ကျွန်ုပ်....အဘယ်တရားကို လက်ကိုင်ထားရမည်ပါနည်း။

1.ပါပ လောက အတွင်း နေထိုင်သူ ချင်းချင်း
ထိုသူက မဲတယ် ထိုသူက ဖြူတယ်
ထိုသူက မွဲတယ် ထိုသူက လန်းတယ်
ဘာကြောင့် ကွဲပြားသနည်းဟု
လူ့လောက အမြင် အရင်းစစ်ထုတ်တတ်ကြတဲ့......
ပြီးတော့......
ဘုရားသခင် ပေးသနားတော်မူတဲ့
ဥာဏ်တော်နဲ့ ဘုရားသခင်အကြောင်း
အရင်း စစ်ထုတ်ကြလျှင်
ခင်ဗျားဟာ အမ်မ၀င်တဲ့
လူသားပေတည်း။
2 .အရာအားလုံး
သူ့သဘောသူ
သူ့မနောသူ
ဝိုင်းဝန်းလှည့်ပတ်နေရင်
စာတွေဖတ်တာ မုဒိတာ တရားအတွက် မှ မဟုတ်ကြတာ။
ယုံကြည်ချက် ရိုက်ချိုးခံရတဲ့ တရားကိုလည်း
လှည့်မကြည့် ဖြစ်တော့တာ ကြာပေါ့။
3. ကျေးဇူးပြုပြီး င့ါကို ပြောပေးကြပါ။
လွပ်လပ်မှု့ဆိုတာ ဘာလည်း
တရားမျှတမှု့ဆိုတာ ဘာလည်း
ငါ အသက်ရှင်သန်ခဲ့စဉ်ကာကပတ်လုံး
ငါ ဆိုတာနဲ့ မရင်းနှီးတဲ့ စကားစုကို ပြပါဆိုခဲ့လျှင်.........
4. နောက်နောင် ဘ၀ အကြောင်းလည်း
မတွေးတော ....... (တစ်ခါတစ်လေတော့ သိချင်မိပါရဲ့။)
ဖြစ်ခဲ့ပြီးတဲ့ ဘ၀အတွက်လည်း
မလွမ်းမော........(တစ်ခါတစ်လေတော့ သိချင်မိပါရဲ့။)
အခုလက်ရှိ ရပ်တည်နေတာကရော....
နောင်အတွက်လား ???
တစ်ခါတစ်လေ ရင်းနှီးမှု့တွေ ကြီးခဲ့ရပေမယ့်
ပြန်ရတာတွေ နည်းနေရင်တော့......
အို ......
အသင်လောက......

---
--
ပတ္တနာ ဂါထာ
စိရံ တိဌတု။ အသဒ္ဓမ္မော ၀ိနဿတု။
သဒ္ဓမ္မဂရုနော နိစ္စ၊ ဟောန္တုသဗ္ဗေပိ ပါဏိနော။
--
ပတ္တနာ ဂါထာ
စိရံ တိဌတု။ အသဒ္ဓမ္မော ၀ိနဿတု။
သဒ္ဓမ္မဂရုနော နိစ္စ၊ ဟောန္တုသဗ္ဗေပိ ပါဏိနော။
လွမ်းနေသူ®
No comments:
Post a Comment