Thursday, March 22, 2012

ကျွန်တော်နှင့်သူမကွဲလွဲခြင်းများ

  • ကျွန်တော်နှင့်သူမကွဲလွဲခြင်းများ
  • လွမ်းနေ သူ
    ကြီးကျယ်မြင့်မြတ်သော ချစ်ခြင်းတရားဟူသည် အဆုံးစွန်ဆုံး ရူးသွပ်ခြင်းဘဲ။သို့သော် ထိုရှုးသွပ်ခြင်းကို မိမိကိုယ်တိုင်တောင်မှ ပြန်လန်ထိန်းချုပ်နိုင်စွမ်း မရှိမှ ကြီးကျယ်မြင့်မြတ်သော ချစ်ခြင်းတရားဟု ခေါ်ဆိုစေအံ့။
  • အိမ်မက် နတ်သမီး ရစ်မူးခြင်းတရားမှာ ပျော်ပိုက်နေသမျှကာလပတ်လုံး အဆုံးစွန်ထိ ရူးသွပ်နေအုံးမှာပါဘဲ။
    အဆုံးစွန်ဆုံး ရူးသွပ်မှု့ဆိုတာ တစ်ကယ်တန်း စမ်းစစ်ကြည့်ရင်
    ရစ်မူးခြင်းတရားတွင် အဆုံးသတ်သည်။
    ထိုအတွက်နဲ့ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတရားကရော ဘယ်အတွက်နဲ့ ကြီးမြတ်နိုင်မယ်လဲ။။။
  • လွမ်းနေ သူ ရစ်မူးခြင်းတရား ဆိုတာ အသိစိတ်ကင်းမဲ့ခြင်းတရားတော့ မဟုတ်ပေလောက်ပါဘူး။
    သူဟာ ရာဂမီးကို နဲနဲ တောက်လောင်စေတဲ့ တရားပါဘဲ။ ထိုသို့တောက်လောင်မှသာ လူဟာ
    ကြီးကျယ်မြင့်မြတ်နိုင်မယ်။ လောကမှာ မီးနဲ့ပတ်သက်သမျှသာ အကြီးအမြတ်ဆုံးသော ဖြစ်မယ်။
  • အိမ်မက် နတ်သမီး ပူလောင်ပါတယ် ဆိုတဲ့တရားကြီးက အကြီးအမြတ်ဆုံးဖြစ်မယ်ဆိုရင် တရားဓမ္မဆိုတာ အဘယ်အတွက်
    ထားရှိခဲ့ကြလိမ့်မလဲ။ပူလောင်သူတွေ ချုပ်ငြိမ်းသွားခဲ့တာလဲ တရားဓမ္မကြောင့်ဆိုတာ အမြင်တွေ အကြားတွေနဲ့
    သိခဲ့ကြတာဘဲ။ ပူလောင်ခြင်းဆိုတာ လူကို ခဏတာနိုးထစေတဲ့အရာဖြစ်ပြီး တရားဓမ္မသာလျင်
    ထာဝရ ငြိမ်းချမ်းမှု့ပေးနိုင်မယ့် အရာဖြစ်တယ်။ ထိုအတွက်လောကမှာ အကြီးမြတ်ဆုံးချစ်ခြင်းတရားဆိုတာ
    မရှိဘူး။ အကြီးမြတ်ဆုံး တရားဓမ္မသာ ရှိလိမ့်မယ်။
  • လွမ်းနေ သူ မျက်စိပါဝါကောင်းတဲ့သူမြင်တဲ့ အရောင်နဲ့ မကောင်းတဲ့လူ မြင်တဲ့ အရောင် ကွာနေမှာဘဲ။ အိပ်ခန်းထဲက
    မီးအရောင်ကြောင့် အရောင်ဟာ စိုစွတ်လှတယ်ထင်ပေမယ့် တကယ့်နေရောင်နဲ့ ထိလျင်မွဲခြောက်သွားတတ်
    ပါတယ်။ မိမိတောက်ပတယ်ထင်တဲ့ အရောင်တွေက မှိန်နေတယ်ဆိုတာ နေရောင်ကြောင့်သိလိုက်ရင် အရောင်
    တပ်မက်မှု့ဆိုတာ မရှိသင့်တော့ပါဘူး။ထို့အတူဘဲ မိမိဆုပ်ကိုင်ထားတဲ့ အရာတွေကလည်း ဘာမှ
    မဟုတ်ဘူးဆိုတာ သိမှ မှန်ကန်တဲ့ တရားဓမ္မဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီမှန်ကန်တယ်ဆိုတာလဲ
    ဘယ်အရာပေါ်မှာ
    တည်ခဲ့ကြတာလဲ။ မိမိသန္တာန်မှာဘဲ တည်ရှိခဲ့ကြတာပါဘဲ။ ထိုကဲ့သို့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ သစ္စာတရား
    (မှန်ကန်မှု့) ဆိုတာလည်း မိမိတစ်ဦးတစ်ယောက်ခြင်းမှ လွဲပြီး မည်သူကို မှန်ကန်အောင် လုပ်ပေးနိုင်မှာလဲ။
    အဓိက အကြောင်းအရာမှာ မိမိသန္တာန်နှင့်သာ ဆိုင်သည်။ မိမိက တရားဓမ္မတွင် ပျော်မွေ့သူဖြစ်ပါက
    တရားဓမ္မသည် အကြီးအကျယ်ဆုံးဖြစ်နိုင်သလို၊ မိမိက ရစ်မူးနေခြင်းတွင် ပျော်မွေ့ပါက ရစ်မူးခြင်းသည်သာ
    အကြီးအကျယ်ဆုံးဖြစ်နိုင်ပေမည်။ ရစ်မူးခြင်းတွင် ပျော်မွေ့သူဖြစ်စေ တရားဓမ္မတွင် ပျော်မွေ့သူဖြစ်စေ..ထိုသူ
    နှစ်ဦးနှစ်ယောက်လုံးတွင် မကောင်းမှု့ (sin) ဆိုတာ ရှိနေတာဘဲ။ တစ်ချိန်ထဲမှာ လူတွေက မကောင်းမှု့ရော
    ကောင်းမှု့ရော တစ်ပြိုင်ထဲ လုပ်မိနေကြတာဘဲ။ ထိုအတွက် ထိုမကောင်းမှု့ဆိုတာကို အတင်းလိုက်ပြီး
    ချိုးနှိမ်စရာ မလိုပေဘူး။ အဓိက မကောင်းမှု့လုပ်တယ်ဆိုတာကို မကောင်းမှု့လို့ ဘဲ ရိုးရိုးသားသားမြင်မှ
    လောကမှာ အရိုးသားဆုံးနေထိုင်သူ ဖြစ်လိမ့်မယ်။ ငရ် စိတ်ထဲမှာ ကောင်းမှု့ မကောင်းမှု့ ရှိနေသမျှ
    ကာလပတ်လုံး ဘယ်တော့မှ သစ္စာတရား ဆိုတဲ့ (မှန်ကန်မှု့) ကို တွေ့နိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ
    ဆိုတော့ ငရ်ရင်ထဲမှာ တိုင်းတာစံထားမှု့တွေ ရှိနေသေးလို့ဘဲ။ အရာရာတိုင်းမှာ ကောင်းမှု့လဲ မရှိ ၊
    မကောင်းမှု့လဲ မရှိတဲ့ ဖြစ်ပျက် အစဉ်တွေသာ ရှိကြတာပါဘဲ။ လောကမှာ အထင်ကြီးမှု့၊ အထင်သေးမှု့
    တစ်ခုမှ မရှိဘူးဆိုတာ နားလည်မှ သစ္စာတရား(မှန်ကန်မှု့)ကို နားလည်နိုင်ပေမယ်။
    ထို့အတွက် ကြီးကျယ်မြင့်မြတ်တဲ့ ချစ်ခြင်းတရားဆိုတာ မရှိရင် ကြီးကျယ်မြင့်မြတ်တဲ့ တရားဓမ္မဆိုတာလည်း
    မရှိနိုင်တော့ပါဘူး။
---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
လွမ်းနေသူ®



No comments:

Post a Comment