခြင်းခံရတဲ့ သူများဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ အနေနှင့် အန်တီစုကို ထောက်ခံတယ်ဆိုရင်တော့ ဒီလိုမျိုး သာသနာ့သိခ္ခာကျလောက်တဲ့ ပုံစံမျိုးတော့ မလုပ်သင့်ပါဘူး။ ဗုဒ္ဒဘာသာလူမျိုးတွေရဲ့ ကိုးကွယ်ရာ ဘုန်းကြီးတွေက ဒီလိုမျိုး စည်းကမ်းပျက်နေတာလားလို့ နိုင်ငံခြားသားတွေ ထင်ကုန်ရင် သာသနာကို ညစ်နွမ်းစေတာပဲ ဖြစ်တယ်။ ဆင်ခြင်ကြပါ။ Myanmar Express မှာ ဓာတ်ပုံများကို ကူးယူထားခြင်းဖြစ်ပါတယ်။

credit :http://yawaitun.blogspot.com
---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
လွမ်းနေသူ®



No comments:

Post a Comment